ၾကားသိသမွ်

၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၂ ခုနှစ် မတ်လအတွင်း ‌ဖြစ်ပေါ်လာနိုင်သည့် လာနီညာအခြေအနေသတင်း

၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၂ ခုနှစ် မတ်လအတွင်း ‌ဖြစ်ပေါ်လာနိုင်သည့် လာနီညာအခြေအနေသတင်း

ဒီဇင်ဘာလအတွင်းမှာ လာနီညာ ပိုမိုအားကောင်းလာနေပြီး လာမယ့် ၂၀၂၂ ဖေဖော်ဝါရီလအထိ သက်ရောက်နိုင်တယ်လို့ မိုးလေဝသ စုစုစံ

မှ ခန့်မှန်းပေးထားပါတယ်။

လာနီညာကြောင့် မြန်မာရာသီဥတုအနေနဲ့ ၂၀၂၂ မတ်၊ ဧပြီ၊ မေ လတွေမှာ အပူချိန်လျော့နည်းနိုင်ပြီး သင့်တင့်မျှတတဲ့ရာသီဥတုကို ရရှိစေ

နိုင်ပြီး ဆိုးရွားပြင်းထန်တဲ့ ရာသီဥတုမျိုး မဖြစ်ပေါ်ပဲ ရာသီဥတု သာယာမယ်လို့ ခန့်မှန်းပေးထားပါတယ်။

မိုးလေဝသ SU SU SAN က ”lanina လာနီညာဆိုသောကောင်မလေးသည် ၂၀၂၁ ဒီဇင်ဘာလအတွင်း ပိုမိုအားကောင်းလာနေပြီး အေး

သောရာသီဥတုကိုဖော်ကျူးနေပါတယ် ၂၀၂၂ ဖော်ဖော်ဝါရီလအထိ သက်ရောက်နိုင်ပြီး


၂၀၂၂ မတ်ဧပြီ မေ မြန်မာ့နွေရာသီမှာကြားနေကာလတစ်ခုကိုရောက်ရှိစေနိုင်ပါတယ်။ ENSO သည် မြန်မာနိုင်ငံအတွက် သင့်တင့်မျှတတဲ့

ရာသီဥတုကိုရရှိစေနိုင်ပြီး ဆိုးရွားပြင်းထန်တဲ့ရာသီဥတုမျိုးမဖြစ်ပေါ်နိုင်ပါဘူး။ မြန်မာ့ချစ်အမျိုးတို့ရေ ရာသီဥတုသာယာပြီး အေးချမ်း

သာယာတဲ့နိုင်ငံတော်ကြီး အမြန်ဖြစ်ပေါ်လာပါစေ” ဆိုပြီး ကြိုတင်ခန့်မှန်းပေးထားပါတယ်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၂ ခုနှစ် မတ်လအတွင်းဖြစ်ပေါ်လာနိုင်သည့် လာနီညာအခြေအနေနှင့်ပတ်သက်ပြီး မိုးဇလရဲ့ထုတ်ပြန်ချက်

မှာ ”အီကွေတာအနီးရှိအပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean)၏ပင်လယ်ရေမျက်နှာပြင်အပူချိန်နှင့်လေထုဖြစ်စဉ်များမှာ

အားအသင့်အတင့်ရှိသော လာနီညာအခြေအနေသို့ ရောက်ရှိနေပါသည်။


နိုင်ငံတကာ မိုးလေဝသဌာနများ၏ သင်္ချာပုံစံပြုမော်ဒယ်များခန့်မှန်းချက်အရ ယခုလက်ရှိမှ လာမည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်းအား

အသင့်အတင့်ရှိသောလာနီညာအဆင့်တွင် ဆက်လက်တည်ရှိနိုင်ပြီး၊ ဖေဖော်ဝါရီလနှင့်မတ်လများတွင် အားအနည်းငယ်ရှိသောလာနီညာ

အဆင့်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။

လာနီညာဖြစ်စဉ်သည်ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့် ဖြစ်စဉ်ဖြစ်သော်လည်း အဆိုပ လာနီညာဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ

ယေဘုယျအားဖြင့်ဆောင်းရာသီကာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင်မုန်တိုင်းများပိုမိုဖြစ်ပေါ်လာနိုင်ခြင်း


အရှေ့မြောက်မုတ်သုံလေအားကောင်းမှုကြောင့် မြန်မာနိုင်ငံတွင် ညအပူချိန်များလျော့နည်းခြင်း၊ အအေးပိုခြင်း၊အရှေ့ဘက်မှလေပွေလှိုင်း

များတိုက်ခတ်ခြင်း၊အချိန်အခါမဟုတ် မိုးရွာသွန်းမှုဖြစ်စဉ်များပိုမိုဖြစ်ပေါ်လာခြင်းစသည့် ရာသီဉတုဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိပါသည်။

လာနီညာဖြစ်ပေါ်မှုနှင့်ပတ်သက်သည့် အခြေအနေများအားအချိန်နှင့်တစ်ပြေးညီဆက်လက်ထုတ်ပြန် ပေးသွားမည် ဖြစ်ပါသည်” ဆိုပြီး

သတင်းထုတ်ပြန်ပေးထားပါတယ်။

Photo Via SU SU SAN (Advanced Weather Forecaster)











