ၾကားသိသမွ်

တန့်ဆည်မြို့နယ် မြောက်အင်းကျေးရွာကို မီးရှို့ခဲ့သည့် စစ်ကောင်စီအဖွဲ့ ရွာမှ အထွက် မိုင်းဖောက်ခွဲခံရ

တန့်ဆည်မြို့နယ် မြောက်အင်းကျေးရွာတွင် အကြမ်းဖက် စစ်ကောင်စီမှ နေအိမ်များကို မီးရှို့ရာ လတ်တလော နေအိမ် ၆ လုံးခန့် မီးလောင်

ကျွမ်း၊ မီးရှို့ခဲ့သည့် စစ်ကောင်စီအဖွဲ့ ရွာမှ အထွက် မိုင်းဖောက်ခွဲခံရ

ရန်၊ကုန်၊ ဒီဇင်ဘာ ၂၆

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ရေဦးကုန်းအုပ်စု မြောက်အင်းကျေးရွာတွင် အကြမ်းဖက် စစ်ကောင်စီမှ ယနေ့ ဒီဇင်ဘာ ၂၆ ရက်နေ့တွင်

ပြည်သူများ၏ နေအိမ်များကို မီးစတင်ရှို့နေကြောင်း ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။


“မနက် ၈ နာရီလောက်ကတည်းက ချောင်းဆုံရွာ-ဖလံချိုင့်-ရေဦးကုန်းရွာတွေကို ခြေလျင်ဆင်းလာခဲ့တာ။ မြောက်အင်းရွာကတော့ ၁၁

နာရီခွဲလောက်က စတင်ရှို့နေတာပါဗျ။ မီးတင်ရှို့နေတာ ၆ လုံးရှိသွားပါပြီ” ဟု ၎င်းက ပြောပြသည်။

လက်ရှိအချိန်တွင် မီးတောက်အရှိန် ပိုများနေကာ နေအိမ်များကို မီးဆက်လက်လောင်နေပြီး ရွာသူရွာသားများ အားလုံး တောထဲတွင်

ရှောင်နေကြရသည့်အတွက် မီးငြှိမ်းသတ်နိုင်ခြင်း မရှိပေ။


မြောက်အင်းကျေးရွာရှိ နေအိမ်များကို မီးရှို့သည့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် လက်ရှိအချိန်တွင် မြောက်အင်းရွာမှ ထွက်

ခွာသွားပြီး မြောက်အင်းရွာ မြောက်ဘက်အထွက်တွင် မိုင်းတစ်လုံးဖောက်ခွဲ တိုက်ခိုက်ခံရကြောင်း ဒေသခံများက ပြောကြားသည်။


ပြည်သူများ၏ နေအိမ်များကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်စစ်ကောင်စီတပ်၏ မိုင်းဖောက်ခွဲတိုက်ခိုက်ခံရမှုတွင် ၎င်း

တို့၏ အထိအခိုက် အကျအဆုံးကို မသိရှိရသေးပေ။

ပုံစာ – မြောက်အင်းကျေးရွာရှိ နေအိမ်များ မီးလောင်ကျွမ်းနေပုံ

တန႔္ဆည္ၿမိဳ႕နယ္ ေျမာက္အင္းေက်းရြာတြင္ အၾကမ္းဖက္ စစ္ေကာင္စီမွ ေနအိမ္မ်ားကို မီးရွို႔ရာ လတ္တေလာ ေနအိမ္ ၆ လုံးခန႔္

မီးေလာင္ကၽြမ္း၊ မီးရွို႔ခဲ့သည့္ စစ္ေကာင္စီအဖြဲ႕ ရြာမွ အထြက္ မိုင္းေဖာက္ခြဲခံရ

ရန္၊ကုန္၊ ဒီဇင္ဘာ ၂၆

စစ္ကိုင္းတိုင္း၊ တန႔္ဆည္ၿမိဳ႕နယ္၊ ေရဦးကုန္းအုပ္စု ေျမာက္အင္းေက်းရြာတြင္ အၾကမ္းဖက္ စစ္ေကာင္စီမွ ယေန႔ ဒီဇင္ဘာ ၂၆ ရ

က္ေန႔တြင္ ျပည္သူမ်ား၏ ေနအိမ္မ်ားကို မီးစတင္ရွို႔ေနေၾကာင္း ေဒသခံတစ္ဦးက ရန္ကုန္ေခတ္သစ္သို႔ ေျပာဆိုသည္။

“မနက္ ၈ နာရီေလာက္ကတည္းက ေခ်ာင္းဆုံရြာ-ဖလံခ်ိဳင့္-ေရဦးကုန္းရြာေတြကို ေျခလ်င္ဆင္းလာခဲ့တာ။ ေျမာက္အင္းရြာ

ကေတာ့ ၁၁ နာရီခြဲေလာက္က စတင္ရွို႔ေနတာပါဗ်။ မီးတင္ရွို႔ေနတာ ၆ လုံးရွိသြားပါၿပီ” ဟု ၎က ေျပာျပသည္။

လက္ရွိအခ်ိန္တြင္ မီးေတာက္အရွိန္ ပိုမ်ားေနကာ ေနအိမ္မ်ားကို မီးဆက္လက္ေလာင္ေနၿပီး ရြာသူရြာသားမ်ား အားလုံး ေတာထဲတြင္ ေ

ရွာင္ေနၾကရသည့္အတြက္ မီးျငႇိမ္းသတ္နိုင္ျခင္း မရွိေပ။

ေျမာက္အင္းေက်းရြာရွိ ေနအိမ္မ်ားကို မီးရွို႔သည့္ အၾကမ္းဖက္ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ားသည္ လက္ရွိအခ်ိန္တြင္ ေျမာက္အင္းရြာမွ

ထြက္ခြာသြားၿပီး ေျမာက္အင္းရြာ ေျမာက္ဘက္အထြက္တြင္ မိုင္းတစ္လုံးေဖာက္ခြဲ တိုက္ခိုက္ခံရေၾကာင္း ေဒသခံမ်ားက ေျပာၾကား

သည္။

ျပည္သူမ်ား၏ ေနအိမ္မ်ားကို အေၾကာင္းမဲ့ မီးရွို႔ဖ်က္ဆီးခဲ့သည့္ အၾကမ္းဖက္စစ္ေကာင္စီတပ္၏ မိုင္းေဖာက္ခြဲတိုက္ခိုက္ခံရမႈတြင္

၎တို႔၏ အထိအခိုက္ အက်အဆုံးကို မသိရွိရေသးေပ။

ပုံစာ – ေျမာက္အင္းေက်းရြာရွိ ေနအိမ္မ်ား မီးေလာင္ကၽြမ္းေနပုံ