ၾကားသိသမွ်

စစ်တပ်၏ကျူးလွန်မှုများအား အရေးယူနိုင်ရေး ဆောင်ရွက်မည်ဟု ဗြိတိသျှသံအမတ်က သတင်းစကားပါး

ဗြိတိသျှသံအမတ်ထံမှ သတင်းစကား

မြန်မာနိုင်ငံက ပြည်သူများစွာဟာ အခုခရစ္စမတ်ကာလမှာ ပျော်‌ပျော်ရွှင်ရွှင်ဆင်နွှဲရမယ့်အစား စစ်တပ်အာဏာသိမ်းမှုရဲ့ အကျိုးဆက်‌တွေ

ဖြစ်တဲ့ သေကြေ ပျက်ဆီး ဆုံးရှုံးမှုများနဲ့သာ ရင်ဆိုင်နေကြရပါတယ်။

ခရစ္စမတ်ကာလဟာ စည်းလုံးညီညွတ်မှုအတွက် အချိန်အခါဖြစ်ပြီး ဗြိတိသျှသံရုံးမိသားစုဝင်အားလုံးရဲ့ကိုယ်စား အခုအခက်အခဲဒုက္ခတွေနဲ့

ကြုံတွေ့ခံစားနေရတဲ့ မြန်မာပြည်သူလူထုအတွက် ကိုယ်ချင်းစာကြောင်း မိမိပြောကြားလိုပါတယ်။


အခုနှစ်မှာ အထူးသဖြင့် စစ်တပ်ရဲ့ ခွဲခြားဆက်ဆံမှုနဲ့ အလွဲသုံးစားလုပ်ခံ‌နေရတဲ့ မြန်မာနိုင်ငံတလွှားက ခရစ်ယာန်ဘာသာဝင်များနဲ့ တခြား

ဘာသာဝင်များအတွက် မိမိတို့ဆုတောင်းပေးနေပါတယ်။

ဘာသာရေး အဆောက်အဦတို့ကို မီးရှို့ဖျက်ဆီးခြင်းနဲ့ အသင်းတော်ခေါင်းဆောင်တွေအပေါ် ပစ်မှတ်ထားခြင်းကဲ့သို့သော လတ်တလော

အကြမ်းဖက်မှုတွေဟာ ဘာသာရေးယုံကြည်ချက်ဖြစ်တဲ့ အခြေခံလူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာဖြစ်တယ်။


ခွဲခြားဆက်ဆံမှု၊ အလွဲသုံးစားခံရမှု‌တွေနဲ့ ရင်ဆိုင်နေရတဲ့ ပြည်သူအားလုံးနဲ့အတူ ယူကေအစိုးရကဆက်လက်ရပ်တည်သွားမှာဖြစ်ပြီး၊

ကျူးလွန်မှု‌တွေအတွက် တာဝန်ရှိသူတွေကို အရေးယူဆောင်ရွက်နိုင်ဖို့ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ဗြိတိသျှသံအမတ်အဖြစ် ခန့်အပ်ထားခြင်းခံရသူ Pete Vowles

Credit : UK in Mysnmar

ျဗိတိသၽွသံအမတ္ထံမွ သတင္းစကား

ျမန္မာနိုင္ငံက ျပည္သူမ်ားစြာဟာ အခုခရစၥမတ္ကာလမွာ ေပ်ာ္‌ေပ်ာ္ရႊင္ရႊင္ဆင္ႏႊဲရမယ့္အစား စစ္တပ္အာဏာသိမ္းမႈရဲ့ အက်ိဳးဆက္‌ေ

တြျဖစ္တဲ့ ေသေၾက ပ်က္ဆီး ဆုံးရႈံးမႈမ်ားနဲ႔သာ ရင္ဆိုင္ေနၾကရပါတယ္။

ခရစၥမတ္ကာလဟာ စည္းလုံးညီညြတ္မႈအတြက္ အခ်ိန္အခါျဖစ္ၿပီး ၿဗိတိသၽွသံ႐ုံးမိသားစုဝင္အားလုံးရဲ့ကိုယ္စား အခုအခက္အခဲဒုကၡေတြနဲ႔

ၾကဳံေတြ႕ခံစားေနရတဲ့ ျမန္မာျပည္သူလူထုအတြက္ ကိုယ္ခ်င္းစာေၾကာင္း မိမိေျပာၾကားလိုပါတယ္။

အခုႏွစ္မွာ အထူးသျဖင့္ စစ္တပ္ရဲ့ ခြဲျခားဆက္ဆံမႈနဲ႔ အလြဲသုံးစားလုပ္ခံ‌ေနရတဲ့ ျမန္မာနိုင္ငံတလႊားက ခရစ္ယာန္ဘာသာဝင္မ်ားနဲ႔ တျခား

ဘာသာဝင္မ်ားအတြက္ မိမိတို႔ဆုေတာင္းေပးေနပါတယ္။

ဘာသာေရး အေဆာက္အဦတို႔ကို မီးရွို႔ဖ်က္ဆီးျခင္းနဲ႔ အသင္းေတာ္ေခါင္းေဆာင္ေတြအေပၚ ပစ္မွတ္ထားျခင္းကဲ့သို႔ေသာ

လတ္တေလာ အၾကမ္းဖက္မႈေတြဟာ ဘာသာေရးယုံၾကည္ခ်က္ျဖစ္တဲ့ အေျခခံလူ႔အခြင့္အေရးကို ေျပာင္ေျပာင္တင္းတင္း

ခ်ိဳးေဖာက္တာျဖစ္တယ္။

ခြဲျခားဆက္ဆံမႈ၊ အလြဲသုံးစားခံရမႈ‌ေတြနဲ႔ ရင္ဆိုင္ေနရတဲ့ ျပည္သူအားလုံးနဲ႔အတူ ယူေကအစိုးရကဆက္လက္ရပ္တည္သြားမွာျဖစ္ၿပီး၊ က်ဴး

လြန္မႈ‌ေတြအတြက္ တာဝန္ရွိသူေတြကို အေရးယူေဆာင္ရြက္နိုင္ဖို႔ ဆက္လက္လုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။

ၿဗိတိသၽွသံအမတ္အျဖစ္ ခန႔္အပ္ထားျခင္းခံရသူ Pete Vowles

Credit : UK in Mysnmar