ၾကားသိသမွ်

တပ်ရင်းမှူးများ အာဏာဖီဆန် လာသည့်အခါ….

တပ်ရင်းမှူးများ အာဏာဖီဆန် လာသည့်အခါ….

တပ်တွေရဲ့ အဓိက အခြေခံယူနစ်က တပ်ရင်းပါ။ ဒုဗိုလ်မှူးကြီးအဆင့်က အုပ်ချုပ်ပါတယ်။ ကိုဗစ်စဖြစ်စဉ်က တပ်ထဲမှာ ကုတင်မလောက်

ချိန် ဗိုလ်မှူးကြီးအဆင့် မိသားစုနဲ့ အထက်ကိုသာ ဆေးရုံတက်ကုခွင့်ပေးမယ်လို့ မအလက အစပိုင်းမှာ အမိန့်ထုတ်ခဲ့ပေမယ့် ထိုအမိန့်ကို ၄၈ နာရီအတွင်း ပြန်ပြင်ခဲ့ရပါတယ်။

အကြောင်းက တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးတွေက တပ်ကိုင်လို့ သူတို့က ပုန်ကန်မှာစိုးလို့ပါ။တပ်ရင်းမှူးရဲ့ အထက်မှာက ဗျူဟာမှူး ဗိုလ်မှူးကြီးအဆင့်ရှိပါတယ်။ ဗျူဟာမှူးက စစ်ကြောင်းတွေကိုစီမံခန့်ခွဲပေမယ့် တပ်ပိုင်က တပ်ရင်းမှူးပါ။

တပ်ရင်းမှူးက ကျောင်းအုပ်ကြီးပေါ့။ ဗျူဟာမှူးက မြို့နယ်ပညာရေးမှူးလိုပေါ့။ ကြားထဲမှာ စစ်ဦးစီး ရေးထောက်တွေ ရှိပါသေးတယ်။

ဗျူဟာမှူးအထက်မှာကစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ဆိုတာရှိပြီး ဗိုလ်မှူးချုပ်အဆင့်က အုပ်ချုပ်ပါတယ်။ သူ့အထက်ကတိုင်းမှူးပါ။ သူ့အထက်က စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ပါ။


ယခုလေးကေ့ကော်မှာဆိုရင် တနင်္လာရီတိုင်းထဲမှာရှိတဲ့ ဘုတ်ပြင်းမှာထိုင်ထားတဲ့ အမှတ် (၁၃) စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ်က ဗိုလ်မှူးချုပ်ကျော်ဇေယျဖြစ်ပါတယ်။ ကမ်းရိုးတန်းတိုင်း တိုင်းမှူးကဗိုလ်ချုပ်စောသန်းလှိုင်ပါ။ သူ့အထက်က စစ်ဆင်ရေးအထူးအဖွဲ့မှူးကတော့ ဒုဗိုလ်ချုပ်ကြီးအောင်စိုးပါ။

မအလတပ်ဟာ သာမန်စခန်းတွေတိုက်ရင် လေယဉ်နဲ့ဗုံးကြဲ လက်နက်ကြီးနဲ့ပစ်ပြီး ရန်သူအင်အား နည်းသွားမှ ခြေလျင်တပ်က စစ်ထိုးပါတယ်။ ရခိုင်မှာ အသေများချိန်မှာ ရခိုင်ကို မသွားလိုသူများက ဂါကြပါတယ်။

နောက်ပိုင်းစစ်ကိုင်းမှာလဲ အစပိုင်းက ပျော်ပျော်ကြီး သွားကြပေမယ့် အသေများလာချိန်မှာကြောက်လာကြပါတယ်။

