ၾကားသိသမွ်

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ ဘိုတုကြင်စိုး မအလ နှင့် ပြည်သူ မည်သူနိုင်မည်နည်း

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ ဘိုတုကြင်စိုး မအလ နှင့် ပြည်သူ မည်သူနိုင်မည်နည်း(ပြည်သူသာ နိုင် လိမ့်မည်)

ကမ္ဘာကြီးဟာ ပြောတော့ လူ့အခွင့်အရေးကို တန်ဖိုးထားတယ်၊ အာဏာရှင်စနစ်ကိုအားမပေးဘူး ၊အကြမ်းဖက်ဝါဒကိုဆန့်ကျင်တယ် ၊ ဒီမိုကရေစီကို တွန်းအားပေးတယ်။ အကြမ်းမဖက်ငြိမ်းချမ်းသောနည်းနဲ့တောင်းဆိုတာ

တရားနည်းလမ်းကျတယ် လို့ ဘယ်လိုပင်ပြောပြော ၊လူ့ယဉ်ကျေးမှုတိုးတက်ပါတယ်လို့ဘယ်လိုပင်ဆိုနေစေကာမူ လူတွေရဲ့စိတ်ထဲမှာ သမိုင်းမတိုင်ခင်ခေတ် နဲ့ကျောက်ခေတ် ကတည်းကရှိခဲ့တဲ့

လူရိုင်းစိတ်ဟာ ပင်ကိုယ် စိတ် Basic Instinct အဖြစ်ရှိနေကြတာ ပါ ။ ပါးစပ်ကဖွင့်မပြောပေမယ့် ခွန်အားသည်သာအမှန်တရား MIGHT IS RIGHT ဆိုတဲ့အယူအဆကို ခုထိ နိုင်ငံကြီးငယ်မရွေးလက်ခံထားကြဆဲပါ ။


အီတလီနိုင်ငံရေးပရောဟိတ် မက်ခီယာဗယ်လီရဲ့ The End Justifies The Means နိုင်တဲ့သူကမှန်တာပဲ ဆိုတဲ့အယူအဆဟာလည်း ခုထိ တရားဝင်မဟုတ်ပဲကြိတ်ပုန်းလက်ခံထားတဲ့ အယူအဆပါပဲ ။

ပြောချင်တာက စစ်ကောင်စီကမှားနေတယ် ပြည်သူတွေက ငြိမ်းချမ်းသောနည်းနဲ့ လမ်းပေါ်မှာ ဆန္ဒပြကြတာ မှန်တယ် ။ ဆန္ဒပြသူတွေမှန်တယ်ဆိုတာ တစ်ကမ္ဘာလုံးသိတယ် ။ ဒါပေမယ့်လေနဲ့အားပေးတာကလွဲရင် ဘယ်သူကမှမကူညီခဲ့ဘူး.။

ဘာ့ကြောင့်ဆို အင်အားသည်သားအမှန်တရား ဆိုတဲ့ လူရိုင်းဝါဒအရ စစ်အင်အားသည် လူထုမှာ မရှိလို့ပဲ ။ စစ်တပ်ကမှားနေသည့်တိုင် အင်အားရှိတဲ့အဖွဲ့အစည်းဆိုတော့ မီးကိုရေနွေးနဲ့ပဲ လောင်းလောင်း ရေအေးနဲ့ပဲလောင်းလောင်း

မီးငြိမ်းရေးဟာအဓိကဆိုတဲ့ မက်ခီယာဗယ်လီ နည်းအရ နိုင်ငံတကာဟာ စောင့်ကြည့်နေခဲ့တယ်။တကယ်လို့များ ပြည်သူလူထုကိုရက်ရက်စက်စက် စစ်တပ်က နှိပ်စက်သတ်ဖြတ်တာကို ပြည်သူလူထုက

