ၾကားသိသမွ်

ကမ္ဘာ့အဖိနှိပ်ခံတွေဘက်ကအမြဲရပ်တည်သူငြိမ်းချမ်းရေးနိုဘယ်ဆုရှင် အင်္ဂလီကန်ဂိုဏ်းချုပ်ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး ကွယ်လွန်

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် အင်္ဂလီကန်ဂိုဏ်းချုပ်ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး ကွယ်လွန်

လူဖြူလူမည်းခွဲခြားမှုကို သာသနာ့၀န်ထမ်းရင်း ဦးဆောင်တိုက်ဖျက်ခဲ့သူတစ်ဦးဖြစ်တဲ့တောင်အာဖရိက ခရစ်ယာန်ဘုန်းတော်ကြီး ဒက်စ်မွန်

တူးတူးဟာ အသက် ၉၀ အရွယ်မှာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။


ဘုန်းတော်ကြီးဟာ တောင်အာဖရိကနိုင်ငံ၊ မြို့တော်ကိပ်တောင်းက ဆေးရုံတစ်ခုမှာ ငြိမ်းချမ်းစွာကွယ်လွန်ခဲ့တယ်လို့ အသင်းတော်ဘက်က

မိသားစုကိုယ်စား စာထုတ်ပြန်ခဲ့ပေမဲ့ သေဆုံးရတဲ့အကြောင်းရင်း အသေးစိတ်ကိုတော့ ပြောထားတာမတွေ့ရပါဘူး။


ဒတ်စ်မွန်တူးတူးဟာ တောင်အာဖရိကနိုင်ငံထဲမှာ လူဖြူလူမည်းခွဲခြားတဲ့စနစ်ကို သာသနာ့ဝန်ထမ်းရင်း အကြမ်းမဖက်ဦးဆောင်ဆန့်ကျင်ခဲ့

တာကြောင့် ၁၉၈၄ ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိခဲ့သူလည်းဖြစ်ပါတယ်။


ဒါ့ပြင် သူဟာ နိုင်ငံထဲကလူဖြူလူမည်းခွဲခြားမှုအမှောင်မိုက်ဆုံးနေ့ရက်တွေမှာ နှစ်ဖက်ကျူးလွန်ခဲ့ကြတဲ့လုပ်ရပ်တွေအတွက် သမ္မတနယ်

ဆင်မန်ဒဲလားကခန့်အပ်တဲ့ အမှန်တရားနဲ့ရင်ကြားစေ့ရေးကော်မရှင်ဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ထမ်းခဲ့သူဖြစ်ပါတယ်။

ဘုန်းတော်ကြီး တူးတူးဟာ နိုင်ငံတွင်းမှာ လူမည်းတွေ ဖိနှိပ်ခံရမှုကို ထုတ်ဖော်ပြောဆိုခဲ့သူဖြစ်ပေမဲ့ နိုင်ငံရေးအရ ပြောတာမဟုတ်ဘဲ

ဘာသာရေးအရပြောဆိုတာလို့ ပြောခဲ့သူလည်းဖြစ်ပါတယ်။


မြန်မာ့ဒီမိုကရေစီအရေးကို အစဉ်တစိုက်အားပေးခဲ့တဲ့ဒက်စ်မွန်တူးတူးဟာ ၂၀၁၃ ခုနှစ်ကလည်း မြန်မာနိုင်ငံကိုလာရောက်ခဲ့ပြီး ငြိမ်းချမ်း

ရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်းတွေ့ဆုံခဲ့ပါတယ်။

ပုံစာ – ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်တွေဖြစ်ကြတဲ့ ဘုန်းတော်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ရန်ကုန်မြို့မှာ ၂၀၁၃ ခုနှစ်တုန်းက တွေ့ဆုံခဲ့

ကြပါတယ်။

ဓာတ်ပုံ – Getty Images

Zawgyi

ငိမ္းခ်မ္းေရးနိုဘယ္ဆုရွင္ အဂၤလီကန္ဂိုဏ္းခ်ဳပ္ဘုန္းေတာ္ႀကီး ဒက္စ္မြန္တူးတူး ကြယ္လြန္

