ၾကားသိသမွ်

ကော့ကရိတ်-မြဝတီ အာရှလမ်းမှာ တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုနဲ့ BGFက ၁ဝဦးထက်မနည်းသေစစ်ကောင်စီမှ မွန်းလွဲ ၁ နာရီ အချိန် လေယာဉ်ဖြင့် ပစ်နေ(ရုပ်သံ)

ကော့ကရိတ်-မြဝတီ အာရှလမ်းမှာ တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုနဲ့ BGFက ၁ဝဦးထက်မနည်းသေစစ်ကောင်စီမှ မွန်းလွဲ ၁ နာရီ အချိန်

လေယာဉ်ဖြင့် ပစ်နေ

ကော့ကရိတ်-မြဝတီ အာရှလမ်းသစ် လမ်းပိုင်းပေါ်ရှိ KNU ကရင်အမျိုးသားအစည်းအရုံး မွေးမြူရေးခြံအနီးကို အကြမ်းဖက်စစ်အုပ်စုနဲ့

BGFက ဝင်ရောက်စစ်ကြောင်းထိုး တိုက်ခိုက်ခဲ့တာကြောင့် KNLAက ခုခံစစ်ဆင်နွှဲခဲ့ရပြီး စစ်အုပ်စုက ၁ဝဦးထက်မနည်း သေဆုံးခဲ့တယ်

လို့ သိရပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ ၂၆ရက်နေ့ မနက် ၆နာရီခန့်မှာ အကြမ်းဖက်စစ်အုပ်စုက နယ်မြေကျူးကျော် စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး ကော့က

ရိတ်အခြေစိုက် ခမရ ၉ရတပ်ရင်းက နေပူခံ အမြှောက်ကုန်းကနေ ၁၂ဝမမ အမြှောက်တွေနဲ့ ၁ဝကြိမ်ထက်မနည်း ပစ်ကူပေးခဲ့တယ်လို့ သိရ

ပါတယ်။


“မနက်စောစော သူတို့ အာရှလမ်းမဘေးတောလမ်းအတိုင်း စစ်ကြောင်း တက်လာတယ်။ KNU မွေးမြူရေးခြံ နဲ့ BGF ပိုင်တဲ့ တောနော်

ရေတံခွန်စခန်းနားမှာ တိုက်ပွဲစဖြစ်တယ်။ စစ်ကောင်စီနဲ့ BGF တွေ ၁ဝယောက် ထက်မနည်း အာရှလမ်းပေါ် သေနေပြီ။ KNLA ပစ်တဲ့

RPG ထိမှန်တာရယ် ၊ သေနတ်မှန်တာရယ်ကြောင့် စစ်ကြောင်း ရပ်သွားတယ်။ “လို့ တိုက်ပွဲအတွင်း ပါဝင်နေသူ KNLAတပ်ဖွဲ့ဝင်တစ်ဦးက

KICသတင်းဌာနမှာ ဖြေကြားထားခဲ့ပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ ကော့ကရိတ် မြဝတီဘက်အခြမ်း KNUတပ်မဟာ ၆နယ်မြေအတွင်းမှာ လေကြောင်းပစ်ကူတွေပါ အသုံးပြုပြီး

ထိုးစစ်ဆင်တိုက်ခိုက်နေတာဟာ ၁၂ရက်ခန့်ရှိလာနေပြီး တိုက်ပွဲတွေကြောင့် ကောကရိတ်ဒေသအတွင်း ကော့နွဲ၊ တတန်ကူး၊ အံကောင်၊ က

မိုင်ကုန်းစတဲ့ ကျေးရွာတွေက ဒေသခံထောင်နဲ့ချီကာ နေရပ်စွန့်ခွာပြီး စစ်ဘေးတိမ်းရှောင်နေခဲ့ရပါတယ်။

မြဝတီတောင်ဘက်ခြမ်း လေးကေကော်ဒေသဘက်မှာ မယ့်ထော်သလေး၊ မင်းလက်ပံ၊ ဖလူးကြီး၊ ဖလူးလေး၊ အင်ကြင်းမြိုင်၊ လေးကေ

ကော်၊ ဘဟိကလော်၊ ထီးမယ်ဝါးခီး၊ ရသေ့ဂူ၊ သေ့ဘောဘိုး ကျေးရွာတွေ့ ဒေသခံတွေဟာ ထိုင်နိုင်ငံအခြမ်းနဲ့ မြန်မာဘက်ခြမ်း သောင်း

ရင်းမြစ် နယ်စပ်တစ်လျှောက်မှာ သောင်းနဲ့ချီကာ စစ်ဘေးတိမ်းရှောင်နေခဲ့ရပါတယ်။

ကော့ကရိတ်တောင်ဘက် မနက်က တိုက်ပွဲဖြစ်ပွားခဲ့သော မွေးမြူရေးဇုံ နေရာအနီး စစ်ကောင်စီမှ မွန်းလွဲ ၁ နာရီ အချိန် လေယာဉ်ဖြင့် ပစ်

နေ

ပုံ-ဒေသခံ

Credit- KIC




ဒီကနေ့ ဒီဇင်ဘာလ ၂၆ရက်နေ့ မနက် ၆နာရီခန့်မှာ အကြမ်းဖက်စစ်အုပ်စုက နယ်မြေကျူးကျော် စစ်ကြောင်းထိုး ဝင်ရောက်ခြဲ့

ပီး ကော့ကရိတ်အခြေစိုက် ခမရ ၉၇တပ်ရင်းက နေပူခံ အမြှောက်ကုန်းကနေ ၁၂၀မမ အမြှောက်တွေနဲ့ ၁၀ကြိမ်ထက်မနည်း ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။





မြဝတီတောင်ဘက်ခြမ်း လေးကေကော်ဒေသဘက်မှာ မယ့်ထော်သလေး၊ မင်းလက်ပံ၊ ဖလူးကြီး၊ ဖလူးလေး၊ အင်ကြင်ြး

မိုင်၊ လေးကေကော်၊ ဘဟိကလော်၊ ထီးမယ်ဝါးခီး၊ ရသေ့ဂူ၊ သေ့ဘောဘိုး ကျေးရွာတွေ့ ဒေသခံတွေဟာ ထိုင်နိုင်ငံအခြမ်းနဲ့ မြန်မာဘက်ခြမ်း သောင်းရင်းမြစ် နယ်စပ်တစ်လျှောက်မှာ သောင်းနဲ့ချီကာ စစ်ဘေးတိမ်းရှောင်နေခဲ့ရပါတယ်။


ပုံ-ဒေသခံ

Credit- KIC