ၾကားသိသမွ်

လေးကေ့ကော်ဖြစ်စဉ် NUGကို ဝေဖန်နေချိန် စစ်ကိုင်းမှာ စစ်ကောင်စီမှ စတင်သွေးခွဲပြီ

လေးကေ့ကော်ဖြစ်စဉ် NUGကို ဝေဖန်နေချိန် စစ်ကိုင်းမှာ စစ်ကောင်စီမှ စတင်သွေးခွဲပြီ

စစ်ကောင်စီကြင်စိုးသားများမှ ဘုတလင်မြို့ကိုစွန့်ခွာသွားကြဖို့ စာရွက်များ ဒေသသကာကွယ်ရေးအဖွဲ့ မှ လုပ်သည့်ဟု ထင်ယောင်ထင်မှား

ဖြစ်အောင် စာရွက်များ လမ်းပေါ်တွင် ဖြန့်ကျဲထား

ဒီဇင်ဘာလ ၂၇ ရက်

ယနေ့ နံနက်ပိုင်းအစောပိုင်းတွင် လမ်းမများပေါ်တွင် ဘုတလင်မြို့ကို စွန့်ခွာကြဖို့ဆိုပြီး မဟုတ်မမှန်စာရွက်များ ဖြန့်ကျဲ ချထားသည်ဟု ဘု

တလင်ဒေသခံ တစ်ဦး၏ ပြောပြချက်အရသိရသည်။

” မနေ့ညကလည်း ဘုတလင်မြို့ပေါ်မှာ တစ်ညလုံး စစ်ကောင်စီကြင်စိုသားတွေ ဘဲ ပတ်သွားနေတာပါ ဒီကိစ္စကသူတို့ဘဲလုပ်တာ လမ်းပေါ်

မှာ သူတို့ဘဲရှိနေတာ” လို့ ဘုတလင်ဒေခံ အများစု၏ ပြောပြချက်အရ သိရပါတယ်။


ဒီ မဟုတ်မမှန် အထင်လွဲမှားစေတဲ့ စာရွက်တွေ မနက်အစောပိုင်း (၃) နာရီလောက်မှာ စစ်ကောင်စီ ကြင်စိုးသားတွေ ပစ်ကျဲသွားတာကို

ကိုယ်တိုင်မြင်တွေ့လိုက်ရတယ် ” ဟု လုံခြုရေးအရ အမည်မဖော်လိုတဲ့ မျက်မြင်တွေ့ရှိသူတစ်ဦး ကလည်းပြောပါတယ်။

အဆိုပါ စာရွက်ကိစ္စရပ်များသည် ဒေသကာကွယ်ရေးအဖွဲ့ များ(PDF) မှ လုပ်ဆောင်ခြင်း မဟုတ်ဘဲ စစ်ကောင်စီ ကြင်စိုးသားများ လုပ်

သည်ဟု ပြည်သူ့ကာကွယ်ရေး(PDF) အဖွဲ့ဝင် တစ်ဦးကလည်း အတည်ပြုပြောဆိုပါတယ်။

” ထိုသို့ မဟုတ်မမှန် သတင်းလွင့်ခြင်းဟာ ဘုတလင်ပြည်သူတွေကို အကြောက်တရားဖြင့် သူတို့အုပ်ချုပ်မှု အသာစီးရရှိစေရေးနှင့် ဘုတ

လင်မြို့ကို စွန့်ခွာသွားသူများ လာပါက သူတို့ထိန်းချုပ်မှု ပိုပြီး ထိရောက်ခြင်လို့ လုပ်တာ ဖြစ်တယ် လို့ ပြည်သူ့ကာကွယ်ရေး တပ်သားက

ဆက်ပြောပါတယ်။

မြို့ကို စွန့်ခွာသူတွေ ဘုတလင်မြို့ကို ပြန်လာလျင် သူတို့ တင်းကျပ်စစ်ဆေးပြီး စိစစ်နိုင်အောင်လုပ်နေတာဖြစ်ပြီး ဘုတလင်မိဘပြည်သူတို့

အနေဖြင့် မစွန့်ခွာကြဖို့နှင့် ” ငါတို့မြို့ ငါတို့ပိုင်တယ် ” ဆိုတဲ့ အသိသတိ ဆွဲကိုင်၍ ကိုယ်နေတဲ့ နေရာမှာဘဲ နေထိုင်ပေးကြဖို့” ပြည်သူ့

ကာကွယ်ရေးတပ်သား(PDF) က မေတ္တာရပ်ခံ တောင်းဆိုပါတယ်လို့ မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေး ကိုပြောပါတယ်။

မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေး