ၾကားသိသမွ်

လေးကေကော်ဒေသတွင် ဒီဇင်ဘာလ ၂၅ရက် နံနက်ပိုင်းက စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်မှု ရုပ်သံမှတ်တမ်း

စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပစ်ခတ်လိုက်သော လက်နက် ကြီးကျည်သည် ထိုင်းနိုင်ငံအတွင်းသို့ ယနေ့ နံနက်ပိုင်း ကျ

ရောက်ပြီး ထိုင်းပြည်သူတစ်ဦး၏ နေအိမ်ကို ထိခိုက်ပျက်စီးသွားကြောင်း ထိုင်း-မြန်မာ နယ်စပ် စစ်ရေးသတင်းရပ်ကွက်ထံမှ သိရှိရသည်။

ဒီဇင်ဘာလ ၂၅ ရက်နေ့ ၊ နံနက် ၉ နာရီ ၄၀ မိနစ်အချိန် မြ၀တီမြို့နယ်၊ စစ်ကောင်စီ ၏ သေဘောတိုးတပ်စခန်းကုန်းမှ ပစ်ခတ်လိုက်သော

လက်နက်ကြီးကျည်သည် ထိုင်းနိုင်ငံ၊ မော်လီချိုင်းကျေးရွာ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲ ထိခိုက်ပျက်စီးသွားကြောင်း သိရှိရသည်။

“တိုက်ပွဲလည်းမဖြစ်ဘူး။ တမင်ထိုင်းဘက်ကို ပစ်တာလို့တောင် ယူဆရမလိုဖြစ်နေတယ်။ ဘာတိုက်ပွဲမှ မရှိဘဲ ထိုင်းဘက်ခြမ်းကို ပစ်တာ။

ထိုင်းပြည်သူတစ်ဦးရဲ့ နေအိမ်ကို လက်နက်ကြီးကျည်ကျပြီး ပေါက်ကွဲတယ်။ လူတော့ မထိဘူး။ ရမ်းကားတဲ့သဘောပဲဗျ” ဟု ထိုင်း-မြန်မာ

နယ်စပ် စစ်ရေးသတင်းရပ်ကွက်မှ ဦးရဲမင်း(AAC) က ပြောဆိုသည်။

မြန်မာစစ်ကောင်စီက ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်များသည် ထိုင်းနိုင်ငံဘက်ခြမ်းသို့ မကြာခဏ ဆိုသလို ကျရောက်နေ

သော်လည်း ထိုင်းစစ်တပ်ဘက်က လက်ရှိ အချိန်အထိ တစ်စုံတစ်ရာ တုံ့ပြန် အရေးယူမှု မရှိသေးကြောင်း သိရှိရသည်။

စစ္ေကာင္စီတပ္က တိုက္ပြဲျဖစ္ပြားျခင္းမရွိဘဲ ပစ္ခတ္လိုက္ေသာ လက္နက္ ႀကီးက်ည္သည္ ထိုင္းနိုင္ငံအတြင္းသို႔ ယေန႔ နံနက္ပိုင္း က်ေ

ရာက္ၿပီး ထိုင္းျပည္သူတစ္ဦး၏ ေနအိမ္ကို ထိခိုက္ပ်က္စီးသြားေၾကာင္း ထိုင္း-ျမန္မာ နယ္စပ္ စစ္ေရးသတင္းရပ္ကြက္ထံမွ သိရွိရသည္။

ဒီဇင္ဘာလ ၂၅ ရက္ေန႔ ၊ နံနက္ ၉ နာရီ ၄၀ မိနစ္အခ်ိန္ ျမ၀တီၿမိဳ႕နယ္၊ စစ္ေကာင္စီ ၏ ေသေဘာတိုးတပ္စခန္းကုန္းမွ ပစ္ခတ္လိုက္ေသာ

လက္နက္ႀကီးက်ည္သည္ ထိုင္းနိုင္ငံ၊ ေမာ္လီခ်ိဳင္းေက်းရြာ ေနအိမ္ေပၚသို႔ က်ေရာက္ေပါက္ကြဲ ထိခိုက္ပ်က္စီးသြားေၾကာင္း သိရွိရ

သည္။

“တိုက္ပြဲလည္းမျဖစ္ဘူး။ တမင္ထိုင္းဘက္ကို ပစ္တာလို႔ေတာင္ ယူဆရမလိုျဖစ္ေနတယ္။ ဘာတိုက္ပြဲမွ မရွိဘဲ ထိုင္းဘက္ျခမ္းကို ပစ္တာ။

ထိုင္းျပည္သူတစ္ဦးရဲ့ ေနအိမ္ကို လက္နက္ႀကီးက်ည္က်ၿပီး ေပါက္ကြဲတယ္။ လူေတာ့ မထိဘူး။ ရမ္းကားတဲ့သေဘာပဲဗ်” ဟု ထိုင္း-ျမန္မာ

နယ္စပ္ စစ္ေရးသတင္းရပ္ကြက္မွ ဦးရဲမင္း(AAC) က ေျပာဆိုသည္။

ျမန္မာစစ္ေကာင္စီက ပစ္ခတ္လိုက္ေသာ လက္နက္ႀကီးက်ည္မ်ားသည္ ထိုင္းနိုင္ငံဘက္ျခမ္းသို႔ မၾကာခဏ ဆိုသလို က်ေရာက္ေနေ

သာ္လည္း ထိုင္းစစ္တပ္ဘက္က လက္ရွိ အခ်ိန္အထိ တစ္စုံတစ္ရာ တုံ႔ျပန္ အေရးယူမႈ မရွိေသးေၾကာင္း သိရွိရသည္။