ၾကားသိသမွ်

TC Candler ၏ ၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာ့အချောမောဆုံး အမျိုးသားအဖြစ် နံပါတ် ၁ နေရာတွင် ပိုင်တံခွန် ရွေးချယ်ခံရ

TC Candler ၏ ၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာ့အချောမောဆုံး အမျိုးသားအဖြစ် နံပါတ် ၁ နေရာတွင် ပိုင်တံခွန် ရွေးချယ်ခံရ

( အောက်ဆုံးတွင်ရုပ်သံကြည့်နိုင်သည်)

TC Candler၏ ၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာ့အချောဆုံးအမျိုးသားအယောက် ၁၀၀ စာရင်းတွင် သရုပ်ဆောင် ပိုင်တံခွန်က နံပါတ် ၁ နေရာမှ

ယနေ့ ဒီဇင်ဘာလ ၂၈ ရက်တွင် ရွေးချယ်ဖော်ပြခံလိုက်ရသည်။


TC Candler ၏ ၂၀၂၀ ခုနှစ်အတွင်း ကမ္ဘာ့အချောမောဆုံး အမျိုးသားအဖြစ် နံပါတ် ၁၀ နေရာတွင် ရပ်တည်ခဲ့သည့် သရုပ်ဆောင်ပိုင်တံခွန်

သည် ဒုတိယအကြိမ်အဖြစ် ကမ္ဘာ့အချောမောဆုံး အမျိုးသားအဖြစ် နံပတ် ၁ နေရာတွင်ဖော်ပြခံရခြင်းလည်း ဖြစ်သည်။

TC Candler မှ ကမ္ဘာ့အချောဆုံးအမျိုးသားများကို 1990 မှစ၍ နှစ်စဉ်ရွေးချယ်ဖော်ပြနေခြင်း ဖြစ်ပြီး ပိုင်တံခွန်နှင့်အတူ မတရား ဖမ်းဆီး

ထောင်ချခံထားရသည့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ဖို့အတွက်လည်း တောင်းဆိုထားသည်။


အာဏာသိမ်းစစ်တပ်က သရုပ်ဆောင် ပိုင်တံခွန်ကို ယမန်နေ့ ဒီဇင်ဘာလ ၂၇ ရက်က အင်းစိန် အထူးတရားရုံးတွင် နိုင်ငံတော် အကြည်ညို

ပျက်စေမှုပုဒ်မ ၅၀၅ (က) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်သုံးနှစ် အမိန့်ချခဲ့သည်။

တရားလိုပြသက်သေ မလာသဖြင့် ပိုင်တံခွန်အား စစ်ဆေးရာ ဆန္ဒပြပွဲများတွင် ပါဝင်ကြောင်း ဝန်ခံသည်ဟု ဆိုကာ အမိန့်ချလိုက်ခြင်း

ဖြစ်သည်ဟု ၎င်းဘက်မှ လိုက်ပါဆောင်ရွက်သည့် တရားလွှတ်တော် ရှေ့နေတစ်ဦးက ပြောဆိုထားပါတယ်။


ဒေသတွင်း နိုင်ငံများတွင်လည်း ပရိသတ် အခိုင်အမာရရှိထားသူဖြစ်သည့် ပိုင်တံခွန် သည် ၅၀၅ (က) ဖြင့် အမှုဖွင့်ခံထားရသဖြင့်

တိမ်းရှောင်နေစဉ် နေမကောင်းသဖြင့် အိမ်သို့ပြန်လာရာက ဧပြီလတွင် ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

ပိုင်တံခွန်ကို နာမည်ဆိုးဖြင့် ကျော်ကြားသည့် အင်းစိန် အကျဉ်းထောင်၏ တိုက် (၂)၊ အခန်း (၆) တွင် ထားရှိသည်။

Video – TC Candler

#ddaychannel

TC Candler ၏ ၂၀၂၁ ခုႏွစ္အတြင္း ကမၻာ့အေခ်ာေမာဆုံး အမ်ိဳးသားအျဖစ္ နံပါတ္ ၁ ေနရာတြင္ ပိုင္တံခြန္ ေရြးခ်ယ္ခံရ