ဘာမှပြန်မလုပ်ပဲ ၁၉၈၈ ကလိုလည်စင်းခံခဲ့ကြရင် တစ်လလောက်ကြာလို့တနိုင်ငံလုံး ငြိမ်ဝပ်ပိပြား သွားတဲ့အခါ သေခဲ့ရတဲ့လူ တွေ ကိုမှ အားမနာ ၊သတ်ခဲ့တဲ့ စစ်တပ်ရဲ့ ရာဇဝတ်မှုတွေကိုမှ ထည့်မတွက်ပဲ ”

တပ်မတော်ကအခြေအနေအရပ်ရပ်ကိုတည်ငြိမ်အောင်ထိန်းချုပ်နိုင်ခဲ့ခြင်း ကိုအသိအမှတ်ပြုချီးကျူးပါကြောင်း ” ဆိုပြီး UN အပါအဝင်တစ်ကမ္ဘာလုံးကလေသံထွက်ကြလိမ့်မယ်။ စောမောင်နဲ့သန်းရွှေလူသတ်ခဲ့တာကို ကမ္ဘာကအဲဒိလို ချည်းကပ်ခဲ့တာပဲ ။

အခု ပြည်သူလူထုကမခံပဲပြန်ချကြတော့ တိုက်ပွဲဟာ ဘက်ညီနေတယ် ။ စစ်တပ်က စနစ်တကျလေ့ကျင့်သင်ကြားပေးထားတဲ့ တသွေးတစ်သံတစ်မိန့် စစ်မိစ္ဆာ သိန်းချီပြီးရှိတယ် ။


၁၉၆၂ ကတည်းက တိုင်းပြည်ပညာရေး ကျန်းမာရေး ကိုလစ်လျူရှုပြီးတည်ဆောက်ထားတဲ့စစ်လက်နက်အင်အားရှိတယ် ။ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ အနိုင်ရရင်ပြီးရော ဆိုတဲ့ ယုတ်ကမ်းတဲ့စိတ်ရှိတယ်။

ဒါပေမယ့် ပြည်သူလူထုရဲ့ထောက်ခံမှုမရှိဘူး ။ PDF တွေမှာ LDF တွေ EAO တွေမှာ ဒေသကာကွယ်ရေးတပ်တွေမှာ အဲဒိလိုစစ်လက်နက်မရှိဘူး ၊ တသွေးတသံတမိန့် ရှူးတိုက်တိုင်း ကိုက်မယ့်သူတွေမရှိဘူး ။

ဒါပေမယ့် တိုင်းပြည်အတွက်အသက်ပေးဝံတဲ့ကိုယ်ကျိုးမဖက်တဲ့ စိတ်ဓာတ်ပိုင်ရှင်တွေရှိတယ်။ လခ ခံစားခွင့် ကိုယ်ကျိုးဘာမှမပါပဲဝင်တိုက်နေသူတွေချည်းပဲ။ စိတ်ဓာတ်ချင်းကမိုးနဲ့မြေလိုကွာခြားတယ် ။

ပြည်သူလူထုကလည်း ရရာလက်နက်စွဲကိုင်ပြီးတိုက်နေတဲ့လူငယ်လူလတ် လူကြီး အားလုံးကိုသောင်းသောင်းဖျဖျအားပေးနေတယ်။ပျောက်ကျားတိုက်ပွဲတွေမှာ အမှည့်ချွေဗျူဟာ နဲ့ကောင်းကောင်းအလုပ်ဖြစ်နေတယ်။

ပြည်တွင်းပြည်ပက မြန်မာတိုင်းရင်းသားတွေကလည်းအလုံးအရင်းနဲ့ကူညီနေကြတယ်။ အဲဒိတော့ နိုင်ငံတကာကလည်း နိုင်တဲ့ဘက်ကို အသိအမှတ်ပြုမှာပဲ


ခုထက်ထိစစ်ကောင်စီကိုတရားဝင်အသိအမှတ်တနိုင်ငံမှမပြုသေးတာ စစ်ကောင်စီ က မနိုင်သေးလို့ပဲ ။ ၈၈ ကလိုသာငြိမ်ခံကြည့် ခုလောက်ဆို အာဏာသိမ်းစစ်ကောင်စီဟာ ကမ္ဘာမှာရော ကုလသမဂ္ဂမှာရော

