ၾကားသိသမွ်

ထားဝယ်မြို့လယ်ခေါင်တွင် “သွေးကြွေးဆပ်မယ်” ဆိုသည့် စာသား ချိတ်ဆွဲမှု စစ်တပ်က လာဖြုတ်စဉ် မိုင်းပေါက်ကွဲ

ထားဝယ်မြို့လယ်ခေါင်တွင် “သွေးကြွေးဆပ်မယ်” ဆိုသည့် စာသား ချိတ်ဆွဲမှု စစ်တပ်က လာဖြုတ်စဉ် မိုင်းပေါက်ကွဲ

တနင်္သာရီတိုင်းမ်၊ ဒီဇင်ဘာ ၂၆

ထားဝယ်မြို့လယ်ခေါင်က လမ်းဆုံကြီးမှာ ဒီနေ့ နံနက် ၁၁ နာရီက မိုင်းပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

လမ်းဆုံကြီးမှာ ချိတ်ဆွဲထားတဲ့ “သွေးကြွေးဆပ်မယ်” ဆိုတဲ့ စာသားပါဆိုင်းဘုတ်ကို စစ်ကောင်စီတပ်သားတွေလာဖြုတ်ချိန်မှာ ပေါက်ကွဲ ခဲ့

တယ်လို့ မြို့ခံတချို့က ​ပြောပါတယ်။

မိုင်းပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်သားတွေသေဆုံးထိခိုက်မှုရှိနိုင်တယ်လို့ ကနဦးသိရပေမယ့် အတည်မပြုနိုင်သေးပါဘူး။

လက်ရှိမှာ လမ်းဆုံကြီးကို စစ်ကောင်စီတပ်တွေအင်အားအများအပြားရောက်နေပြီး လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတယ်လို့သိရပါ

တယ်။

The Tanintharyi Times

ဓာတ်ပုံ – စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုလုပ်ဆောင်ခဲ့ချိန်က ပုံဟောင်းဖြစ်ပါတယ်။

ထားဝယ္ၿမိဳ႕လယ္ေခါင္တြင္ “ေသြးေႂကြးဆပ္မယ္” ဆိုသည့္ စာသား ခ်ိတ္ဆြဲမႈ စစ္တပ္က လာျဖဳတ္စဥ္ မိုင္းေပါက္ကြဲ

တနသၤာရီတိုင္းမ္၊ ဒီဇင္ဘာ ၂၆

ထားဝယ္ၿမိဳ႕လယ္ေခါင္က လမ္းဆုံႀကီးမွာ ဒီေန႔ နံနက္ ၁၁ နာရီက မိုင္းေပါက္ကြဲခဲ့တယ္လို႔ သိရပါတယ္။

လမ္းဆုံႀကီးမွာ ခ်ိတ္ဆြဲထားတဲ့ “ေသြးေႂကြးဆပ္မယ္” ဆိုတဲ့ စာသားပါဆိုင္းဘုတ္ကို စစ္ေကာင္စီတပ္သားေတြလာျဖဳတ္ခ်ိန္မွာ ေပါက္ကြဲ

ခဲ့တယ္လို႔ ၿမိဳ႕ခံတခ်ိဳ႕က ​ေျပာပါတယ္။

မိုင္းေပါက္ကြဲမႈေၾကာင့္ စစ္ေကာင္စီတပ္သားေတြေသဆုံးထိခိုက္မႈရွိနိုင္တယ္လို႔ ကနဦးသိရေပမယ့္ အတည္မျပဳနိုင္ေသးပါဘူး။

လက္ရွိမွာ လမ္းဆုံႀကီးကို စစ္ေကာင္စီတပ္ေတြအင္အားအမ်ားအျပားေရာက္ေနၿပီး လမ္းသြားလမ္းလာေတြကို စစ္ေဆးေန

တယ္လို႔သိရပါတယ္။

The Tanintharyi Times

ဓာတ္ပုံ – စစ္အာဏာရွင္ဆန္႔က်င္ေရးလႈပ္ရွားမႈလုပ္ေဆာင္ခဲ့ခ်ိန္က ပုံေဟာင္းျဖစ္ပါတယ္။