ၾကားသိသမွ်

စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကျည် ခုနစ်လုံး ထိုင်းဘက် ကျရောက် စစ်ရှောင် တစ်ထောင်ကျော် ထိုင်းဘက်သို့ ထပ်မံတိမ်းရှောင်လာ

စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကျည် ခုနစ်လုံး ထိုင်းဘက် ကျရောက်

–စစ်ရှောင် တစ်ထောင်ကျော် ထိုင်းဘက်သို့ ထပ်မံတိမ်းရှောင်လာ

—People’s Spring

ကရင်ပြည်နယ် မြ၀တီမြို့နယ် လေးကေ့ကော်ဒေသ၌ ယနေ့ တိုက်ပွဲဆက်ဖြစ်ပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ

ထိုင်းနိုင်ငံဘက်ခြမ်းသို့ အနည်းဆုံး လက်နက်ကြီးကျည် ခုနစ်လုံးကျရောက် ပေါက်ကွဲခဲ့ဟု ထိုင်းနိုင်ငံမဲဆောက်၌ နေထိုင်သည့် ကရင်

တိုင်းရင်းသား တစ်ဦးက ပြောသည်။

                                                         လေးကေ့ကော် ၊ စစ်ကောင်စီတိုက်လေယာဉ်ဖြင့် ဗုံးကျဲသော နေရာများတွင် မြေကြီးကျင်းကြီးများ ဖြစ်ပေါ်

“ဒီနေ့ တိုက်ပွဲဖြစ်တော့ ဗမာဘက်က လက်နက်ကြီးကို ပစ်တာ နည်းပညာနည်းနည်းလိုအပ်လို့လားမသိဘူး ထိုင်းဘက်ခြမ်းကို လာကျ

တယ်။ ဒီနေ့ ခုနစ်လုံးရှိပြီ။ တိုက်ပွဲသာဆိုတယ် မြန်မာစစ်တပ်ဘက်က သူက လက်နက်ကြီး နဲ့ပဲ ထုတာကိုး။ လက်နက်ကြီးပေါတာကိုး သူ

တို့မှာ”ဟု ၎င်းက ဆိုသည်။

                                                       လေးကေ့ကော် ၊ စစ်ကောင်စီတိုက်လေယာဉ်ဖြင့် ဗုံးကျဲသော နေရာများတွင် မြေကြီးကျင်းကြီးများ ဖြစ်ပေါ်

ယနေ့ စစ်ကောင်စီပစ်သည့် လက်နက်ကြီးကျည်များ သည် ထိုင်းနိုင်ငံ မဲဆောက်မြို့နယ် ဘန့်လိုက်ကျေးရွာအနီးရှိ စိုက်ခင်းများ၌ ကျ

ရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ လေးကေ့ကော်ဒေသ တိုက်ပွဲဖြစ်ပွားမှု ၁၀ရက်တာကာလအတွင်း လက်နက်ကြီးကျည် ၁၀လုံထက်မနည်း ကျ

ရောက်ခဲ့ကြောင်း အဆိုပါ ကရင်တိုင်းရင်းသားက ပြောသည်။

ယခင် လက်နက်ကြီး ကျရောက်မှု ဖြစ်စဉ်တွင် ထိုင်းစစ်တပ်ဘက်က ကျည်ဗလာဖြင့် ပြန်လည် သတိပေးပစ်ခတ်မှုလုပ်ဆောင်ခဲ့

သော်လည်း ယနေ့တွင် သတိပေးပစ်ခတ်မှုလုပ်ဆောင်သည်ကို မကြားရသေးဟု ဆိုသည်။

                                                          လေးကေ့ကော် ၊ စစ်ကောင်စီတိုက်လေယာဉ်ဖြင့် ဗုံးကျဲသော နေရာများတွင် မြေကြီးကျင်းကြီးများ ဖြစ်ပေါ်

ယမန်နေ့ညက စစ်ကောင်စီတပ်က လေးကေ့ကော်ဒေသသို့ လေကြောင်းမှဗုံးကြဲခြင်း၊လက်နက်ကြီးများဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်

ခြင်းတို့ကြောင်း ဒေသခံများ ထိုင်းဘက်သို့ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

“ စစ်ရှောင်က ဒီနေ့က ထပ်တိုးလာတာ တစ်ထောင်ကျော်သွားပြီ။ စစ်ရှောင်စခန်းက ထိုင်းတာဝန်ရှိသူတစ်ဦးက ကျွန်တော့်ကို ပြောတာ။

အခုဆိုရင် ​လေးထောင်ကျော်ပြီပေါ့” ဟု ကရင်တိုင်းရင်းသား တစ်ဦးက ပြောသည်။

လေးကေ့ကော် ၊ စစ်ကောင်စီတိုက်လေယာဉ်ဖြင့် ဗုံးကျဲသော နေရာများတွင် မြေကြီးကျင်းကြီးများ ဖြစ်ပေါ်

မြန်မာဘက်တွင် စစ်ရေးပဋိပက္ခ ပြင်းထန်ပြီး ထိုင်းဘက်သို့ တိမ်းရှောင်သူများ ထပ်မံ တိုးလာနိုင်၍ ထိုင်းဘက်က ကြိုတင်ပြင်ဆင်မှုများ

လုပ်ဆောင်ထားကြောင်းသိရသည်ဟု ၎င်း ကဆိုသည်။

စစ်ကောင်စီတပ်က လေးကေ့ကော်ဒေသသို့ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းမှုကြောင့် ဒီဇင်ဘာ ၁၄ရက်မှစ၍ တိုက်ပွဲများ

