ၾကားသိသမွ်

စစ်ခေါင်းဆောင်နှင့်အတူ လူမြင်ကွင်းမှာ ပြန်ပေါ်လာသည့် ဦးဇော်ဇော်

အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် ဦးဇော်ဇော်တစ်ယောက် စစ်ကောင်စီရဲ့ဖမ်းဆီးတာ ခံခဲ့ရတယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်

ထွက်ပေါ်ခဲ့ပါတယ်။

အာဏာသိမ်း စစ်ကောင်စီသည် ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်သည်ဟု ၎င်းတို့ ယူဆသည့် ဧရာဝတီဘဏ်နှင့် MAX မြန်မာ ကုမ္ပဏီကို

ပိုင်ဆိုင်သည့် စီးပွားရေး လုပ်ငန်းရှင် ဦးဇော်ဇော်ကို မင်္ဂလာဒုံမြို့နယ်ရှိ ရေ ကြည်အိုင် ထောက်လှမ်းရေးစခန်း ဟောင်းနေရာတွင် ခေါ်ယူ

စစ်ဆေးခဲ့ကြောင်း သတင်းတွေထွက်ခံပါသေးတယ်။

                                                                                                                       ဓာတ်ပုံ-CNI

အဲဒီနောက် ယခုနှစ် မေလပိုင်းက ဧရာဝတီဘဏ်လီမိတက်ရဲ့အမှုဆောင်ဥက္ကဋ္ဌ ဒေါ်ခင်စောဦး ဘဏ်များအသင်းဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရ

တဲ့သတင်း ထွက်ပေါ်ခဲ့ပြီးတဲ့နောက် ဘဏ်မှာ ဦးဇော်ဇော်ရဲ့ခေါင်းဆောင်မှုပိုင်း ပျောက်သွားပြီလားဆိုတဲ့ မေးခွန်းတွေလည်း ဧရာဝတီ

ဘဏ်၀န်ဆောင်မှုသုံးစွဲသူတွေကြားမှာ ရှိနေခဲ့ပါတယ်။

                                                                                                                            ဓာတ်ပုံ-CNI

စစ်အာဏာသိမ်းပြီး ၁၀ လကျော်ကြာအထိ ပျောက်ကွယ်နေသည့် ဧရာဝတီဘဏ်နှင့် MAX Myanmarဥက္ကဌ ဦးဇော်ဇော်အား အာသိမ်း

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်အတူ ယနေ့ ဒီဇင်ဘာလ ၂၆ ရက် မနက်ပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းတွင် ပြန်လည်တွေ့

ရှိခဲ့ရသည်။

                                                                                                         ဓာတ်ပုံ-CNI

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းစကာလတွင် ဦးဇော်ဇော်သည် ဖမ်းဆီးခံရသည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း ယနေ့

လူမြင်ကွင်းတွင် ပြန်လည်တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။







