ၾကားသိသမွ်

ရေရှည်မှာ ပြည်သူတွေမယှဉ်နိုင်အောင် အကြမ်းဖက်စစ်အုပ်စု ကြိုးပမ်းနေလို့ အငြိမ်းစားတပ်အရာရှိကြီးတစ်ဦးကပြော

ရေရှည်မှာ ပြည်သူတွေမယှဉ်နိုင်အောင် အကြမ်းဖက်စစ်အုပ်စု ကြိုးပမ်းနေလို့ပြော

အကြမ်းဖက်စစ်အုပ်စုဟာ ပြည်သူ့အင်အားကို အရက်စက်ဆုံးချေမှုန်းတဲ့နည်းနဲ့ ရေရှည်မှာ ယှဉ် လို့မရတဲ့ဗျူဟာကိုကျင့်သုံးနေတယ်လို့

အငြိမ်းစားတပ်အရာရှိကြီးတစ်ဦးကဆိုပါတယ်။

ဒီကနေ့စစ်အုပ်စုရဲ့ လုပ်ရပ်ဟာ ဒုတိယအာဏာရှင် သန်းရွှေ ဦးဆောင်တဲ့စစ်အစိုးရရဲ့ ရက်စက်မှုထက် သိသိ သာသာပိုပြင်းထန်ပြီး ပြည်သူ

ကိုအကြောက်တရားပေးခြင်းနဲ့ ရေရှည်မှာ အာဏာရှင်ဆန့်ကျင်ရေးအင်အားစု လျော့ပါးသွားစေရေးနည်းကို အဓိက အားပြုလုပ်ဆောင်နေ

တယ်လို့ သိရပါတယ်။

                                                                                                                     အာဏာသိမ်းအကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်

‘မင်းအောင်လှိုင်က အခုမြန်မာပြည်သူတွေမပြောနဲ့၊နိုင်ငံတကာကိုလည်း ဂရုမစိုက်ဘူး။ပြည်သူထောက်ခံမှုရဖို့ တွေဘာတွေလည်းမ

ကြိုးစားဘူး။သူ့ကိုယ်သူဒီပွဲမှာမနိုင်ရင် ကြိုးစင်တက်ရမယ်ဆိုတာလည်းကောင်းကောင်း သိတယ်။အဲဒါကြောင့် ပြည်သူကို မလှန်ရဲအောင်

မြန်မြန်မပြီးတောင် ကြာရင် အင်အားချိနဲ့လာအောင် လုပ်နေ တယ်။ပြီးတော့ တပ်ထဲကပြေးသူတွေအတတ်နိုင်ဆုံးမရှိအောင် ကြိုးစားနေ

တယ်’လို့ သူကပြောပါတယ်။

အကြမ်းဖက်စစ်တပ်အတွင်းက အရာရှိကြီးတွေကြားထဲ တိုးတိုးတိတ်တိတ်ဝါဒဖြန့်နေမှုမှာ ဒီပွဲမှမနိုင်ရင် အကုန်အိုးစားကွဲမယ်ဆိုတာ

ဖြစ်ကြောင်းသိရပါတယ်။

                                                                                               အာဏာသိမ်းအကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်

‘မင်းအောင်လှိုင်က သူ့လူတွေကို ကြိုးတစ်ကြိုးတည်းပူးချည်လိုက်တဲ့သဘောပဲ။ငါတို့မနိုင်ရင် ငါတင်မက မင်း တို့လည်းဒုက္ခရောက်မယ်လို့

ခြိမ်းခြောက်တဲ့နည်းနဲ့ စည်းရုံးနေတာပါ။တပ်ထဲက ခပ်ကြီးကြီးကောင်တွေ CDM လုပ်မှာလည်းသေမလောက်ကြောက်နေရတယ်’လို့ သူ

ကပြောပါတယ်။

ဒါ့ကြောင့် ဒီမိုကရေစီအင်အားစုတွေအနေနဲ့မလိုအပ်ဘဲ အင်အားမပြုန်းတီစေဖို့နဲ့ နိုင်ငံတကာရဲ့ လက်တွေ့ကျတဲ့အကူအညီတွေရဖို့

အရေးတကြီးလိုနေပြီလို့ သူကဆက်ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ အရပ်သားတွေကိုပါမချန် လေကြောင်းကနေပစ်ခတ်နေခြင်းဟာ သူတို့ကိုယ်သူတို့ ဂိတ်ဆုံးလို့သတ်မှတ်ထားတာ

