ၾကားသိသမွ်

ထိုင်း-မြန်မာနယ်စပ်ရှိ စာသင်ကျောင်းတွင် ကျောင်းသားကျောင်းသူများကို လက်နက်ကြီးကျည် တိမ်းရှောင်နည်း သင်ပေး

ထိုင်း-မြန်မာနယ်စပ်ရှိ စာသင်ကျောင်းတွင် ကျောင်းသားကျောင်းသူများကို လက်နက်ကြီးကျည် တိမ်းရှောင်နည်း သင်ပေး

ရန်ကုန်၊ ဒီဇင်ဘာ ၂၅

ထိုင်းနိုင်ငံ၊ မဲဟောင်ဆောင်ခရိုင်၊ ဘန့်ထာ့ထဖန်ကျေးရွာရှိ စာသင်ကျောင်းတစ်ခုရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများကို

တိုက်ပွဲဖြစ်လာလျှင် အရေးပေါ် ပုန်းခိုတိိမ်းရှောင်နည်း အထူးသင်တန်းတစ်ခုကို ယမန်နေ့ ဒီဇင် ဘာလ ၂၅ ရက်တွင် ထိုင်းနယ်ခြားစောင့်

တပ်ရင်း ၃၆ က ပေးခဲ့ကြောင်း ထိုင်းသတင်း The Nation တွင် ဖော်ပြသည်။


ထိုင်း-မြန်မာနယ်စပ်တွင် တိုက်ပွဲများဖြစ်ပွားလာပြီး အနီးဝန်းကျင်သို့ လက် နက်ကြီးများ မကျရောက်ခင် ကြိုတင်ပြင်ဆင်နိုင်ရန်

သင်တန်းပေးခြင်းဟု သိရှိရသည်။

အဆိုပါ ဒေသသည် ကရင်ပြည်နယ်၊ ဒါးဂွင်ဒေသနှင့် မျက်နှာခြင်းဆိုင်နေရာတွင် တည်ရှိပြီး နယ်စပ်မျဉ်းအဖြစ် သံလွင်မြစ်က စီးဆင်းလျက်

ရှိသည့်ဒေသဖြစ်ကြောင်း သိရှိရသည်။


အဆိုပါ ဒါးဂွင်ဒေသ သံလွင်မြစ်ကမ်းဘေးတွင် အကြမ်းဖက်စစ်ကောင်စီ၏ အခြေစိုက်စခန်း သုံးခုခန့်ရှိပြီး စက်တင်ဘာလအတွင်း ကရင်

အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ကာ လက်နက်ကြီးကျည် ၃ လုံးခန့် ထိုင်းနိုင်ဘက်

ခြမ်းရှိ ဘန့်ထာ့ထဖန်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။


လက်ရှိတွင် KNU တပ်မဟာ ၆ နယ်မြေ လေးကေ့ကော်ဒေသတွင်လည်း တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားနေခဲ့ပြီး စစ်ကောင်စီမှ ပစ်ခတ်

သော လက်နက်ကြီးကျည် အနည်းဆုံး ၁၅ လုံးခန့် ထိုင်းနိုင်ငံဘက်ခြမ်းရှိ မဲဆောက်မြို့နယ်အတွင်း ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရှိရ

သည်။

Photo – The Nation


ရန်ကုန်၊ ဒီဇင်ဘာ ၂၅


များကို တိုက်ပွဲဖြစ်လာလျှင် အရေးပေါ် ပုန်းခိုတိမ်းရှောင်နည်း အထူးသင်တန်းတစ်ခုကို ယမန်နေ့ ဒီဇင် ဘာလ ၂၅ ရက်တွင် ထိုင်းန


ထိုင်း-မြန်မာနယ်စပ်တွင် တိုက်ပွဲများဖြစ်ပွားလာပြီး အနီးဝန်းကျင်သို့ လက် နက်ကြီးများ မကျရောက်ခင် ကြိုတင်ပြင်ဆင်နိုင်ရန် သင်တန်းပေြး

ခင်းဟု သိရှိရသည်။








ည်ဟု သိရှိရသည်။

Photo – The Nation