လူျဖဴလူမည္းခြဲျခားမႈကို သာသနာ့၀န္ထမ္းရင္း ဦးေဆာင္တိုက္ဖ်က္ခဲ့သူတစ္ဦးျဖစ္တဲ့ေတာင္အာဖရိက ခရစ္ယာန္ဘုန္းေတာ္ႀကီး ဒက္စ္မြန္တူးတူးဟာ အသက္ ၉၀ အရြယ္မွာ ကြယ္လြန္သြားၿပီျဖစ္ပါတယ္။

ဘုန္းေတာ္ႀကီးဟာ ေတာင္အာဖရိကနိုင္ငံ၊ ၿမိဳ႕ေတာ္ကိပ္ေတာင္းက ေဆး႐ုံတစ္ခုမွာ ၿငိမ္းခ်မ္းစြာကြယ္လြန္ခဲ့တယ္လို႔ အသင္းေတာ္ဘက္က မိသားစုကိုယ္စား စာထုတ္ျပန္ခဲ့ေပမဲ့ ေသဆုံးရတဲ့အေၾကာင္းရင္း အေသးစိတ္ကိုေတာ့ ေျပာထားတာမေတြ႕ရပါဘူး။

ဒတ္စ္မြန္တူးတူးဟာ ေတာင္အာဖရိကနိုင္ငံထဲမွာ လူျဖဴလူမည္းခြဲျခားတဲ့စနစ္ကို သာသနာ့ဝန္ထမ္းရင္း အၾကမ္းမဖက္ဦးေဆာင္ဆန႔္က်င္ခဲ့တာေၾကာင့္ ၁၉၈၄ ခုႏွစ္မွာ ၿငိမ္းခ်မ္းေရးနိုဘယ္ဆု ရရွိခဲ့သူလည္းျဖစ္ပါတယ္။

ဒါ့ျပင္ သူဟာ နိုင္ငံထဲကလူျဖဴလူမည္းခြဲျခားမႈအေမွာင္မိုက္ဆုံးေန႔ရက္ေတြမွာ ႏွစ္ဖက္က်ဴးလြန္ခဲ့ၾကတဲ့လုပ္ရပ္ေတြအတြက္ သမၼတနယ္ဆင္မန္ဒဲလားကခန႔္အပ္တဲ့ အမွန္တရားနဲ႔ရင္ၾကားေစ့ေရးေကာ္မရွင္ဥကၠ႒ အျဖစ္လည္း တာဝန္ထမ္းခဲ့သူျဖစ္ပါတယ္။

ဘုန္းေတာ္ႀကီး တူးတူးဟာ နိုင္ငံတြင္းမွာ လူမည္းေတြ ဖိႏွိပ္ခံရမႈကို ထုတ္ေဖာ္ေျပာဆိုခဲ့သူျဖစ္ေပမဲ့ နိုင္ငံေရးအရ ေျပာတာမဟုတ္ဘဲ ဘာသာေရးအရေျပာဆိုတာလို႔ ေျပာခဲ့သူလည္းျဖစ္ပါတယ္။

ျမန္မာ့ဒီမိုကေရစီအေရးကို အစဥ္တစိုက္အားေပးခဲ့တဲ့ဒက္စ္မြန္တူးတူးဟာ ၂၀၁၃ ခုႏွစ္ကလည္း ျမန္မာနိုင္ငံကိုလာေရာက္ခဲ့ၿပီး ၿငိမ္းခ်မ္းေရး နိုဘယ္ဆုရွင္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔လည္းေတြ႕ဆုံခဲ့ပါတယ္။

ပုံစာ – ၿငိမ္းခ်မ္းေရးနိုဘယ္ဆုရွင္ေတြျဖစ္ၾကတဲ့ ဘုန္းေတာ္ႀကီးနဲ႔ ေဒၚေအာင္ဆန္းစုၾကည္တို႔ ရန္ကုန္ၿမိဳ႕မွာ ၂၀၁၃ ခုႏွစ္တုန္းက ေတြ႕ဆုံခဲ့ၾကပါတယ္။

ဓာတ္ပုံ – Getty Images