ဖြစ်ပွားနေခြင်းဖြစ်သည်။

ရုပ်သံ – ကိုရဲမင်း(AAC)

စစ္ေကာင္စီတပ္ပစ္ခတ္သည့္ လက္နက္ႀကီးက်ည္ ခုနစ္လုံး ထိုင္းဘက္ က်ေရာက္

–စစ္ေရွာင္ တစ္ေထာင္ေက်ာ္ ထိုင္းဘက္သို႔ ထပ္မံတိမ္းေရွာင္လာ

—People’s Spring

ကရင္ျပည္နယ္ ျမ၀တီၿမိဳ႕နယ္ ေလးေက့ေကာ္ေဒသ၌ ယေန႔ တိုက္ပြဲဆက္ျဖစ္ၿပီး စစ္ေကာင္စီတပ္မွ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္ရာ ထိုင္းနိုင္ငံဘက္ျခမ္းသို႔ အနည္းဆုံး လက္နက္ႀကီးက်ည္ ခုနစ္လုံးက်ေရာက္ ေပါက္ကြဲခဲ့ဟု ထိုင္းနိုင္ငံမဲေဆာက္၌ ေနထိုင္သည့္ ကရင္တိုင္းရင္းသား တစ္ဦးက ေျပာသည္။

“ဒီေန႔ တိုက္ပြဲျဖစ္ေတာ့ ဗမာဘက္က လက္နက္ႀကီးကို ပစ္တာ နည္းပညာနည္းနည္းလိုအပ္လို႔လားမသိဘူး ထိုင္းဘက္ျခမ္းကို လာက်တယ္။

ဒီေန႔ ခုနစ္လုံးရွိၿပီ။ တိုက္ပြဲသာဆိုတယ္ ျမန္မာစစ္တပ္ဘက္က သူက လက္နက္ႀကီး နဲ႔ပဲ ထုတာကိုး။ လက္နက္ႀကီးေပါတာကိုး သူတို႔မွာ”ဟု ၎က ဆိုသည္။

ယေန႔ စစ္ေကာင္စီပစ္သည့္ လက္နက္ႀကီးက်ည္မ်ား သည္ ထိုင္းနိုင္ငံ မဲေဆာက္ၿမိဳ႕နယ္ ဘန႔္လိုက္ေက်းရြာအနီးရွိ စိုက္ခင္းမ်ား၌ က်ေရာက္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ေလးေက့ေကာ္ေဒသ တိုက္ပြဲျဖစ္ပြားမႈ ၁၀ရက္တာကာလအတြင္း လက္နက္ႀကီးက်ည္ ၁၀လုံထက္မနည္း က်ေရာက္ခဲ့ေၾကာင္း အဆိုပါ ကရင္တိုင္းရင္းသားက ေျပာသည္။

ယခင္ လက္နက္ႀကီး က်ေရာက္မႈ ျဖစ္စဥ္တြင္ ထိုင္းစစ္တပ္ဘက္က က်ည္ဗလာျဖင့္ ျပန္လည္ သတိေပးပစ္ခတ္မႈလုပ္ေဆာင္ခဲ့ေသာ္လည္း ယေန႔တြင္ သတိေပးပစ္ခတ္မႈလုပ္ေဆာင္သည္ကို မၾကားရေသးဟု ဆိုသည္။

ယမန္ေန႔ညက စစ္ေကာင္စီတပ္က ေလးေက့ေကာ္ေဒသသို႔ ေလေၾကာင္းမွဗုံးၾကဲျခင္း၊လက္နက္ႀကီးမ်ားျဖင့္ အခ်က္ေပါင္းမ်ားစြာ ပစ္ခတ္ျခင္းတို႔ေၾကာင္း ေဒသခံမ်ား ထိုင္းဘက္သို႔ထြက္ေျပးတိမ္းေရွာင္ခဲ့ရသည္။

“ စစ္ေရွာင္က ဒီေန႔က ထပ္တိုးလာတာ တစ္ေထာင္ေက်ာ္သြားၿပီ။ စစ္ေရွာင္စခန္းက ထိုင္းတာဝန္ရွိသူတစ္ဦးက ကၽြန္ေတာ့္ကို ေျပာတာ။ အခုဆိုရင္ ​ေလးေထာင္ေက်ာ္ၿပီေပါ့” ဟု ကရင္တိုင္းရင္းသား တစ္ဦးက ေျပာသည္။

ျမန္မာဘက္တြင္ စစ္ေရးပဋိပကၡ ျပင္းထန္ၿပီး ထိုင္းဘက္သို႔ တိမ္းေရွာင္သူမ်ား ထပ္မံ တိုးလာနိုင္၍ ထိုင္းဘက္က ႀကိဳတင္ျပင္ဆင္မႈမ်ား လုပ္ေဆာင္ထားေၾကာင္းသိရသည္ဟု ၎ ကဆိုသည္။

စစ္ေကာင္စီတပ္က ေလးေက့ေကာ္ေဒသသို႔ အင္အားအလုံးအရင္းျဖင့္ ဝင္ေရာက္စီးနင္းမႈေၾကာင့္ ဒီဇင္ဘာ ၁၄ရက္မွစ၍ တိုက္ပြဲမ်ား ျဖစ္ပြားေနျခင္းျဖစ္သည္။

႐ုပ္သံ – ကိုရဲမင္း(AAC)