ၾကားသိသမွ်

ငွေကြေးကောက်ခံနေသော စံပြ ပြည်သူ့စစ်အဖွဲ့ကို KIA တိုက်ခိုက်ပြီး ကား ၁ စီး နှင့် လက်နက်များသိမ်းယူ

ငွေကြေးကောက်ခံနေသော စံပြ ပြည်သူ့စစ်အဖွဲ့ကို KIA တိုက်ခိုက်ပြီး ကား ၁ စီး နှင့် လက်နက်များသိမ်းယူ

ဖားကန့်မြို့နယ် လီဒိုလမ်းမပေါ် ရှဒူးဇွပ်ကျေးရွာအနီး စံပြကျေးရွာ၏ အနောက်ဘက်ခြမ်း လမ်း ၄ ဆုံနေရာတွင် ယနေ့နံနက် ၁၁ နာရီ

ဝန်းကျင်ခန့်က စစ်ကောင်စီအောက် ပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပြည်သူ့စစ်အဖွဲ့သည် KIA အဖွဲ့ရှိရာ လောဒ်ဂျာမှော်ဘက်အထိ စစ်ရေးလှုပ်ရှားမှုများပြုလုပ်လာသည်သာမက ပြည်သူများထံမှ ငွေကြေး

ကောက်ခံမှုများပြုလုပ်နေသဖြင့် KIA တပ်ရင်း (၁၄)အဖွဲ့မှ သွားရောက်ပစ်ခတ်ခဲ့သည်ဟု ဒေသခံပြည်သူတစ်ဦးက KNG သတင်းဌာနကို

ပြောဆိုခဲ့သည်။

“ကျနော်တို့မှာ စံပြကျေးရွာရဲ့ အနောက်ဘက်ခြမ်းမှာ လမ်း ၄ ဆုံဆိုတာရှိတယ်။ အဲ့ဒီလမ်း ၄ရဲ့ ပတ်လည်မှာ ဆိုင်ဖွင့်ပြီး နေကြတဲ့ ပြည်သူ

တစ်ချို့ရှိတယ်။ ပြည်သူ့စစ်အဖွဲ့က သူတို့ဆီက ငွေတွေလိုက်လံတောင်းတယ်လို့ သိရတယ်။ ပြီးရင် KIA က အနီးမှာဘဲရှိတယ်။ KIA ရှိတာ

ကို နယ်မြေကျူးကျော်ချင်လာတဲ့သဘောဖြစ်တယ်။ အဲ့ကြောင့် KIA က သတိပေးလိုက်တဲ့သဘောဖြစ်တယ်”ဟု ပြောဆိုသည်။

ပစ်ခတ်မှုတွင် ပြည်သူ့စစ်အဖွဲ့မှ ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်းနှင့် KIA ဘက်မှ ပြည်သူ့စစ်အဖွဲ့၏ 4W ကားတစ်စီးနှင့် လက်နက်

အချို့ သိမ်းယူသွားကြောင်း သိရသည်။

ထိုနောက် ယနေ့ ပတ်ခတ်မှုဖြစ်ပွားနေချိန်တွင် စံပြကျေးရွာတွင် အခြေစိုက်ထားသည့် ပြည်သူ့စစ်တပ်စခန်းနှင့် ရှဒူးဇွပ်ကျေးရွာတွင်

အခြေစိုက်ထားသော ခလရ (၂၉၈)တပ်ရင်းမှ KIA ရှိသည့်ဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုပြုလုပ်ခဲ့ကြောင်းလည်း သိရ

သည်။

ယနေ့ ညနေပိုင်းတွင်မူ စစ်ကောင်စီ ကား ၂ စီးဖြင့် စံပြပြည်သူ့စစ်စခန်းသို့ စစ်အင်အား တိုးချဲ့ထားကြောင်း ဒေသခံများထံမှ သိရသည်။

Source;KNG