အာဏာသိမ်းစစ်အစိုးရ အဖြစ်အသိအမှတ်ပြုခံရပြီးလောက်ပြီ။ အခု အမေရိကန်ပြည်ထောင်စုက NUG ကိုအသိအမှတ်ပြုဖို့ဘာတွေ ဘယ်လိုဆက်လက်စဉ်းစား နည်းလမ်းရှာသင့်တယ် ဆိုတဲ့

ဥပဒေကြမ်းကိုတောင်အထက် အောက်လွှတ်တော်နှစ်ရပ် အတည်ပြုပြီးသမ္မတ လက်မှတ်ထိုးဖို့ပို့လိုက်ပြီ ။ တရုတ်ကလည်း NLD ကိုထိုက်သင့်သလောက် ထိစပ်ပြီး မတင်မကျ ခြံစည်းရိုးပေါ်ခွထိုင်ထားတယ်။

အာဆီယံကလည်းစစ်ကေ င်စီကိုလည်း မပစ်ပယ် ၊ စစ်တပ်ကိုလည်း မထောက်ခံသလိုလိုနဲ့ နိုင်တဲ့ဘက်ကိုလိုက်ဖို့ လှေနံနှစ်ဖက်နင်းထားတယ် ။ နွေဦးတော်လှန်ရေးဘက်ကိုပြတ်ပြတ်သားသားမထောက်ခံလို့ဘယ်နိုင်ငံကိုမှအပြစ်မတင်ပါနဲ့။

စစ်ကောင်စီကို ပြတ်ပြတ်သားသားမထောက်ခံသရွေ့ကျွန်တော်တို့မရှုံးသေးဘူး ။ ကမ္ဘာကြီးက ကျွန်တော်တို့ကို ဘယ်တော့ ထောက်ခံမလဲဆိုရင် နိုင်တဲ့ဘက်ကိုထောက်ခံလိမ့်မယ်။

ကျွန်တော်တို့ ရဲ့ အင်အား သာလွန်လာတဲ့အခါ မြန်မာပြည်သူတွေကိုကမ္ဘာက ထောက်ခံလာလိမ့်မယ် ။ Might is Right ဆိုတဲ့ခေတ်ကြီးမှာ ကိုယ်တွေဘက်က စစ်ရေးအသာစီး ရလာတဲ့အခါ ကမ္ဘာကြီးကသူ့အလိုလိုကိုယ့်ဘက်ပါလာ ပါလိမ့်မယ် ။

ဗီယက်နမ်မှာလည်းစစ်နိုင်တဲ့ဗီယက်ကောင်းတွေကိုကမ္ဘာကထောက်ခံရတာပဲ ။ သေချာတာတစ်ခုကတော့ ရွှေပြည်အေးဝါဒနဲ့တော့ ဘယ်တော့မှ ကမ္ဘာကထောက်ခံ ရပ်တည်လေ့မရှိဘူး ။ စစ်နိုင်တဲ့ဘက်က ရပ်တည်တာ ဟောဒိကမ္ဘာကြီးရဲ့ အရက်စက်ဆုံးအမှန်တရားပဲ ။

Winner takes all နိုင်တဲ့သူအကုန်ယူသွားတာပဲ ။ ကျွန်တော်တို့ အနိုင်ရဖို့ပဲလိုတယ် ။သန်း ၅၀ ကျော်နဲ့ စစ်သား နှစ်သိန်းလောက် ရေရှည်မှာ ပြည်သူလူထုဘက်ကပဲအနိုင်ရလိမ့်မယ်။

Crd..သရဝဏ္(ျပည္)

Zawgyi

အာဏာသိမ္း အၾကမ္းဖက္စစ္ေကာင္စီ ဘိုတုၾကင္စိုး မအလ ႏွင့္ ျပည္သူ မည္သူနိုင္မည္နည္း(ျပည္သူသာ နိုင္ လိမ့္မည္)

