ၾကားသိသမွ်

တောင်ပိုင်းနဲ့ မြောက်ပိုင်းက အတော်ကွာတယ်ဗျ မြောက်ပိုင်းမှာ KIA တွေ စစ်တိုက်နေတာ ဘာအသံမှကို မကြားရဘူး

တောင်ပိုင်းနဲ့ မြောက်ပိုင်းက အတော်ကွာတယ်ဗျ

မြောက်ပိုင်းမှာ KIA တွေ စစ်တိုက်နေတာ ဘာအသံမှကို မကြားရဘူး

သတင်းထောက်တေက ဗမက နော်ဘူ ကို ဝိုင်းမေးလည်း

`ကျွန်တော်တို့ဆီ သတင်းမတက်လာသေးဘူး’ ဘဲ ဖြေတာ ။ သိပ်ကို ပရိယာယ် ကြွယ်ဝတာဗျာ

အခုတောင်ပိုင်းရောက် တို့ဗမာများ ( မြေပြန့်ကလာတဲ့လူတွေ ဆိုတော့ ထားပါတော့ ဗမာလို့ဘဲ အလွယ်တကူခေါ်ကြပါစို့ရဲ့) ကတော့

တိုက်ပွဲ အနိမ့်အမြင့် အတက်အကျကို အချိန်နဲ့ တပြေးညီ တင်ပြကြေညာနေတာကတော့ စစ်ရေးအရ မနိပ်လှဘူး ရောင်းရင်းတို့

စစ်ရေးအရ ကိုယ့်ဘက်က တကယ်ခံနေရရင်လည်း ရန်သူက အားရပြီး ပိုကြိတ်မယ်

စစ်ရေးအရ ကိုယ်က အလေးသာနေလဲ ရန်သူက ရှုံးမဲမဲပြီး ပိုကြိတ်မယ်

ဘယ်လိုနေနေ ကိုယ် အနေအထိုင်မတတ်ရင် အကြိတ်ခံရဖို့ချည်းဘဲ

နေရာတိုင်းမှာ အသံတွေ ထွက်လွန်းတာလည်း မကောင်းဘူးဗျို့ ။

အဲ့တော့ ကိုယ်ခံရလည်း ကြိတ်ခံ ၊ အံကြိတ်ခံ

နောက်တခါ မခံရအောင် အားယူပြင်ဆင်

ကိုယ့်ဘက်က အနိုင်ရနေရင်လည်း ကြိတ်ပျော်

ဖောက်သည်တအားချချင်နေရင်လည်း စဉ့်အိုးထဲ ခေါင်းဝင်ပြီးတယောက်တည်း အော်နေကြ ။

ဒီလောက်ထိ KNU က ဟန့်နေလည်း မရဘူး ။

တင်ပါရစေတွေ ချည်းပါလား ဟရို့

လက်ရှိ ခေတ်ပြိုင်သမိုင်းမှာ နာမည်ကြီး အလောဘွမ်တိုက်ပွဲ ဆိုလည်း အခုထိ ဘာမှ မသိရဘူး ။ စကစ ဘက်ကလည်း ဘယ်လောက်ကျ

သလဲ မပြောသလို ….

KIA ဘယ်လောက်ကျတယ်လည်း မသိရဘူး KIA လည်း ဘာသားနဲ့ ထုထားတာမလို့လဲ

တိုက်ပွဲမှာ ကျတာတွေ ၊ ဒဏ်ရာရတာတွေ ရှိမှာပေါ့ ဒါပေမယ့် ရန်သူအားရအောင် ဘယ်တော့မှ မထုတ်ပြန်ဘူး

အပေါ်အောက် တိုးလျှိုပေါက် ပွင့်လင်းမြင်သာတယ်ဆိုတာ နေရာတိုင်းမကောင်းပါဘူးနော့။

စစ်ရေးသတင်းများကို ထိန်းချုပ်ခြင်းသည်လည်း သတင်းအမှောင်ချတာ မဟုတ်ဘူးဆိုတာလည်း ကွဲပြားစေချင်ပါတယ် ။