ဖြစ်တယ်လို့လည်း ဆိုပါတယ်။ Source;DNA

Zawgyi

ေရရွည္မွာ ျပည္သူေတြမယွဥ္နိုင္ေအာင္ အၾကမ္းဖက္စစ္အုပ္စု ႀကိဳးပမ္းေနလို႔ေျပာ

အၾကမ္းဖက္စစ္အုပ္စုဟာ ျပည္သူ႔အင္အားကို အရက္စက္ဆုံးေခ်မႈန္းတဲ့နည္းနဲ႔ ေရရွည္မွာ ယွဥ္ လို႔မရတဲ့ဗ်ဴဟာကိုက်င့္သုံးေနတယ္လို႔

အၿငိမ္းစားတပ္အရာရွိႀကီးတစ္ဦးကဆိုပါတယ္။

ဒီကေန႔စစ္အုပ္စုရဲ့ လုပ္ရပ္ဟာ ဒုတိယအာဏာရွင္ သန္းေရႊ ဦးေဆာင္တဲ့စစ္အစိုးရရဲ့ ရက္စက္မႈထက္ သိသိ သာသာပိုျပင္းထန္ၿပီး ျပည္သူကို

အေၾကာက္တရားေပးျခင္းနဲ႔ ေရရွည္မွာ အာဏာရွင္ဆန႔္က်င္ေရးအင္အားစု ေလ်ာ့ပါးသြားေစေရးနည္းကို အဓိက အားျပဳလုပ္ေဆာ

င္ေနတယ္လို႔ သိရပါတယ္။

‘မင္းေအာင္လွိုင္က အခုျမန္မာျပည္သူေတြမေျပာနဲ႔၊နိုင္ငံတကာကိုလည္း ဂ႐ုမစိုက္ဘူး။ျပည္သူေထာက္ခံမႈရဖို႔ ေတြဘာေတြလ

ည္းမႀကိဳးစားဘူး။သူ႔ကိုယ္သူဒီပြဲမွာမနိုင္ရင္ ႀကိဳးစင္တက္ရမယ္ဆိုတာလည္းေကာင္းေကာင္း သိတယ္။အဲဒါေၾကာင့္ ျပည္သူကို မ

လွန္ရဲေအာင္ ျမန္ျမန္မၿပီးေတာင္ ၾကာရင္ အင္အားခ်ိနဲ႔လာေအာင္ လုပ္ေန တယ္။ၿပီးေတာ့ တပ္ထဲကေျပးသူေတြအတတ္နိုင္ဆုံးမ

ရွိေအာင္ ႀကိဳးစားေနတယ္’လို႔ သူကေျပာပါတယ္။

အၾကမ္းဖက္စစ္တပ္အတြင္းက အရာရွိႀကီးေတြၾကားထဲ တိုးတိုးတိတ္တိတ္ဝါဒျဖန႔္ေနမႈမွာ ဒီပြဲမွမနိုင္ရင္ အကုန္အိုးစားကြဲမယ္ဆိုတာျဖ

စ္ေၾကာင္းသိရပါတယ္။

‘မင္းေအာင္လွိုင္က သူ႔လူေတြကို ႀကိဳးတစ္ႀကိဳးတည္းပူးခ်ည္လိုက္တဲ့သေဘာပဲ။ငါတို႔မနိုင္ရင္ ငါတင္မက မင္း တို႔လည္းဒုကၡေရာက္မ

ယ္လို႔ ၿခိမ္းေျခာက္တဲ့နည္းနဲ႔ စည္း႐ုံးေနတာပါ။တပ္ထဲက ခပ္ႀကီးႀကီးေကာင္ေတြ CDM လုပ္မွာလည္းေသမေလာက္ေၾ

ကာက္ေနရတယ္’လို႔ သူကေျပာပါတယ္။

ဒါ့ေၾကာင့္ ဒီမိုကေရစီအင္အားစုေတြအေနနဲ႔မလိုအပ္ဘဲ အင္အားမျပဳန္းတီေစဖို႔နဲ႔ နိုင္ငံတကာရဲ့ လက္ေတြ႕က်တဲ့အကူအညီေ

တြရဖို႔ အေရးတႀကီးလိုေနၿပီလို႔ သူကဆက္ေျပာပါတယ္။

အၾကမ္းဖက္စစ္တပ္ဟာ အရပ္သားေတြကိုပါမခ်န္ ေလေၾကာင္းကေနပစ္ခတ္ေနျခင္းဟာ သူတို႔ကိုယ္သူတို႔ ဂိတ္ဆုံးလို႔သတ္မွတ္ထားတာျ

ဖစ္တယ္လို႔လည္း ဆိုပါတယ္။ Source;DNA