ၾကားသိသမွ်

ဝေဟင်တိုက်ခိုက်မှုများအားတန့်ပြန်တိုက်ခိုက်နိုင်ရန် အဝေးပြေး ပုခုံးထမ်းရှော့ဂန်းများ စတင်ထုတ်လုပ်

မြိုင်တွင် အဝေးပြေး ပုခုံးထမ်းရှော့ဂန်းများ စတင်ထုတ်လုပ်

မြိုင်၊ ဒီဇင်ဘာ ၂၇၊ ၂၀၂၁။

မြိုင်မြို့တွင် ယခင်လက်လုပ်မိုင်း တိုက်မိုင်း remove မိုင်းများတီထွင် တိုက်ထုတ်ခဲ့နိုင်ပြီး ဒီဇင်ဘာလ ၂၇ ရက်နေ့ကစ၍ ယခုအခါ အဝေး

ပြေးရှေ့ဂန်းများဆက်လျှက် ထုတ်လုပ်နေကြောင်း MVRF ထံကသိရပါတယ်။

အဆိုပါ လက်နက်များမှာ အကွာအဝေး တမိုင်ခန့်အထိ ပစ်လွှတ်နိုင်ကြောင်း စစ်ကောင်စီသည် မြေပြင်တွင် ထိပ်တိုက်ရင်မဆိုင်ရဲ

သည့်အတွက် ဝေဟင်တိုက်ခိုက်မှုများအား ဆက်တိုက်လုပ်နေပြီး ယင်းကို တန့်ပြန်တိုက်ခိုက်နိုင်ရန် အခြားနည်းပညာများကိုလည်း

လေ့လာနေကြောင်း ယင်းအဖွဲ့ထံက သိရသည်။


“ကျနော်တို့ လက်လုပ် RPG လည်း နည်းပညာရထားပါတယ်၊ နောက်ပြီးတော့ပုခုံးထမ်း ရှော့ဂန်း အဝေးပြေးကိုလည်း စတင်ပြီးတော့

လှုပ်ရှားဆောင်ရွက်နေပြီဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ပြီးစီးအောင်မြင်နိုင်တဲ့အနေအထားမရှိသေးဘူးပေါ့၊ အခုတော့ ကျနော်တို့ထိုက်သင့်

အားလျှော်စွာနဲ့ဆောင်ရွက်နေပြီးဖြစ်ပါတယ်။” ဟု MVRF ဥက္ကဌ ဦးအောင်ဇေယျက မြေလတ်အသံသို့ပြောသည်။


လက်နက်များ တီထွင်ထုတ်လုပ်ရာတွင် ရဲဘော်များထိခိုက်ဒဏ်ရာရရှိမှုများလည်း ရှိခဲ့ပြီး စစ်ကောင်စီကို အမြစ်ပြတ် ချေမှုန်းနိုင်ရန်

နောက်မဆုတ်တမ်း ဆက်လက်လုပ်ဆောင်နေကာ ငွေကြေးကုန်ကျမှုများလည်း များစွာရှိပြီး လိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။

#မြေလတ်အသံ

Zawgyi

ၿမိဳင္တြင္ အေဝးေျပး ပုခုံးထမ္းေရွာ့ဂန္းမ်ား စတင္ထုတ္လုပ္

ၿမိင္၊ ဒီဇင္ဘာ ၂၇၊ ၂၀၂၁။

ၿမိဳင္ၿမိဳ႕တြင္ ယခင္လက္လုပ္မိုင္း တိုက္မိုင္း remove မိုင္းမ်ားတီထြင္ တိုက္ထုတ္ခဲ့နိုင္ၿပီး ဒီဇင္ဘာလ ၂၇ ရက္ေန႔ကစ၍ ယခုအခါ အေ

ဝးေျပးေရွ႕ဂန္းမ်ားဆက္လၽွက္ ထုတ္လုပ္ေနေၾကာင္း MVRF ထံကသိရပါတယ္။

အဆိုပါ လက္နက္မ်ားမွာ အကြာအေဝး တမိုင္ခန႔္အထိ ပစ္လႊတ္နိုင္ေၾကာင္း စစ္ေကာင္စီသည္ ေျမျပင္တြင္ ထိပ္တိုက္ရင္မဆိုင္ရဲသည့္အတြက္ ေဝ

ဟင္တိုက္ခိုက္မႈမ်ားအား ဆက္တိုက္လုပ္ေနၿပီး ယင္းကို တန႔္ျပန္တိုက္ခိုက္နိုင္ရန္ အျခားနည္းပညာမ်ားကိုလည္း ေလ့လာေနေၾကာင္း

ယင္းအဖြဲ႕ထံက သိရသည္။

“က်ေနာ္တို႔ လက္လုပ္ RPG လည္း နည္းပညာရထားပါတယ္၊ ေနာက္ၿပီးေတာ့ပုခုံးထမ္း ေရွာ့ဂန္း အေဝးေျပးကိုလည္း စတ

င္ၿပီးေတာ့လႈပ္ရွားေဆာင္ရြက္ေနၿပီျဖစ္ပါတယ္။ ဒါနဲ႔ပတ္သက္လို႔ ၿပီးစီးေအာင္ျမင္နိုင္တဲ့အေနအထားမရွိေသးဘူးေပါ့၊ အခုေတာ့

က်ေနာ္တို႔ထိုက္သင့္အားေလၽွာ္စြာနဲ႔ေဆာင္ရြက္ေနၿပီးျဖစ္ပါတယ္။” ဟု MVRF ဥကၠဌ ဦးေအာင္ေဇယ်က ေျမလတ္အသံသို႔ေျပာ

သည္။

လက္နက္မ်ား တီထြင္ထုတ္လုပ္ရာတြင္ ရဲေဘာ္မ်ားထိခိုက္ဒဏ္ရာရရွိမႈမ်ားလည္း ရွိခဲ့ၿပီး စစ္ေကာင္စီကို အျမစ္ျပတ္ ေခ်မႈန္းနိုင္ရန္ ေနာက္မ

ဆုတ္တမ္း ဆက္လက္လုပ္ေဆာင္ေနကာ ေငြေၾကးကုန္က်မႈမ်ားလည္း မ်ားစြာရွိၿပီး လိုအပ္ေနဆဲျဖစ္ေၾကာင္း သိရသည္။

#ေျမလတ္အသံ