ၾကားသိသမွ်

လေးကေ့ကော်အနီး မယ်ဝါးခီးကျေးရွာရှိ KNLA စခန်းတခု တိုက်ခိုက်ခံရ

လေးကေ့ကော်အနီး မယ်ဝါးခီးကျေးရွာရှိ KNLA စခန်းတခု တိုက်ခိုက်ခံရ

ဧရာဝတီ ၊ ဒီဇင်ဘာ ၂၅ ၊ ၂၀၂၁ ။

ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်း လေးကေ့ကော်မြို့အနီး မယ်ဝါးခီးကျေးရွာရှိ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)

စခန်းတခုအား စစ်ကောင်စီတပ်က အင်အားသုံးတိုက်ခိုက်ခဲ့ရာ ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

အဆိုပါ မယ်ဝါးခီးစခန်း ပတ်ပတ်လည်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့ နံနက် ၁၀ နာရီဝန်းကျင်မှ စတင်၍ လက်နက်ကြီးများဖြင့်

ပစ်ခတ်နေခြင်းဖြစ်ပြီး KNLA ပူးပေါင်းတပ်ဖွဲ့ဝင်များ အကျအဆုံး၊ အထိအခိုက် ရှိနေကြောင်း KNLA နှင့် နီးစပ်သူများထံမှ သိရသည်။


KNLA နှင့် နီးစပ်သူတဦးက “အကျအဆုံးလည်း ရှိတယ်။ အထိအခိုက်လည်း ရှိတယ်။ သိပ်တော့မများဘူး။ မနက် ၁၀ နာရီခန့်က အဲဒီစခန်း

ကို ရောက်ပြီးတော့ အပစ်ခံရတာပဲ။ စခန်းပတ်ပတ်လည်ကို ပစ်နေတာပဲ။ ၆၀ မမ တွေနဲ့ပစ်တာ စခန်းပတ်ပတ်လည်ကို ကျတာပဲ။ အခု

လောလောဆယ် အဲဒီစခန်းကို သိမ်းသွားပြီ” ဟု ပြောသည်။

ယနေ့ နံနက် အစောပိုင်းတွင်လည်း တိုက်ပွဲများဖြစ်ပွားလျက်ရှိသည့် လေးကေ့ကော်ဒေသအနီးဝန်းကျင်ကို စစ်ကောင်စီတပ်က တတိယ

အကြိမ်အဖြစ် လေယာဉ်ဖြင့် ပစ်ခတ်ခဲ့ရာ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၃ ရက် ညပိုင်းမှစတင်ကာ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး တတိယအကြိမ် ဗုံးကွဲတိုက်ခိုက်မှု

တွင်လည်း အရပ်သား ပြည်သူများ ထိခိုက်မှုရှိကြောင်း သိရသည်။

ဓာတ်ပုံ – KNU

ေလးေက့ေကာ္အနီး မယ္ဝါးခီးေက်းရြာရွိ KNLA စခန္းတခု တိုက္ခိုက္ခံရ

ဧရာဝတီ ၊ ဒီဇင္ဘာ ၂၅ ၊ ၂၀၂၁ ။

ကရင္ျပည္နယ္၊ ျမဝတီခရိုင္အတြင္း ေလးေက့ေကာ္ၿမိဳ႕အနီး မယ္ဝါးခီးေက်းရြာရွိ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရး တပ္မေ

တာ္ (KNLA) စခန္းတခုအား စစ္ေကာင္စီတပ္က အင္အားသုံးတိုက္ခိုက္ခဲ့ရာ ဆုတ္ခြာခဲ့ရေၾကာင္း သိရသည္။

အဆိုပါ မယ္ဝါးခီးစခန္း ပတ္ပတ္လည္ကို စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ယေန႔ နံနက္ ၁၀ နာရီဝန္းက်င္မွ စတင္၍ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခ

တ္ေနျခင္းျဖစ္ၿပီး KNLA ပူးေပါင္းတပ္ဖြဲ႕ဝင္မ်ား အက်အဆုံး၊ အထိအခိုက္ ရွိေနေၾကာင္း KNLA ႏွင့္ နီးစပ္သူမ်ားထံမွ သိရ

သည္။

KNLA ႏွင့္ နီးစပ္သူတဦးက “အက်အဆုံးလည္း ရွိတယ္။ အထိအခိုက္လည္း ရွိတယ္။ သိပ္ေတာ့မမ်ားဘူး။ မနက္ ၁၀ နာရီခန႔္က အဲဒီစခ

န္းကို ေရာက္ၿပီးေတာ့ အပစ္ခံရတာပဲ။ စခန္းပတ္ပတ္လည္ကို ပစ္ေနတာပဲ။ ၆၀ မမ ေတြနဲ႔ပစ္တာ စခန္းပတ္ပတ္လည္ကို က်တာပဲ။ အခုေ

လာေလာဆယ္ အဲဒီစခန္းကို သိမ္းသြားၿပီ” ဟု ေျပာသည္။

ယေန႔ နံနက္ အေစာပိုင္းတြင္လည္း တိုက္ပြဲမ်ားျဖစ္ပြားလ်က္ရွိသည့္ ေလးေက့ေကာ္ေဒသအနီးဝန္းက်င္ကို စစ္ေကာင္စီတပ္က တတိ

ယအႀကိမ္အျဖစ္ ေလယာဥ္ျဖင့္ ပစ္ခတ္ခဲ့ရာ အရပ္သားျပည္သူမ်ား ထိခိုက္ဒဏ္ရာ ရရွိခဲ့ေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ ဒီဇင္ဘာ ၂၃ ရက္ ညပိုင္းမွစတင္ကာ စစ္တပ္က ေလယာဥ္ျဖင့္ ဗုံးၾကဲတိုက္ခိုက္ခဲ့ျခင္း ျဖစ္ၿပီး တတိယအႀကိမ္ ဗုံးကြဲတိုက္ခို

က္မႈတြင္လည္း အရပ္သား ျပည္သူမ်ား ထိခိုက္မႈရွိေၾကာင္း သိရသည္။

ဓာတ္ပုံ – KNU