ကမၻာႀကီးဟာ ေျပာေတာ့ လူ႔အခြင့္အေရးကို တန္ဖိုးထားတယ္၊ အာဏာရွင္စနစ္ကိုအားမေပးဘူး ၊အၾကမ္းဖက္ဝါဒကိုဆန႔္က်င္တယ္ ၊ ဒီမိုကေရစီကို တြန္းအားေပးတယ္။ အၾကမ္းမဖက္ၿငိမ္းခ်မ္းေသာနည္းနဲ႔ေတာင္းဆိုတာ

တရားနည္းလမ္းက်တယ္ လို႔ ဘယ္လိုပင္ေျပာေျပာ ၊လူ႔ယဥ္ေက်းမႈတိုးတက္ပါတယ္လို႔ဘယ္လိုပင္ဆိုေနေစကာမူ လူေတြရဲ့စိတ္ထဲမွာ သမိုင္းမတိုင္ခင္ေခတ္ နဲ႔ေက်ာက္ေခတ္ ကတည္းကရွိခဲ့တဲ့

လူရိုင္းစိတ္ဟာ ပင္ကိုယ္ စိတ္ Basic Instinct အျဖစ္ရွိေနၾကတာ ပါ ။ ပါးစပ္ကဖြင့္မေျပာေပမယ့္ ခြန္အားသည္သာအမွန္တရား MIGHT IS RIGHT ဆိုတဲ့အယူအဆကို ခုထိ နိုင္ငံႀကီးငယ္မေရြးလက္ခံထားၾကဆဲပါ ။

အီတလီနိုင္ငံေရးပေရာဟိတ္ မက္ခီယာဗယ္လီရဲ့ The End Justifies The Means နိုင္တဲ့သူကမွန္တာပဲ ဆိုတဲ့အယူအဆဟာလည္း ခုထိ တရားဝင္မဟုတ္ပဲႀကိတ္ပုန္းလက္ခံထားတဲ့ အယူအဆပါပဲ ။

ေျပာခ်င္တာက စစ္ေကာင္စီကမွားေနတယ္ ျပည္သူေတြက ၿငိမ္းခ်မ္းေသာနည္းနဲ႔ လမ္းေပၚမွာ ဆႏၵျပၾကတာ မွန္တယ္ ။ ဆႏၵျပသူေတြမွန္တယ္ဆိုတာ တစ္ကမၻာလုံးသိတယ္ ။ ဒါေပမယ့္ေလနဲ႔အားေပးတာကလြဲရင္ ဘယ္သူကမွမကူညီခဲ့ဘူး.။

ဘာ့ေၾကာင့္ဆို အင္အားသည္သားအမွန္တရား ဆိုတဲ့ လူရိုင္းဝါဒအရ စစ္အင္အားသည္ လူထုမွာ မရွိလို႔ပဲ ။ စစ္တပ္ကမွားေနသည့္တိုင္ အင္အားရွိတဲ့အဖြဲ႕အစည္းဆိုေတာ့ မီးကိုေရေႏြးနဲ႔ပဲ ေလာင္းေလာင္း ေရေအးနဲ႔ပဲေလာင္းေလာင္း

မီးၿငိမ္းေရးဟာအဓိကဆိုတဲ့ မက္ခီယာဗယ္လီ နည္းအရ နိုင္ငံတကာဟာ ေစာင့္ၾကည့္ေနခဲ့တယ္။တကယ္လို႔မ်ား ျပည္သူလူထုကိုရက္ရက္စက္စက္ စစ္တပ္က ႏွိပ္စက္သတ္ျဖတ္တာကို ျပည္သူလူထုက

ဘာမွျပန္မလုပ္ပဲ ၁၉၈၈ ကလိုလည္စင္းခံခဲ့ၾကရင္ တစ္လေလာက္ၾကာလို႔တနိုင္ငံလုံး ၿငိမ္ဝပ္ပိျပား သြားတဲ့အခါ ေသခဲ့ရတဲ့လူ ေတြ ကိုမွ အားမနာ ၊သတ္ခဲ့တဲ့ စစ္တပ္ရဲ့ ရာဇဝတ္မႈေတြကိုမွ ထည့္မတြက္ပဲ ”

