ၾကားသိသမွ်

ကော့ကရိတ်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ တပ်ရင်းမှူး၊ တပ်ခွဲမှူး အပါအဝင် ၉ ဦးသေဆုံး၊ လွိုင်ကော်တွင် စစ်သား ၃ ဦး ဒဏ်ရာရ

ကော့ကရိတ်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ တပ်ရင်းမှူး၊ တပ်ခွဲမှူး အပါအဝင် ၉ ဦးသေဆုံး၊ လွိုင်ကော်တွင် စစ်သား ၃ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဒီဇင်ဘာ ၂၇

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ဒီဇင်ဘာလ ၂၆ ရက်နေ့ စစ်ကောင် စီတပ်နှင့် KNU တပ်များ အ ကြား ဖြစ်ပွားသော တိုက်ပွဲတွင်

စစ်ကောင်စီဘက်မှ တပ်ရင်းမှူး အပါအဝင် ၉ ဦးသေဆုံးကြောင်း ကရင်သတင်းရင်းမြစ်များက ပြောသည်။

ကော့ကရိတ်မြို့နယ်တွင် ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ် အချိန်မှစ၍ စစ်ကောင်စီ တပ်မ (၂၂)လက်အောက်ခံ ခမရ ၃၁၀

နှင့် KNLA၊ PDF တပ်များအကြား တိုက်ပွဲဖြစ်ပွားကြောင်း၊ ကော့ကရိတ်-မြဝတီအာရှလမ်းမကြီးပေါ်ရှိ KNUမွေးမြူရေးစခန်းအနီးတွင်

နှစ်ဖက်ထိပ်တိုက် ထိတွေ့မှုဖြစ်ပွားရာ စစ်ကောင်စီတပ်ဘက်မှ တပ်ရင်းမှူး ၁ နှင့် တပ်ခွဲမှူး ၁ ဦးအပါ အဝင် စုစုပေါင်း ၉ ဦးသေဆုံးပြီး

(၁၃)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရကြောင်း ကရင်သတင်းရင်းမြစ် KO ကော့ကရိတ်သတင်းစဉ်က သတင်းဖော်ပြသည်။


ယမန်နေ့ နံနက် ၈ နာရီ ၄၅ မိနစ် အချိန် စစ်ကောင်စီနှင့် KNLAတပ်မဟာစစ်ကြောင်းတို့ ကော့ကရိတ်-မြဝတီအာရှလမ်း၊ ကွမ်းခြံ

ကုန်း(ကွမ်းသီးတော) တွင် ထပ်မံ၍ ထိပ်တိုက်ထိတွေ့မှုဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ကားတစ်စီးပျက်စီးပြီး ဒဏ်ရာရ၊ ထိခိုက်၊

သေဆုံးမှုအချို့ရှိခဲ့သော်လည်း အရေ အတွက်ကို အတည်ပြုနိုင်ခြင်းမရှိကြောင်း သိရှိရသည်။

အလားတူ ကယား (ကရင်နီပြည်)၊ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်၊ ရထားလမ်းအနီးရှိ ကင်းပုန်းဝပ်နေသော အကြမ်း ဖက်စစ်​ကောင်စီ

တပ်ဖွဲ့ကို ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆိုနှင့် လွိုင်ကော် KGZတပ်ဖွဲ့​တို့ ပူး​ပေါင်းပြီး ယမန်နေ့ ဒီဇင်ဘာလ ၂၆ ရက် ည ၉ နာရီတွင်

သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦး ဒဏ်ရာရကြောင်း ဒီးမော့ဆို PDF က သတင်းထုတ်ပြန်သည်။

အဆိုပါ တိုက်ပွဲသည် မိနစ် ၂၀ ခန့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး PDF များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားသုံး ထိုးစစ်ဆင်ခြင်း၊ ညဘက် ကင်းလှည့်ခြင်းများ ပြုလုပ်နေကာ တိုက်ပွဲများ ထပ်မံဖြစ်ပွားနိုင်

တာကြောင့် ပြည်သူများအနေဖြင့် လုံခြုံရေးသတိရှိကြရန် ဒီးမော့ဆို PDF က သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူတစ်ဦးကို မဲဆောက်ဆေးရုံသို့ ပို့ဆောင်

စဉ်။   Photo Credit- Original Uploader from Thailand