ၾကားသိသမွ်

မြန်မာပြည်သူတွေကို ကြိုဆိုနေတဲ့ထိုင်းစစ်သားတစ်ဦးရဲ့ ရင်တွင်းခံစားချက်

ထိုင်းနိုင်ငံ တခ်ခရိုင်မဲဆောက်မြို့နယ် ( နယ်စပ်အနီး ) သောင်းရင်းမြစ်ကမ်းဘေး ကားလမ်းတစ်လျှောက် အမှတ် [ ၃၄၆ ]နယ်ခြားစောင့်

တပ်နှင့်အတူ ၊ ခြေလျင်တပ်များ ၊ ယန္တယားတပ်များမှ V150 အမြှောက်ကားများဖြင့်ကင်းလှည့်နေပုံအား ယမန်နေ့ ညနေပိုင်းကမြင်တွေ့ရ

ပါတယ်။

မြန်မာနိုင်ငံ ကရင်ပြည်နယ်မြဝတီမြို့နယ်အတွင်း ၁၀ ရက်တာ တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ပြည်သူများနေ့စဉ်ထောင်ချီကာ သောင်း

ရင်းမြစ်ကိုဖြတ်ကူးလျှက်ရှိနေကြောင်း သိရပါတယ်။

မနေ့က ထိုင်း – မြန်မာ နယ်စပ် ၊ မြဝတီဒေသမှာ လက်နက်ကြီး လနက်ငယ်သံတွေ ၊ ပေါက်ကွဲသံတွေကြားနေရချိန် ကျွန်တော်တို့ ထိုင်း

တပ်မတော်သားတွေကလည်း မိမိနိုင်ငံရဲ့ Borderline & Border Point တွေမှာ နယ်မြေလုံခြုံရေးအရ စောင့်ရှောက်ကာကွယ်နေကြရပါ

တယ် ။

ဒီလိုအချိန်မှာ မြန်မာဘက်ကနေ မိတ်ဆွေမြန်မာနိုင်ငံသား တိုင်းရင်းသားမိဘညီအကိုမောင်နှမနဲ့ လူမမယ်ကလေးသူငယ် အဘိုးအဘွား ၊

သားသယ်မိခင်တွေ ခင်မြှာ စစ်ကိုကြောက်ရွံ့မုန်းတီးပြီး ကျွန်တော်တို့နိုင်ငံဘက်ကို အသက်လုပြေးလာချိန် ကျွန်တော်တို့ လူသားဆန်စွာနဲ့

နွေးထွေးစွာကြိုဆိုရမှာဖြစ်ပါတယ် ။


ကိုဗစ်ကပ်ဆိုးရောဂါကိုကာကွယ်တာဆီးနေချိန် ဒီလိုနယ်စပ်ကို မည်သူတစ်ဦးတစ်ယောက်မှ ဖြတ်သန်းသွားလာခွင့်မရှိပေမယ့် ယခုလို

စစ်ပွဲတွေကြောင့် အပြန်အလှန်ပစ်ခတ်ဆူညံပေါက်ကွဲသံတွေနဲ့အတူ ယမ်းငွေ့တွေကြား အန္တရာယ်တွေကြားကနေ သက်စွန့်ဆံဖျား မြစ်ကို

ကူးခတ်လာတဲ့သူတွေထဲမှာ ကလေးငယ်တစ်ဦး ဖိနပ်ကမပါ ၊ ရေကဆာနဲ့ ကျွန်တော့်သားငယ်လေးအရွယ်ပါ ၊ ပါလာတဲ့ရေတစ်ဗူးကို

ထုတ်ပေးလိုက်ချိန် လက်အုပ်ကလေးချီကာ မပီကလာ ပီကလာနဲ့ ထိုင်းလို “ ခေါဗ်ခွန်းခဗ် ” ဆိုတဲ့စကားသံလေးက ရင်ထဲနင့်ကနဲနေ