ကချင်မှာ တိုက်ပွဲဖြစ်ရင်လဲ ထို့အတူပါဘဲ။ ဒီပြဿနာတွေကိုဖြေရှင်းဖို့ မအလက ဗိုလ်မှူးတွေကို ယာယီတပ်ရင်းမှူးပေးပြီး ရှေ့တန်းထွက်ခိုင်းပါတယ်။ နောက်ပိုင်း ရခိုင်၊ ကချင်နဲ့စစ်ကိုင်းက တပ်ရင်းမှူးအချို့ဟာ ဗျူဟာမှူးက လူ ၁၆၀ လောက်နဲ့ ရန်သူ့ကို ထွက်တိုက်ခိုင်းရင် မတိုက်ဘဲ ငြင်းကြပါတယ်။

ရခိုင်ပြီးတော့ ကချင်နဲ့ စစ်ကိုင်းက လိုက်လာပါတယ်။ စစ်ကိုင်းမှာတော့ မုံရွာကနေ ရဟတ်ယဉ်နဲ့ ချက်ခြင်းလာကူဖို့ သဘောတူချက်ရခဲ့ပြီး တပ်ရင်းအချို့ပြန်ထွက်ခဲ့ပါတယ်။ ယခုနောက်ဆုံးက မုံးကိုးကို ထပ်ပို့တဲ့ တပ်တွေမှာ ဖြစ်နေပါတယ်။

ဒီလို အာဏာဖီဆန်တာဟာ တပ်ထဲမှာအင်မတန် အပြစ်ကြီးပါတယ်။ ဗျူဟာမှူးတွေနဲ့ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်က သိပေမယ့် သူတို့ကိုစာရင်းသာမှတ်ထားပြီး ဘာမှအရေးမယူရဲသေးပါ။

နောက်ဆုံးအထက်ကိုတင်ပြတဲ့စာရင်းအရတပ်ရင်းမှူး အယောက် ၂၀ လောက်ရှိပါတယ်။ ဒါက ထွက်မတိုက်ဘဲ အာဏာဖီဆန်တဲ့ တပ်ရင်းမှူးတွေပါ။

တိုက်လို့အသေအပျောက်များရင် ခုံဖွဲ့အရေးယူခံရမယ့် ဗျူဟာမှူးတွေကလဲ အယောက် ၂၀ ကျော်လောက်ရှိပါသေးတယ်။ ဥပမာ မုံးကိုးက ဗျူဟာမှူး၊ မင်းတပ်မှာ အဝိုင်းခံရတဲ့ ဗျူဟာမှူးမျိုးတွေပေါ့။သူတို့ကိုလဲ အရေးမယူနိုင်သေးပါ။ အဓိကပြဿနာက သူတို့ကို အရေးယူရင် ထပုန်ကန်မှာကို မအလက သေမလောက်ကြောက်နေပါတယ်။


အကျဉ်းချုပ်ရရင် တပ်ရင်းမှူးတွေ ထွက်မတိုက်ရဲလောက်အောင် ဖြစ်လာတာက PDF တွေရဲ့ အောင်ပွဲပါ။ လေသူရဲကောင်းတွေလဲ မြေပြင်ပေါ်မှာ သူတို့နဲ့ သူတို့မိသားစုတွေ မုန့်ဟင်းခါးကျွေးတာခံရရင်အချိုးပြောင်းသွားမှာပါ။

သူတို့ဟာ ဘယ်လိုအခြေအနေမှာ အာဏာဖီဆန်လဲဆိုတာသိရင် ထိုအခြေအနေဖြစ်အောင် ပြည်သူတွေက NUG ၊ PDF တို့နဲ့ ဝိုင်းလုပ်ကြပါလို့ ပြောပါရစေ။

Myat Tun Oo

Zawgyi

တပ္ရင္းမႉးမ်ား အာဏာဖီဆန္ လာသည့္အခါ….

