ၾကားသိသမွ်

စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ဦးနီးပါး KNU/KNLA တပ်မဟာ ၅ ထံ လက်နက်ချအလင်းဝင်

စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ဦးနီးပါး KNU/KNLA တပ်မဟာ ၅ ထံ လက်နက်ချအလင်းဝင်

ရန်ကုန်၊ဒီဇင်ဘာ ၂၈

အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည့် ဖေဖော်ဝါရီလမှ ဒီဇင်ဘာလအတွင်း KNLA ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်

ထိန်းချုပ်ရာနေရာများသို့ အလင်းဝင်ရောက်လာသူ ၄၇ ဦးထိ ရှိလာပြီဖြစ်ကြောင်း KNU/ KNLA အမှတ် ၅ တပ်မဟာ မှတ်တမ်းများ အရ

သိရသည်။

အဆိုပါ လက်နက်ချဝင်ရောက်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို KNLA အမှတ် ၅ တပ်မဟာမှ ပျူငှာစွာ လက်ခံကြိုဆို

ထားကြောင်း၊ လက်နက်ချအလင်းဝင်လာသူများ အိမ်ပြန်ချင်သည်ဖြစ်စေ KNLA တွင် နေထိုင်လိုလျှင်ဖြစ်စေ အတတ်နိုင်ဆုံး စီစဉ်ပေး

ကြောင်း၊ KNLA အမှတ် ၅ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောမူဟဲက ကေအဲန်ယူ-မူကြော် သတင်းစဉ်တွင် ပြောကြားထားသည်။


အကြမ်းဖက် စစ်ကောင်စီသည် အာဏာသိမ်းပြီးသည်မှ စ၍ ၎င်းတို့၏ တပ်သားများကို တင်းကျပ်စွာ သတင်းအမှောင်ချခြင်းများကို

လုပ်ဆောင်ခဲ့ကြောင်း၊ လက်နက်ချအလင်းဝင်လာသူများသည် အပြင်လောကတွင် ဖြစ်ပျက်နေသည့် သတင်းမှန်များကို ရရာနည်းလမ်း

ရှာဖွေကာ ခိုးယူနားထောင်ခြင်း၊ ဖတ်ရှုခြင်းများ ပြုလုပ်ခဲ့ရကြောင်း KNLA သို့ အလင်းဝင်လာသည့် ခမရ ၇၃ လက်အောက်ရှိ တပ်သား

မောင်ထွန်း(အမည်လွှ)က ပြောဆိုသည်။


“ရှေ့တန်းမထွက်ခင်လေးမှ မိဘနဲ့အဆက်အသွယ်ယူဖို့ ဖုန်းတစ်လုံးဝယ်တယ်။ ပြည်တွင်းက ဖြစ်ပျက်နေတဲ့ နိုင်ငံရေးအခြေအနေတွေ ခိုး

ဖတ်တယ်။ ရွာမှာရှိတဲ့ သူငယ်ချင်းတွေကလည်း တပ်ထဲကနေ ထွက်ပြေးဖို့ အကြံပြုတယ်။ တစ်ညမှာ ကျွန်တော်ကင်းစောင့်တာဝန်ကျ

တုန်း လက်နက်ခဲယမ်းအပြည့် သယ်ဆောင်ပြီးထွက်ပြေးတယ်” ဟု ၎င်းက ပြောဆိုသည်။

လက်ရှိအချိန်တွင် KNLA အမှတ် ၅ တပ်မဟာလက်အောက်ရှိ ဒေသကာကွယ် ရေးတပ်များသည် လက်နက်ချ ဝင်ရောက်လာသည့်

အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ကြည်ဖြူစွာ လက်ခံကျွေးမွေးစောင့်ရှောက်လျက်ရှိကြောင်း KNU တပ်မဟာ ၅ က သတင်း

ထုတ်ပြန်သည်။

Zawgyi

စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၅၀ ဦးနီးပါး KNU/KNLA တပ္မဟာ ၅ ထံ လက္နက္ခ်အလင္းဝင္