တပ္မေတာ္ကအေျခအေနအရပ္ရပ္ကိုတည္ၿငိမ္ေအာင္ထိန္းခ်ဳပ္နိုင္ခဲ့ျခင္း ကိုအသိအမွတ္ျပဳခ်ီးက်ဴးပါေၾကာင္း ” ဆိုၿပီး UN အပါအဝင္တစ္ကမၻာလုံးကေလသံထြက္ၾကလိမ့္မယ္။ ေစာေမာင္နဲ႔သန္းေရႊလူသတ္ခဲ့တာကို ကမၻာကအဲဒိလို ခ်ည္းကပ္ခဲ့တာပဲ ။

အခု ျပည္သူလူထုကမခံပဲျပန္ခ်ၾကေတာ့ တိုက္ပြဲဟာ ဘက္ညီေနတယ္ ။ စစ္တပ္က စနစ္တက်ေလ့က်င့္သင္ၾကားေပးထားတဲ့ တေသြးတစ္သံတစ္မိန႔္ စစ္မိစၧာ သိန္းခ်ီၿပီးရွိတယ္ ။

၁၉၆၂ ကတည္းက တိုင္းျပည္ပညာေရး က်န္းမာေရး ကိုလစ္လ်ဴရႈၿပီးတည္ေဆာက္ထားတဲ့စစ္လက္နက္အင္အားရွိတယ္ ။ ဘယ္သူေသေသ ငေတမာရင္ၿပီးေရာဆိုတဲ့ အနိုင္ရရင္ၿပီးေရာ ဆိုတဲ့ ယုတ္ကမ္းတဲ့စိတ္ရွိတယ္။

ဒါေပမယ့္ ျပည္သူလူထုရဲ့ေထာက္ခံမႈမရွိဘူး ။ PDF ေတြမွာ LDF ေတြ EAO ေတြမွာ ေဒသကာကြယ္ေရးတပ္ေတြမွာ အဲဒိလိုစစ္လက္နက္မရွိဘူး ၊ တေသြးတသံတမိန႔္ ရႉးတိုက္တိုင္း ကိုက္မယ့္သူေတြမရွိဘူး ။

ဒါေပမယ့္ တိုင္းျပည္အတြက္အသက္ေပးဝံတဲ့ကိုယ္က်ိဳးမဖက္တဲ့ စိတ္ဓာတ္ပိုင္ရွင္ေတြရွိတယ္။ လခ ခံစားခြင့္ ကိုယ္က်ိဳးဘာမွမပါပဲဝင္တိုက္ေနသူေတြခ်ည္းပဲ။ စိတ္ဓာတ္ခ်င္းကမိုးနဲ႔ေျမလိုကြာျခားတယ္ ။

ျပည္သူလူထုကလည္း ရရာလက္နက္စြဲကိုင္ၿပီးတိုက္ေနတဲ့လူငယ္လူလတ္ လူႀကီး အားလုံးကိုေသာင္းေသာင္းဖ်ဖ်အားေပးေနတယ္။ေပ်ာက္က်ားတိုက္ပြဲေတြမွာ အမွည့္ေခၽြဗ်ဴဟာ နဲ႔ေကာင္းေကာင္းအလုပ္ျဖစ္ေနတယ္။

ျပည္တြင္းျပည္ပက ျမန္မာတိုင္းရင္းသားေတြကလည္းအလုံးအရင္းနဲ႔ကူညီေနၾကတယ္။ အဲဒိေတာ့ နိုင္ငံတကာကလည္း နိုင္တဲ့ဘက္ကို အသိအမွတ္ျပဳမွာပဲ

ခုထက္ထိစစ္ေကာင္စီကိုတရားဝင္အသိအမွတ္တနိုင္ငံမွမျပဳေသးတာ စစ္ေကာင္စီ က မနိုင္ေသးလို႔ပဲ ။ ၈၈ ကလိုသာၿငိမ္ခံၾကည့္ ခုေလာက္ဆို အာဏာသိမ္းစစ္ေကာင္စီဟာ ကမၻာမွာေရာ ကုလသမဂၢမွာေရာ