တပ္ေတြရဲ့ အဓိက အေျခခံယူနစ္က တပ္ရင္းပါ။ ဒုဗိုလ္မႉးႀကီးအဆင့္က အုပ္ခ်ဳပ္ပါတယ္။ ကိုဗစ္စျဖစ္စဥ္က တပ္ထဲမွာ ကုတင္မေလာက္ခ်ိန္ ဗိုလ္မႉးႀကီးအဆင့္ မိသားစုနဲ႔ အထက္ကိုသာ ေဆး႐ုံတက္ကုခြင့္ေပးမယ္လို႔ မအလက အစပိုင္းမွာ အမိန႔္ထုတ္ခဲ့ေပမယ့္ ထိုအမိန႔္ကို ၄၈ နာရီအတြင္း ျပန္ျပင္ခဲ့ရပါတယ္။

အေၾကာင္းက တပ္ရင္းမႉး ဒုတိယဗိုလ္မႉးႀကီးေတြက တပ္ကိုင္လို႔ သူတို႔က ပုန္ကန္မွာစိုးလို႔ပါ။တပ္ရင္းမႉးရဲ့ အထက္မွာက ဗ်ဴဟာမႉး ဗိုလ္မႉးႀကီးအဆင့္ရွိပါတယ္။ ဗ်ဴဟာမႉးက စစ္ေၾကာင္းေတြကိုစီမံခန႔္ခြဲေပမယ့္ တပ္ပိုင္က တပ္ရင္းမႉးပါ။

တပ္ရင္းမႉးက ေက်ာင္းအုပ္ႀကီးေပါ့။ ဗ်ဴဟာမႉးက ၿမိဳ႕နယ္ပညာေရးမႉးလိုေပါ့။ ၾကားထဲမွာ စစ္ဦးစီး ေရးေထာက္ေတြ ရွိပါေသးတယ္။ ဗ်ဴဟာမႉးအထက္မွာကစစ္ဆင္ေရးကြပ္ကဲမႈဌာနခ်ဳပ္ဆိုတာရွိၿပီး ဗိုလ္မႉးခ်ဳပ္အဆင့္က အုပ္ခ်ဳပ္ပါတယ္။ သူ႔အထက္ကတိုင္းမႉးပါ။ သူ႔အထက္က စစ္ဆင္ေရးအထူးအဖြဲ႕မႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီးအဆင့္ပါ။

ယခုေလးေက့ေကာ္မွာဆိုရင္ တနလၤာရီတိုင္းထဲမွာရွိတဲ့ ဘုတ္ျပင္းမွာထိုင္ထားတဲ့ အမွတ္ (၁၃) စစ္ဆင္ေရးကြက္ကဲမႈဌာနခ်ဳပ္က ဗိုလ္မႉးခ်ဳပ္ေက်ာ္ေဇယ်ျဖစ္ပါတယ္။ ကမ္းရိုးတန္းတိုင္း တိုင္းမႉးကဗိုလ္ခ်ဳပ္ေစာသန္းလွိုင္ပါ။ သူ႔အထက္က စစ္ဆင္ေရးအထူးအဖြဲ႕မႉးကေတာ့ ဒုဗိုလ္ခ်ဳပ္ႀကီးေအာင္စိုးပါ။

မအလတပ္ဟာ သာမန္စခန္းေတြတိုက္ရင္ ေလယဥ္နဲ႔ဗုံးၾကဲ လက္နက္ႀကီးနဲ႔ပစ္ၿပီး ရန္သူအင္အား နည္းသြားမွ ေျခလ်င္တပ္က စစ္ထိုးပါတယ္။ ရခိုင္မွာ အေသမ်ားခ်ိန္မွာ ရခိုင္ကို မသြားလိုသူမ်ားက ဂါၾကပါတယ္။ ေနာက္ပိုင္းစစ္ကိုင္းမွာလဲ အစပိုင္းက ေပ်ာ္ေပ်ာ္ႀကီး သြားၾကေပမယ့္ အေသမ်ားလာခ်ိန္မွာေၾကာက္လာၾကပါတယ္။

