Articles
မြောက်ပိုင်းအဖွဲ့တွေ ငြိမ်နေတာလား တဲ့။အားမလို အားမရလေသံနဲ့မေးတဲ့မေးခွန်း….မြောက်ပိုင်းတပ်ဖွဲ့တွေ ငြိမ်မနေပါဘူး
မြောက်ပိုင်းအဖွဲ့တွေ ငြိမ်နေတာလား တဲ့။အားမလို အားမရလေသံနဲ့မေးတဲ့မေးခွန်း….
တချို့ဆို ဘေးတွန်းချတဲ့ပုံစံနဲ့တောင်မေးလိုက်သေးတယ်။
အမှန်တော့….မြောက်ပိုင်းတပ်ဖွဲ့တွေ ငြိမ်မနေပါဘူး။
အထူးသဖြင့် KIA တပ်ဖွဲ့ဝင်တွေဟာသက်ဆိုင်ရာဒေသက PDF တွေနဲ့ပေါင်းပြီး
မအလစစ်အုပ်စုကို နေ့စဉ်လိုလိုငရဲပြည်ပို့ပေးနေပါတယ်။
သတင်းစီဆင်းမှုနဲ့မီဒီယာအားမတူတဲ့အတွက်၊နောက်တချက်က တိုက်ပွဲသတင်းတွေကို
ဒေသခံတွေကစလို့ သတင်းနဲ့ပြန်ကြားရေးအဖွဲ့တွေဘက်က အလျှင်လိုပြီး မထုတ်ပြန်ဖို့
သတိပေးထားတဲ့အတွက် အရင်တုန်းကလို…
KIA ရဲ့စစ်ရေးလှုပ်ရှားမှုတွေဟာ လိုင်းပေါ်မှာ ပလူပျံမနေခဲ့တာပါ။
စစ်ရေးအရ သိသာသိ မမြင်စေနဲ့….ကြားသာကြားစေ မသိစေနဲ့ ဆိုတဲ့အတိုင်း…
ခြေသံလုံလုံလှုပ်ရှားရင်း ပြီးမှဗမာမြင်စေ ပုံစံ နဲ့လျှောက်နေနဲ့အတွက်ကြောင့်…
တကယ်မလေ့လာတဲ့သူတွေ၊မြေပြင်နဲ့အဆက်သွယ်မရှိတဲ့သူတွေ အတွက်တော့
မြောက်ပိုင်းတော်လှန်ရေးတပ်ဖွဲ့တွေ ဒီရက်ထဲမှာငြိမ်နေတယ်လို့ ထင်နေတာပါ။
အမှန်တော့….KIA တို့၏ စစ်ဆင်ရေးဗျူဟာတွေကတကယ် အားရစရာကောင်းပါတယ်။
စစ်အုပ်စုလော်ဘီတွေရဲ့ တပ်ရင်းတခုကို သိမ်းပြစမ်းပါ၊ မြို့တမြို့ကို ထိမ်းချုပ်ပြစမ်းပါဆိုတဲ့ စကားတွေအပေါ် …
KIA၏ တုန့်ပြန်မှုက ငါတို့သိမ်းချင်ရင်…
တပ်ရင်းတခု မြို့တမြို့ကို အချိန်မရွေးသိမ်းလို့ရကြောင်း ပြသနေသလို…
အခြေနေအရ မလိုအပ်သေးတဲ့အတွက် အထိုင်ချနိုင်မဲ့မြို့သိမ်းတိုက်ပွဲတွေကို
မဆင်နွဲသေးတာလည်း ဆိုတာကတော့…ပြောပြလို့မရတဲ့ အချိန်တခုရှိနေသေးလို့ပါပဲ။
မနေ့က စစ်အုပ်စုရဲ့ တပ်စခန်း ၂ ခုကို KIA တိုက်ခိုက်ဖျက်စီးခဲ့ပြီး အထိုင်မချပဲ
တပ်စခန်းတွေ မီးရိူ့ဖျက်ဆီးပြီးမှ ပြန်နောက်ဆုတ်ခဲ့တာတွေ
KIA တပ်မဟာ ၉ လက်အောက် ရင်း ၄၄တပ်ဖွဲ့က
မအလရဲ့ ခမရ ၃၈၃ နဲ့ ခမရ ၃၈၄ တပ်လက်အောက်ခံစခန်းတွေကို လုံးဝ အပြုတ်တိုက်ပြီး
စခန်းတွေမှာ အထိုင်မချတာက …စစ်တပ်လော်ဘီတွေ ပြောသလိုမထိန်းချုပ်နိုင်လို့ မဟုတ်ပါဘူး။