အောင်ခံစားလိုက်ရတယ် ။ သူ့ရဲ့အပြုံးလေးက မျက်စေ့ထဲကနေ ဘယ်တော့မှထွက်မှာ မဟုတ်တော့ပါဘူး ။


ကျွန်တော်တို့ထိုင်းလူမျိုးတွေဟာ မြန်မာပြည်သူ / သားအားလုံးကိုချစ်ခင်ပါတယ် ၊ အားလုံးဘေးရန်ကင်းရှင်းကြပါစေ ၊ ကမ္ဘာမြေတစ်ခုထဲ

မှာအတူတူနေထိုင်နေကြတဲ့သူတွေပါ ။

ယာယီစစ်ဘေးရှောင်အဖြစ်ရောက်ရှိလာကြတဲ့ မြန်မာနိုင်ငံသားတွေကိုကျွန်တော်တို့ မဲဆောက်နယ်မြေခံတပ်ဖွဲ့ဝင်တွေက မိတ်ဆွေ

ကောင်းပီသစွာနဲ့ ကူညီစောင့်ရှောက်ပေးသွားပါ့မယ်။

စစ်ပွဲများမြန်မြန်ကုန်ဆုံးပါစေ ဗျာ

Sithu Maung ဘာသာပြန်ဆိုသည်

ထိုင်းနိုင်ငံ တခ်ခရိုင်မဲဆောက်မြို့နယ် ( နယ်စပ်အနီး ) သောင်းရင်းမြစ်ကမ်းဘေး ကားလမ်းတစ်လျှောက် အမှတ် [ ၃၄၆ ]နယ်ြ

ခားစောင့်တပ်နှင့်အတူ ၊ ခြေလျင်တပ်များ ၊ ယန္တယားတပ်များမှ V150 အမြှောက်ကားများဖြင့်ကင်းလှည့်နေပုံအား ယမန်နေ့ ညနေပိုင်းကမြင်တွေ့ရပါတယ်။


မနေ့က ထိုင်း – မြန်မာ နယ်စပ် ၊ မြဝတီဒေသမှာ လက်နက်ကြီး လနက်ငယ်သံတွေ ၊ ပေါက်ကွဲသံတွေကြားနေရချိန် ကျွန်ေ

တ်ာတို့ ထိုင်းတပ်မတော်သားတွေကလည်း မိမိနိုင်ငံရဲ့ Borderline & Border Point တွေမှာ နယ်မြေလုံခြုံရေးအရ စောင့်ရှောက်ကာကွယ်နေကြရပါတယ် ။



ကိုဗစ်ကပ်ဆိုးရောဂါကိုကာကွယ်တာဆီးနေချိန် ဒီလိုနယ်စပ်ကို မည်သူတစ်ဦးတစ်ယောက်မှ ဖြတ်သန်းသွားလာခွင့်မရှိပေမယ့် ယခုလို စစ်ပွဲတွေကြောင့် အပြန်အလှန်ပစ်ခတ်ဆူညံပေါက်ကွဲသံတွေနဲ့အတူ ယမ်းငွေ့တွေကြား အန္တရာယ်တွေကြားကနေ သက်စွန့်ဆံဖျားြ

မစ်ကိုကူးခတ်လာတဲ့သူတွေထဲမှာ ကလေးငယ်တစ်ဦး ဖိနပ်ကမပါ ၊ ရေကဆာနဲ့ ကျွန်တော့်သားငယ်လေးအရွယ်ပါ ၊ ပါလာတဲ့ရေတစ်ဗူးကိုထုတ်ပေးလိုက်ချိန် လက်အုပ်ကလေးချီကာ မပီကလာ ပီကလာနဲ့ ထိုင်းလို “ ခေါဗ်ခွန်းခဗ် ” ဆိုတဲ့စကားသံလေးက ရင်ထဲနင့်ကနဲနေအောင်ခံစားလိုက်ရတယ် ။