ကခ်င္မွာ တိုက္ပြဲျဖစ္ရင္လဲ ထို႔အတူပါဘဲ။ ဒီျပႆနာေတြကိုေျဖရွင္းဖို႔ မအလက ဗိုလ္မႉးေတြကို ယာယီတပ္ရင္းမႉးေပးၿပီး ေရွ႕တန္းထြက္ခိုင္းပါတယ္။ ေနာက္ပိုင္း ရခိုင္၊ ကခ်င္နဲ႔စစ္ကိုင္းက တပ္ရင္းမႉးအခ်ိဳ႕ဟာ ဗ်ဴဟာမႉးက လူ ၁၆၀ ေလာက္နဲ႔ ရန္သူ႔ကို ထြက္တိုက္ခိုင္းရင္ မတိုက္ဘဲ ျငင္းၾကပါတယ္။

ရခိုင္ၿပီးေတာ့ ကခ်င္နဲ႔ စစ္ကိုင္းက လိုက္လာပါတယ္။ စစ္ကိုင္းမွာေတာ့ မုံရြာကေန ရဟတ္ယဥ္နဲ႔ ခ်က္ျခင္းလာကူဖို႔ သေဘာတူခ်က္ရခဲ့ၿပီး တပ္ရင္းအခ်ိဳ႕ျပန္ထြက္ခဲ့ပါတယ္။ ယခုေနာက္ဆုံးက မုံးကိုးကို ထပ္ပို႔တဲ့ တပ္ေတြမွာ ျဖစ္ေနပါတယ္။

ဒီလို အာဏာဖီဆန္တာဟာ တပ္ထဲမွာအင္မတန္ အျပစ္ႀကီးပါတယ္။ ဗ်ဴဟာမႉးေတြနဲ႔ စစ္ဆင္ေရး ကြပ္ကဲမႈဌာနခ်ဳပ္က သိေပမယ့္ သူတို႔ကိုစာရင္းသာမွတ္ထားၿပီး ဘာမွအေရးမယူရဲေသးပါ။ ေနာက္ဆုံးအထက္ကိုတင္ျပတဲ့စာရင္းအရတပ္ရင္းမႉး အေယာက္ ၂၀ ေလာက္ရွိပါတယ္။ ဒါက ထြက္မတိုက္ဘဲ အာဏာဖီဆန္တဲ့ တပ္ရင္းမႉးေတြပါ။

တိုက္လို႔အေသအေပ်ာက္မ်ားရင္ ခုံဖြဲ႕အေရးယူခံရမယ့္ ဗ်ဴဟာမႉးေတြကလဲ အေယာက္ ၂၀ ေက်ာ္ေလာက္ရွိပါေသးတယ္။ ဥပမာ မုံးကိုးက ဗ်ဴဟာမႉး၊ မင္းတပ္မွာ အဝိုင္းခံရတဲ့ ဗ်ဴဟာမႉးမ်ိဳးေတြေပါ့။သူတို႔ကိုလဲ အေရးမယူနိုင္ေသးပါ။ အဓိကျပႆနာက သူတို႔ကို အေရးယူရင္ ထပုန္ကန္မွာကို မအလက ေသမေလာက္ေၾကာက္ေနပါတယ္။

အက်ဥ္းခ်ဳပ္ရရင္ တပ္ရင္းမႉးေတြ ထြက္မတိုက္ရဲေလာက္ေအာင္ ျဖစ္လာတာက PDF ေတြရဲ့ ေအာင္ပြဲပါ။ ေလသူရဲေကာင္းေတြလဲ ေျမျပင္ေပၚမွာ သူတို႔နဲ႔ သူတို႔မိသားစုေတြ မုန႔္ဟင္းခါးေကၽြးတာခံရရင္အခ်ိဳးေျပာင္းသြားမွာပါ။

သူတို႔ဟာ ဘယ္လိုအေျခအေနမွာ အာဏာဖီဆန္လဲဆိုတာသိရင္ ထိုအေျခအေနျဖစ္ေအာင္ ျပည္သူေတြက NUG ၊ PDF တို႔နဲ႔ ဝိုင္းလုပ္ၾကပါလို႔ ေျပာပါရေစ။

Myat Tun Oo