ၾကားသိသမွ်

စစ်ကောင်စီဖိအားပေးမှုကြောင့် တောင်ကြီးမြို့ရှိ တန်ဖိုးနည်း ထမင်းဆိုင်များရပ်နားရန်ရှိနေ

စစ်ကောင်စီဖိအားပေးမှုကြောင့် တောင်ကြီးမြို့ရှိ တန်ဖိုးနည်း ထမင်းဆိုင်များရပ်နားရန်ရှိနေ

မဲခေါင်၊ ဒီဇင်ဘာ ၂၅

စစ်ကောင်စီလက်အောက်ခံ ရဲနှင့် စစ်တပ်၏ ဖိအားပေးမှုကြောင့် ‌ရှမ်းပြည်နယ်၏ မြို့တော်၊ တောင်ကြီးမြို့တွင် ဖွင့်လှစ်လျက်ရှိသည့်

၅၀၀ကျပ်တန်၊ ၇၀၀ကျပ်တန် ထမင်းဆိုင်များကို ရပ်နားတော့မည်ဖြစ်ကြောင်း ထမင်းဆိုင်ဖွင့်လှစ်သူများနှင့် နီးစပ်သူများထံမှ သိရသည်။

အခြေခံလူတန်းစားများ အဆင်ပြေသက်သာစေရေးအတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ထားသည့် ၅၀၀ကျပ်တန်၊ ၇၀၀ကျပ်တန်အဝစားဆိုင်ဖွင့်

လှစ်ထားသူများနှင့် ၎င်းတို့၏ မိသားစုဝင်များကို စစ်ကောင်စီက စစ်ဆေးမေးမြန်းကာ ခြိမ်းခြောက်မှုများ ရှိလာနေကြောင်း ထမင်းဆိုင်ဖွင့်

သူတစ်ဦး၏ မိတ်ဆွေက ပြောသည်။


“ပုဒ်မအမျိုးမျိုးပြောပြီး ခြိမ်းခြောက်တာတွေ လုပ်တယ်။ တစ်အိမ်လုံးကို စစ်ဆေးမေးမြန်းတယ်။ သူ့ကိုသိလား၊ ဘယ်သူထောက်ပံ့ပေး

သလဲဘာညာနဲ့ အကုန်မေးတာတဲ့။ ဆိုင်က အလှူလည်းဖြစ်တယ်၊ ကိုယ့်လိုလူတွေလည်း အဆင်ပြေပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွင့်ထား

တာ။ အမြတ်ရ‌တာမျိုးမပြောနဲ့ အရင်းတောင်မကျေဘူး။ အခုလိုမျိုးဖိအားပေးလာတာကြောင့် ရပ်နားတော့မယ်လို့ ပြောတယ်”ဟု နီးစပ်သူ

တစ်ဦးက ပြောသည်။


အခြေခံလူတန်းစားများ အဆင်ပြေသက်သာစေရန် အတွက် တောင်ကြီးမြို့တွင် အဝေရာမီးပုံးပျံကွင်း အနီးရှိ ဘူတာဈေး၌ တန်ဖိုးနည်း

“အဝစား” ၅၀၀ကျပ် ထမင်းဆိုင်၊ ကျောင်းကြီးစုရပ်ကွက်တွင် ကျပ် ၅၀၀ တန် “ဇလုံ” ထမင်းဆိုင်၊ ရေအေးကွင်းရပ်ကွက်တွင် ၅၀၀ကျပ်

တန် အ၀စား ထမင်းဆိုင်နှင့် နာရီစင်ညဈေးတွင် အဝစား၇၀၀ကျပ်တန် ဇလုံထမင်းဆိုင်များဖွင့်လှစ်ထားခြင်း ဖြစ်သည်။


“အဓိကတော့ ကျွန်တော်တို့ ရပ်ကွက် လက်လုပ်လက်စားသမားတွေ များတယ်။ ဒီလိုတန်ဖိုးနည်းထမင်းဆိုင်တွေက အခြေခံလူတန်းစား

စားသုံးသူတွေ အဆင်ပြေဖို့အတွက် ဆောင်ရွက်ပေးထားဆိုတော့ ကျွန်တော်တို့အနေနဲ့ ကြိုဆိုတယ်။ ဒါကို စစ်ကောင်စီက သူတို့

လက်ထက်မှာ အခြေခံလူတန်းစားတွေ ကြပ်တည်းမှုကို ဖော်ပြတဲ့ပုံရိပ်မျိုးဖြစ်နေတဲ့အတွက် မပိတ်ပိတ်အောင် ဖိအားပေးတာလို့ ထင်ပါ

တယ်”ဟု ဒေသခံပြည်သူတစ်ဦးက ပြောသည်။

လက်ရှိ အခြေအနေအရ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာမှု‌ကြောင့် ပြည်သူအများ ဝင်ငွေ နည်းပါးနေချိန် ယင်းကဲ့သို့ တန်ဖိုးနည်း

“အဝစား” ထမင်းဆိုင်များ ဖွင့်လှစ်ရောင်းချမှု အပေါ် ဒေသခံများက ကြိုဆိုနေကြသော်လည်း စစ်ကောင်စီကမူ ဖိအားပေးပိတ်ခိုင်းနေခြင်း

ဖြစ်သည်။ #MeKongNews

Zawgyi

စစ္ေကာင္စီဖိအားေပးမႈေၾကာင့္ ေတာင္ႀကီးၿမိဳ႕ရွိ တန္ဖိုးနည္း ထမင္းဆိုင္မ်ားရပ္နားရန္ရွိေန