အာဏာသိမ္းစစ္အစိုးရ အျဖစ္အသိအမွတ္ျပဳခံရၿပီးေလာက္ၿပီ။ အခု အေမရိကန္ျပည္ေထာင္စုက NUG ကိုအသိအမွတ္ျပဳဖို႔ဘာေတြ ဘယ္လိုဆက္လက္စဥ္းစား နည္းလမ္းရွာသင့္တယ္ ဆိုတဲ့

ဥပေဒၾကမ္းကိုေတာင္အထက္ ေအာက္လႊတ္ေတာ္ႏွစ္ရပ္ အတည္ျပဳၿပီးသမၼတ လက္မွတ္ထိုးဖို႔ပို႔လိုက္ၿပီ ။ တ႐ုတ္ကလည္း NLD ကိုထိုက္သင့္သေလာက္ ထိစပ္ၿပီး မတင္မက် ၿခံစည္းရိုးေပၚခြထိုင္ထားတယ္။

အာဆီယံကလည္းစစ္ေက င္စီကိုလည္း မပစ္ပယ္ ၊ စစ္တပ္ကိုလည္း မေထာက္ခံသလိုလိုနဲ႔ နိုင္တဲ့ဘက္ကိုလိုက္ဖို႔ ေလွနံႏွစ္ဖက္နင္းထားတယ္ ။ ေႏြဦးေတာ္လွန္ေရးဘက္ကိုျပတ္ျပတ္သားသားမေထာက္ခံလို႔ဘယ္နိုင္ငံကိုမွအျပစ္မတင္ပါနဲ႔။

စစ္ေကာင္စီကို ျပတ္ျပတ္သားသားမေထာက္ခံသေရြ႕ကၽြန္ေတာ္တို႔မရႈံးေသးဘူး ။ ကမၻာႀကီးက ကၽြန္ေတာ္တို႔ကို ဘယ္ေတာ့ ေထာက္ခံမလဲဆိုရင္ နိုင္တဲ့ဘက္ကိုေထာက္ခံလိမ့္မယ္။

ကၽြန္ေတာ္တို႔ ရဲ့ အင္အား သာလြန္လာတဲ့အခါ ျမန္မာျပည္သူေတြကိုကမၻာက ေထာက္ခံလာလိမ့္မယ္ ။ Might is Right ဆိုတဲ့ေခတ္ႀကီးမွာ ကိုယ္ေတြဘက္က စစ္ေရးအသာစီး ရလာတဲ့အခါ ကမၻာႀကီးကသူ႔အလိုလိုကိုယ့္ဘက္ပါလာ ပါလိမ့္မယ္ ။

ဗီယက္နမ္မွာလည္းစစ္နိုင္တဲ့ဗီယက္ေကာင္းေတြကိုကမၻာကေထာက္ခံရတာပဲ ။ ေသခ်ာတာတစ္ခုကေတာ့ ေရႊျပည္ေအးဝါဒနဲ႔ေတာ့ ဘယ္ေတာ့မွ ကမၻာကေထာက္ခံ ရပ္တည္ေလ့မရွိဘူး ။ စစ္နိုင္တဲ့ဘက္က ရပ္တည္တာ ေဟာဒိကမၻာႀကီးရဲ့ အရက္စက္ဆုံးအမွန္တရားပဲ ။

Winner takes all နိုင္တဲ့သူအကုန္ယူသြားတာပဲ ။ ကၽြန္ေတာ္တို႔ အနိုင္ရဖို႔ပဲလိုတယ္ ။သန္း ၅၀ ေက်ာ္နဲ႔ စစ္သား ႏွစ္သိန္းေလာက္ ေရရွည္မွာ ျပည္သူလူထုဘက္ကပဲအနိုင္ရလိမ့္မယ္။

Crd..သရဝဏ္(်ပၫ္)