ရန္ကုန္၊ဒီဇင္ဘာ ၂၈

အၾကမ္းဖက္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားသည့္ ေဖေဖာ္ဝါရီလမွ ဒီဇင္ဘာလအတြင္း KNLA ကရင့္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္

မေတာ္ထိန္းခ်ဳပ္ရာေနရာမ်ားသို႔ အလင္းဝင္ေရာက္လာသူ ၄၇ ဦးထိ ရွိလာၿပီျဖစ္ေၾကာင္း KNU/ KNLA အမွတ္ ၅ တပ္မဟာ မွတ္တမ္းမ်ား အရ သိရသည္။

အဆိုပါ လက္နက္ခ်ဝင္ေရာက္လာသည့္ အၾကမ္းဖက္ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ားကို KNLA အမွတ္ ၅ တပ္မဟာမွ ပ်ဴငွာစြာ လက္ခံႀကိဳဆိုထားေၾကာင္း၊ လက္နက္ခ်အလင္းဝင္လာသူမ်ား အိမ္ျပန္ခ်င္သည္ျဖစ္ေစ KNLA တြင္ ေနထိုင္လိုလၽွင္ျဖစ္ေစ အတတ္နိုင္ဆုံး စီစဥ္ေ

ပးေၾကာင္း၊ KNLA အမွတ္ ၅ တပ္မဟာမႉး ဗိုလ္မႉးခ်ဳပ္ ေစာမူဟဲက ေကအဲန္ယူ-မူေၾကာ္ သတင္းစဥ္တြင္ ေျပာၾကားထားသည္။

အၾကမ္းဖက္ စစ္ေကာင္စီသည္ အာဏာသိမ္းၿပီးသည္မွ စ၍ ၎တို႔၏ တပ္သားမ်ားကို တင္းက်ပ္စြာ သတင္းအေမွာင္ခ်ျခင္းမ်ားကို လုပ္ေဆာင္ခဲ့ေၾကာင္း၊ လက္နက္ခ်အလင္းဝင္လာသူမ်ားသည္ အျပင္ေလာကတြင္ ျဖစ္ပ်က္ေနသည့္ သတင္းမွန္မ်ားကို ရရာနည္းလ

မ္းရွာေဖြကာ ခိုးယူနားေထာင္ျခင္း၊ ဖတ္ရႈျခင္းမ်ား ျပဳလုပ္ခဲ့ရေၾကာင္း KNLA သို႔ အလင္းဝင္လာသည့္ ခမရ ၇၃ လက္ေအာက္ရွိ တပ္သားေမာင္ထြန္း(အမည္လႊ)က ေျပာဆိုသည္။

“ေရွ႕တန္းမထြက္ခင္ေလးမွ မိဘနဲ႔အဆက္အသြယ္ယူဖို႔ ဖုန္းတစ္လုံးဝယ္တယ္။ ျပည္တြင္းက ျဖစ္ပ်က္ေနတဲ့ နိုင္ငံေရးအေျခအေနေတြ ခိုးဖတ္တယ္။

ရြာမွာရွိတဲ့ သူငယ္ခ်င္းေတြကလည္း တပ္ထဲကေန ထြက္ေျပးဖို႔ အႀကံျပဳတယ္။ တစ္ညမွာ ကၽြန္ေတာ္ကင္းေစာင့္တာဝန္က်တုန္း လက္နက္ခဲယမ္းအျပည့္ သယ္ေဆာင္ၿပီးထြက္ေျပးတယ္” ဟု ၎က ေျပာဆိုသည္။

လက္ရွိအခ်ိန္တြင္ KNLA အမွတ္ ၅ တပ္မဟာလက္ေအာက္ရွိ ေဒသကာကြယ္ ေရးတပ္မ်ားသည္ လက္နက္ခ် ဝင္ေရာက္လာသည့္ အၾကမ္းဖက္ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ားကို ၾကည္ျဖဴစြာ လက္ခံေကၽြးေမြးေစာင့္ေရွာက္လ်က္ရွိေၾကာင္း KNU တပ္မဟာ ၅ က သတင္းထုတ္ျပန္သည္။