Soe Thuya Zaw

ေတာင္ပိုင္းနဲ႔ ေျမာက္ပိုင္းက အေတာ္ကြာတယ္ဗ် ေျမာက္ပိုင္းမွာ KIA ေတြ စစ္တိုက္ေနတာ ဘာအသံမွကို မၾကားရဘူး

သတင္းေထာက္ေတက ဗမက ေနာ္ဘူ ကို ဝိုင္းေမးလည္း

`ကၽြန္ေတာ္တို႔ဆီ သတင္းမတက္လာေသးဘူး’ ဘဲ ေျဖတာ ။ သိပ္ကို ပရိယာယ္ ႂကြယ္ဝတာဗ်ာ

အခုေတာင္ပိုင္းေရာက္ တို႔ဗမာမ်ား ( ေျမျပန္႔ကလာတဲ့လူေတြ ဆိုေတာ့ ထားပါေတာ့ ဗမာလို႔ဘဲ အလြယ္တကူေခၚၾကပါ

စို႔ရဲ့) ကေတာ့ တိုက္ပြဲ အနိမ့္အျမင့္ အတက္အက်ကို အခ်ိန္နဲ႔ တေျပးညီ တင္ျပေၾကညာေနတာကေတာ့ စစ္ေရးအရ မနိပ္လွဘူး ေရာ

င္းရင္းတို႔ စစ္ေရးအရ ကိုယ့္ဘက္က တကယ္ခံေနရရင္လည္း ရန္သူက အားရၿပီး ပိုႀကိတ္မယ္

စစ္ေရးအရ ကိုယ္က အေလးသာေနလဲ ရန္သူက ရႈံးမဲမဲၿပီး ပိုႀကိတ္မယ္

ဘယ္လိုေနေန ကိုယ္ အေနအထိုင္မတတ္ရင္ အႀကိတ္ခံရဖို႔ခ်ည္းဘဲ

ေနရာတိုင္းမွာ အသံေတြ ထြက္လြန္းတာလည္း မေကာင္းဘူးဗ်ိဳ႕ ။

အဲ့ေတာ့ ကိုယ္ခံရလည္း ႀကိတ္ခံ ၊ အံႀကိတ္ခံ ေနာက္တခါ မခံရေအာင္ အားယူျပင္ဆင္

ကိုယ့္ဘက္က အနိုင္ရေနရင္လည္း ႀကိတ္ေပ်ာ္

ေဖာက္သည္တအားခ်ခ်င္ေနရင္လည္း စဥ့္အိုးထဲ ေခါင္းဝင္ၿပီးတေယာက္တည္း ေအာ္ေနၾက ။

ဒီေလာက္ထိ KNU က ဟန္႔ေနလည္း မရဘူး ။

တင္ပါရေစေတြ ခ်ည္းပါလား ဟရို႔

လက္ရွိ ေခတ္ၿပိဳင္သမိုင္းမွာ နာမည္ႀကီး အေလာဘြမ္တိုက္ပြဲ ဆိုလည္း အခုထိ ဘာမွ မသိရဘူး ။ စကစ ဘက္ကလည္း ဘယ္ေလာက္က်

သလဲ မေျပာသလို ….

KIA ဘယ္ေလာက္က်တယ္လည္း မသိရဘူး KIA လည္း ဘာသားနဲ႔ ထုထားတာမလို႔လဲ

တိုက္ပြဲမွာ က်တာေတြ ၊ ဒဏ္ရာရတာေတြ ရွိမွာေပါ့ ဒါေပမယ့္ ရန္သူအားရေအာင္ ဘယ္ေတာ့မွ မထုတ္ျပန္ဘူး

အေပၚေအာက္ တိုးလၽွိုေပါက္ ပြင့္လင္းျမင္သာတယ္ဆိုတာ ေနရာတိုင္းမေကာင္းပါဘူးေနာ့။

စစ္ေရးသတင္းမ်ားကို ထိန္းခ်ဳပ္ျခင္းသည္လည္း သတင္းအေမွာင္ခ်တာ မဟုတ္ဘူးဆိုတာလည္း ကြဲျပားေစခ်င္ပါတယ္ ။

Soe Thuya Zaw