ၾကားသိသမွ်

ဘက်အားလုံးက အပစ်အခတ်ရပ်စဲရန် ကုလအထူးကိုယ်စားလှယ်Ms. Noeleen Heyzer တောင်းဆို

ကရင်နှင့် နိုင်ငံတဝန်းကျယ်ပြန့်လာသော အကြမ်းဖက်မှုများအပေါ် လွန်စွာစိုးရိမ်ကြောင်းနှင့် ဘက်အားလုံးက အပစ်အခတ်ရပ်စဲရန် ကုလ

အထူးကိုယ်စားလှယ် တောင်းဆို

—People’s Spring

ကရင်ပြည်နယ်နှင့် နိုင်ငံတဝန်းဆက်လက် ကျယ်ပြန့်လာသော အကြမ်းဖက်မှုများအပေါ် လွန်စွာစိုးရိမ်ကြောင်းနှင့် ဘက်အားလုံးက အပစ်

အခတ်ရပ်စဲပေးရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာအထူးကိုယ်စားလှယ် Ms. Noeleen Heyzer က ထုတ်ပြန်တောင်းဆို လိုက်

သည်။

ယနေ့(ဒီဇင်ဘာ ၂၇ရက်)ထုတ်ပြန်သော ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၏

ကြေညာချက်၌ မြန်မာပြည်သူများသည် လွန်စွာဆိုးရွားမှုကိုခံစားနေကြရပြီး COVID-19 ကြောင့် လူမှုစီးပွားရေးနှင့် လူသားချင်းစာနာမှု

အခြေအနေများလည််း ပိုဆိုးလာကြောင်း ဖော်ပြသည်။


“ဒီလိုဘေးဒဏ်သင့်မြန်မာပြည်သူတွေအတွက် သေနတ်သံတွေ တိတ်ဆိတ်သွားဖို့လိုအပ်ပြီး ပြည်သူတွေကို အကာအကွယ်ပေးဖို့

အကြီးအကျယ်လိုအပ်နေပါတယ်”ဟု အထူးကိုယ်စားလှယ် Ms. Noeleen Heyzer က ကြေညာချက်၌ ဖော်ပြသည်။

မြန်မာပြည်သူများ၏ အကျိုးစီးပွားနှင့် ဘဝများအတွက် ဘက်အားလုံးက အတတ်နိုင်ဆုံးထိန်းချုပ်ပြီး ငြိမ်းချမ်းစွာအဖြေရှာရန် ကုလသမဂ္ဂ

လုံခြုံရေးကောင်စီ၏ တောင်းဆိုချက်နှင့် ချက်ချင်းအကြမ်းဖက်မှုရပ်တန့်ရေး အာဆီယံ၏ ဘုံဆုံးဖြတ်ချက် ၅ ရပ်ကို အထူးကိုယ်စားလှယ်

က ထပ်လောင်းတောင်းဆိုသည်။


အရပ်သားများကို အကာအကွယ်ပေးရေး၊ လွတ်လပ်စွာသွားလာရေးအတွက် နိုင်ငံတကာလူသားချင်းစာနာမှုနှင့်လူ့အခွင့်အရေးပြဌာန်းချက်

များကို လိုက်နာရန်လည်း ကုလအထူးကိုယ်စားလှယ်က တောင်းဆိုသည်။ အကြမ်းဖက်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသူများကို

လိုအပ်သည့် လူသားချင်းစာနာမှုအကူအညီများပေးနိုင်ရေးအတွက်လည်း အထူးကိုယ်စားလှယ်က တောင်းဆိုသည်။

ကုလအထူးကိုယ်စားလှယ်က ၎င်း၏ တာဝန်စတင်ထမ်း​ဆောင်သည့် ယခုလလယ်မှစတင်ကာဘက်ပေါင်းစုံမှ အကြံဥာဏ်များရယူကာ

ဆက်လက်ဖြစ်ပွားနေဆဲ မြန်မာ့အကျပ်အတည်း ဆွေးနွေးဖြေရှင်းရေးအတွက် ကြိုးပမ်း​ဆောင်ရွက်နေကြောင်း ထုတ်ပြန်ချက်၌

ဖော်ပြသည်။

သို့ရာတွင် အကြမ်းဖက်စစ်ကောင်စီက ယခင်ကုလအထူးကိုယ်စားလှယ်၏ နေပြည်တော်ရုံးကို ပိတ်သိမ်းကြောင်း မကြာသေးခင်က

ကြေညာခဲ့ပြီး ယခုကုလအထူးကိုယ်စားလှယ်ကို ရုံးခန်းဖွင့်လှစ်ခွင့်မပေးသေးပေ။

#လူထုနွေဦး