ၾကားသိသမွ်
ဆိုင်းတောင်ရှိ စစ်ကောင်စီ၏ ဗျူဟာကုန်းအနီး တိုက်ပွဲဖြစ်ပွားနေ
ဆိုင်းတောင်ရှိ စစ်ကောင်စီ၏ ဗျူဟာကုန်းအနီး တိုက်ပွဲဖြစ်ပွားနေ
ဖားကန့် – ဒီဇင်ဘာ ၂၄၊ ၂၀၂၁။
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်(ဆိပ်မူ)ကျေးရွာအနီး ယနေ့ ညနေ ၄ နာရီ ၄၀ မိနစ်ခန့်မှစတင်ကာ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။
ဆိုင်းတောင်ရှိ စစ်ကောင်စီ၏ ဗျူဟာကုန်းအနီး လက်နက်ကြီးနှင့် သေနတ်သံများ အဆက်မပြတ်ကြားရသည်ဟု ဒေသခံတစ်ဦးက The
74 Mediaကိုပြောသည်။
“အသံတွေဆက်တိုက်ကြားနေရတယ်၊ ဗြောက်ဖောက်နေသလိုပဲ၊ ကျွန်တော်တို့ရပ်ကွက်ထဲတောင် ကျည်ခွံတွေကျလာတယ် ရွာသားတွေ
ထွက်ပြေးနေကြပြီ” ဟု သူကပြောသည်။
စစ်ကောင်စီ၏ ဗျူဟာကုန်းကို ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) က သွားရောက်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ကနဦးသတင်းထွက်ပေါ်နေ
သော်လည်း The 74 Media က အသေးစိတ်အချက်အလက်များကို စုံစမ်းနေဆဲဖြစ်သည်။
မိုးညှင်းခရိုင်၊ ဆားမှော်နှင့် ကညင်မြိုင်ကျေးရွာအနီးတွင်လည်း ယနေ့နံနက် သုံးနာရီခန့်မှစတင်ကာ စစ်ကောင်စီတပ် ခမရ ၃၈၃ နှင့် ၃၈၄
တပ်ရင်းများကို ကေအိုင်အေတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့သည်။