မဲေခါင္၊ ဒီဇင္ဘာ ၂၅

စစ္ေကာင္စီလက္ေအာက္ခံ ရဲႏွင့္ စစ္တပ္၏ ဖိအားေပးမႈေၾကာင့္ ‌ရွမ္းျပည္နယ္၏ ၿမိဳ႕ေတာ္၊ ေတာင္ႀကီးၿမိဳ႕တြင္ ဖြင့္လွစ္လ်က္ရွိသည့္ ၅၀၀က်ပ္တန္၊ ၇၀၀က်ပ္တန္ ထမင္းဆိုင္မ်ားကို ရပ္နားေတာ့မည္ျဖစ္ေၾကာင္း ထမင္းဆိုင္ဖြင့္လွစ္သူမ်ားႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။

အေျခခံလူတန္းစားမ်ား အဆင္ေျပသက္သာေစေရးအတြက္ ရည္ရြယ္ၿပီး ဖြင့္လွစ္ထားသည့္ ၅၀၀က်ပ္တန္၊ ၇၀၀က်ပ္တန္အဝစားဆိုင္ဖြင့္လွစ္ထားသူမ်ားႏွင့္ ၎တို႔၏ မိသားစုဝင္မ်ားကို စစ္ေကာင္စီက စစ္ေဆးေမးျမန္းကာ ၿခိမ္းေျခာက္မႈမ်ား ရွိလာေနေၾကာင္း ထမင္းဆိုင္ဖြင့္သူတစ္ဦး၏ မိတ္ေဆြက ေျပာသည္။

“ပုဒ္မအမ်ိဳးမ်ိဳးေျပာၿပီး ၿခိမ္းေျခာက္တာေတြ လုပ္တယ္။ တစ္အိမ္လုံးကို စစ္ေဆးေမးျမန္းတယ္။ သူ႔ကိုသိလား၊ ဘယ္သူေထာက္ပံ့ေပးသလဲဘာညာနဲ႔ အကုန္ေမးတာတဲ့။

ဆိုင္က အလႉလည္းျဖစ္တယ္၊ ကိုယ့္လိုလူေတြလည္း အဆင္ေျပပါေစဆိုတဲ့ ရည္ရြယ္ခ်က္နဲ႔ ဖြင့္ထားတာ။ အျမတ္ရ‌တာမ်ိဳးမေျပာနဲ႔ အရင္းေတာင္မေက်ဘူး။ အခုလိုမ်ိဳးဖိအားေပးလာတာေၾကာင့္ ရပ္နားေတာ့မယ္လို႔ ေျပာတယ္”ဟု နီးစပ္သူတစ္ဦးက ေျပာသည္။

အေျခခံလူတန္းစားမ်ား အဆင္ေျပသက္သာေစရန္ အတြက္ ေတာင္ႀကီးၿမိဳ႕တြင္ အေဝရာမီးပုံးပ်ံကြင္း အနီးရွိ ဘူတာေဈး၌ တန္ဖိုးနည္း “အဝစား” ၅၀၀က်ပ္ ထမင္းဆိုင္၊ ေက်ာင္းႀကီးစုရပ္ကြက္တြင္ က်ပ္ ၅၀၀ တန္ “ဇလုံ” ထမင္းဆိုင္၊ ေရေအးကြင္းရပ္ကြက္တြင္ ၅၀၀က်ပ္တန္ အ၀စား ထမင္းဆိုင္ႏွင့္ နာရီစင္ညေဈးတြင္ အဝစား၇၀၀က်ပ္တန္ ဇလုံထမင္းဆိုင္မ်ားဖြင့္လွစ္ထားျခင္း ျဖစ္သည္။

“အဓိကေတာ့ ကၽြန္ေတာ္တို႔ ရပ္ကြက္ လက္လုပ္လက္စားသမားေတြ မ်ားတယ္။ ဒီလိုတန္ဖိုးနည္းထမင္းဆိုင္ေတြက အေျခခံလူတန္းစားစားသုံးသူေတြ အဆင္ေျပဖို႔အတြက္ ေဆာင္ရြက္ေပးထားဆိုေတာ့ ကၽြန္ေတာ္တို႔အေနနဲ႔ ႀကိဳဆိုတယ္။

ဒါကို စစ္ေကာင္စီက သူတို႔လက္ထက္မွာ အေျခခံလူတန္းစားေတြ ၾကပ္တည္းမႈကို ေဖာ္ျပတဲ့ပုံရိပ္မ်ိဳးျဖစ္ေနတဲ့အတြက္ မပိတ္ပိတ္ေအာင္ ဖိအားေပးတာလို႔ ထင္ပါတယ္”ဟု ေဒသခံျပည္သူတစ္ဦးက ေျပာသည္။

လက္ရွိ အေျခအေနအရ အလုပ္အကိုင္ အခြင့္အလမ္း ရွားပါးလာမႈ‌ေၾကာင့္ ျပည္သူအမ်ား ဝင္ေငြ နည္းပါးေနခ်ိန္ ယင္းကဲ့သို႔ တန္ဖိုးနည္း “အဝစား” ထမင္းဆိုင္မ်ား ဖြင့္လွစ္ေရာင္းခ်မႈ အေပၚ ေဒသခံမ်ားက ႀကိဳဆိုေနၾကေသာ္လည္း စစ္ေကာင္စီကမူ ဖိအားေပးပိတ္ခိုင္းေနျခင္းျဖစ္သည္။

#MeKongNews