( အောက်ဆုံးတွင်ရုပ်သံကြည့်နိုင်သည်)

TC Candler၏ ၂၀၂၁ ခုႏွစ္အတြင္း ကမၻာ့အေခ်ာဆုံးအမ်ိဳးသားအေယာက္ ၁၀၀ စာရင္းတြင္ သ႐ုပ္ေဆာင္ ပိုင္တံခြန္က နံပါတ္ ၁ ေနရာမွ

ယေန႔ ဒီဇင္ဘာလ ၂၈ ရက္တြင္ ေရြးခ်ယ္ေဖာ္ျပခံလိုက္ရသည္။

TC Candler ၏ ၂၀၂၀ ခုႏွစ္အတြင္း ကမၻာ့အေခ်ာေမာဆုံး အမ်ိဳးသားအျဖစ္ နံပါတ္ ၁၀ ေနရာတြင္ ရပ္တည္ခဲ့သည့္ သ႐ုပ္ေဆာင္ပိုင္တံခြ

န္သည္ ဒုတိယအႀကိမ္အျဖစ္ ကမၻာ့အေခ်ာေမာဆုံး အမ်ိဳးသားအျဖစ္ နံပတ္ ၁ ေနရာတြင္ေဖာ္ျပခံရျခင္းလည္း ျဖစ္သည္။

TC Candler မွ ကမၻာ့အေခ်ာဆုံးအမ်ိဳးသားမ်ားကို 1990 မွစ၍ ႏွစ္စဥ္ေရြးခ်ယ္ေဖာ္ျပေနျခင္း ျဖစ္ၿပီး ပိုင္တံခြန္ႏွင့္အတူ မ

တရား ဖမ္းဆီးေထာင္ခ်ခံထားရသည့္ နိုင္ငံေရးအက်ဥ္းသားမ်ား လြတ္ေျမာက္ဖို႔အတြက္လည္း ေတာင္းဆိုထားသည္။

အာဏာသိမ္းစစ္တပ္က သ႐ုပ္ေဆာင္ ပိုင္တံခြန္ကို ယမန္ေန႔ ဒီဇင္ဘာလ ၂၇ ရက္က အင္းစိန္ အထူးတရား႐ုံးတြင္ နိုင္ငံေတာ္ အၾကည္ညိဳ ပ်

က္ေစမႈပုဒ္မ ၅၀၅ (က) ျဖင့္ အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္သုံးႏွစ္ အမိန႔္ခ်ခဲ့သည္။

တရားလိုျပသက္ေသ မလာသျဖင့္ ပိုင္တံခြန္အား စစ္ေဆးရာ ဆႏၵျပပြဲမ်ားတြင္ ပါဝင္ေၾကာင္း ဝန္ခံသည္ဟု ဆိုကာ အမိန႔္ခ်လိုက္ျခ

င္း ျဖစ္သည္ဟု ၎ဘက္မွ လိုက္ပါေဆာင္ရြက္သည့္ တရားလႊတ္ေတာ္ ေရွ႕ေနတစ္ဦးက ေျပာဆိုထားပါတယ္။

ေဒသတြင္း နိုင္ငံမ်ားတြင္လည္း ပရိသတ္ အခိုင္အမာရရွိထားသူျဖစ္သည့္ ပိုင္တံခြန္ သည္ ၅၀၅ (က) ျဖင့္ အမႈဖြင့္ခံထားရသျဖင့္ တိ

မ္းေရွာင္ေနစဥ္ ေနမေကာင္းသျဖင့္ အိမ္သို႔ျပန္လာရာက ဧၿပီလတြင္ ဖမ္းဆီးခံခဲ့ရတာျဖစ္ပါတယ္။

ပိုင္တံခြန္ကို နာမည္ဆိုးျဖင့္ ေက်ာ္ၾကားသည့္ အင္းစိန္ အက်ဥ္းေထာင္၏ တိုက္ (၂)၊ အခန္း (၆) တြင္ ထားရွိသည္။

Video – TC Candler

#ddaychannel

video credit