ကြွက်မနိုင်ရင် ကျီကို မီးရှို့နေတဲ့ မအလစခတွေရဲ့ယုတ်မာမှုကို သိနေတဲ့အတွက်…
ဒေသခံပြည်သူတွေအပေါ် ထည့်တွက်နေလို့သာလျှင် တိုက် သိမ်း ဆုတ် ခွာ စနစ်နဲ့ …
မအလစစ်တပ်ကို ဖြည်းဖြည်းချင်း နွှာနေတာပါ။ခုဆို တော်တော်ထူလာပါပြီ။
မြေပြင်မှာ စစ်တိုက်ရဲတဲ့စစ်သား မရှိသလောက်ရှားနေပါပြီ။
အားလုံးသိကြတဲ့အတိုင်းပါပဲ။ရှေ့တန်းစခန်းတွေမှာ စခအများအပြား
သေနေတာသိပေမဲ့ စစ်ကူမပို့နိုင်တဲ့မအလဟာ…လေကြောင်းသုံးပြီး မဲမဲမြင်ရာလိုက်ပစ်တတ်တဲ့ စောက်ကျင့်ကို။
မနေ့က တိုက်ပွဲမှာလည်း ဒီလိုပါပဲ။စခန်း၂ခုလုံး ကျသွားပြီးနောက်မှာ
မအလဘက်က လေကြောင်းနဲ့ ၅ကြိမ်ထက်မနည်း လာပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့
ရှေ့တန်းက ရဲဘော်တွေက သတင်းပို့ခဲ့တယ်&အားလုံးကို သိစေချင်တာက ….
KIA အပါဝင် မြောက်ပိုင်းမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ ငြိမ်မနေပါဘူး။
စစ်အာဏာရှင်ကျဆုံးရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံပေါ်ထွန်းလာရေးအတွက်…
စစ်အုပ်စုတပ်တွေကို အခွင့်ရေးရရင် ရသလိုနေ့စဉ် မြေဩဇာလုပ်ပေးနေပါတယ်။
မနေ့ကတစ်ရက်ထဲမှာပဲ…KIA နဲ့ PDF က စစ်တပ် တပ်စခန်း တစ်ခုကို
မီးရိူ့ဖျက်ဆီးခဲ့တဲ့အပြင် လက်နက်ခဲယမ်းများလဲသိမ်းယူနိုင်ခဲ့သလို…
KIA တပ်မဟာ ၉ ရင်း/ ၆ နယ်မြေ ဖားကန့် ဝှေ့ခါမှော် ဂျန့်ဂါကုန်း အနီးတဝိုက်မှာလဲ
မနေ့က ညနေမှာ မအလစခတပ်နဲ့ KIA တို့တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။
ဆိုတော့…..အရေးတော်ပုံအောင်မြင်ဖို့အတွက်….
KIAရဲ့တပ်မဟာအားလုံးနဲ့ မြောက်ပိုင်းPDFတွေတော်လှန်ရေးအင်အားစုတွေဟာ ငြိမ်မနေပါဘူး။
မကြာမှီမှာ အရှိန်မြှင့်တော့မဲ့ တိုက်ပွဲတွေအတွက်
သေခြာဂရုစိုက်ပြင်ဆင်ရင်း…
မအလနဲ့စခတို့အား ငရဲပို့ပေးနိုင်ရေး နေ့စဉ်တွေးလို့
ကြိုးစားနေပါကြောင်း အသိပေးရင်း…
အရေးတော်ပုံအောင်ရမည်။
🚀သံပါးစပ်
25.12.2021
တပ်စခန်းတွေ မီးရို့ဖျက်ဆီးပြီးမှပြန်နောက်ဆုတ်ခဲ့တာတွေKIA တပ်မဟာ ၉ လက်အောက် ရင်း ၄၄တပ်ဖွဲ့က
KIA နဲ့ PDF က စစ်တပ် တပ်စခန်း တစ်ခုကို မီးရို့ဖျက်ဆီးခဲ့တဲ့အပြင် လက်နက်ခဲယမ်းများလဲသိမ်းယူနိုင်ခဲ့သလို…
🚀သံပါးစပ်
25.12.2021