ၾကားသိသမွ်

တဦးတည်းသောကရင်လူမျိုးစစ်တိုင်းမှူးဗိုလ်ချုပ်စောသန်းလှိုင်လက်အောက်ခံတပ်ဆင်နွှဲနေတဲ့ လေးကေ့ကော်တိုက်ပွဲ

ကရင်လူမျိုးစစ်တိုင်းမှူးဗိုလ်ချုပ်စောသန်းလှိုင်လက်အောက်ခံတပ်ဆင်နွှဲနေတဲ့ လေးကေ့ကော်တိုက်ပွဲ

ဒီဇင်ဘာလ ၂၄ ရက်နေ့၊ ၂၀၂၁

လေးကေ့ကော်ဒေသကို စစ်အင်အားအလုံးအရင်းဖြင့်ဝင်ရောက်ခဲ့တဲ့တပ်မှာ အမှတ် ( ၁၃ ) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ( ၁၃ ) ဖြစ်

ပါတယ်။

စကခ ၁၃ ဟာ တနင်္သာရီ တိုင်းဒေသကြီးဘုတ်ပြင်းမြို့မှာ အခြေစိုက်ထားတဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ပါ။ စစ်ဆင်ရေးကွပ်ကဲမှု

ဌာနချုပ်ဆိုတာဟာလည်း စစ်ဆင်ရေးတွေဆောင်ရွက်ဖို့ဖွဲ့စည်းထားတဲ့ တိုက်ခိုက်ရေးတပ်လည်းဖြစ်ပါတယ်။

လက်ရှိ စကခ ၁၃ ရဲ့တပ်မှူးမှာ ဗိုလ်မှူးချုပ် ကျော်ဇေယျဖြစ်ပြီး စကခ ( ၁၃ ) ဟာ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်လက်အောက်ခံ

တပ်လည်း ဖြစ်ပါတယ်။

လက်ရှိကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးဟာ ကရင်လူမျိုးစစ်ဗိုလ်ချုပ်စောသန်းလှိုင်ဖြစ်ပါတယ်။ ဗိုလ်ချုပ်စောသန်းလှိုင်ဟာ

ကရင်ပြည်နယ်ဘားအံမြို့ဒေသခံတစ်ဦးဖြစ်သလို ဘားအံ့မြို့အထက်တန်း ကျောင်းကနေ ဆယ်တန်းအောင်မြင်ခဲ့ပြီး စစ်တက္ကသိုလ်

အပတ်စဉ် ၃၇ ကို တက်ရောက်ခဲ့ပါတယ်။


လက်ရှိစစ်တိုင်းမှူးတွေထဲမှာ တဦးတည်းသောကရင်လူမျိုးစစ်တိုင်းမှူးလဲဖြစ်ပါတယ်။ ကရင်လူမျိုး ဗိုလ်ချုပ်စောသန်းလှိုင်ဟာ

ကမ်းရိုးတန်းတိုင်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန် မထမ်းဆောင်ခင် ကော့ကရိတ်မြို့အခြေစိုက် စကခ ( ၁၂ )မှာ ဌာနချုပ်မှူး

အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ကရင်ပြည်နယ်အတွင်းစစ်ကောင်စီတပ်တွေရဲ့စစ်ဆင်ရေးတာဝန်တွေကို အဓိက ကွပ်ကဲရသူကတော့ အမှတ် ( ၄) စစ်ဆင်ရေးအထူးအဖွဲ့

မှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်စိုးဖြစ်ပါတယ်။


ဒုတိယဗိုလ်ချုပ်ကြီးအောင်စိုးဟာ ကရင်ပြည်နယ် နဲ့တနင်္သာရီတိုင်းဒေသကြီးတွေမှာရှိတဲ့ စစ်တိုင်းမှူးတွေရဲ့အထက်ကနေ စစ်ဆင်ရေး

တာဝန်တွေကိုကြီးကြပ်ရသူလည်းဖြစ်ပါတယ်။

#Salweenpress

ကရင္လူမ်ိဳးစစ္တိုင္းမႉးဗိုလ္ခ်ဳပ္ေစာသန္းလွိုင္လက္ေအာက္ခံတပ္ဆင္ႏႊဲေနတဲ့ ေလးေက့ေကာ္တိုက္ပြဲ

ဒီဇင္ဘာလ ၂၄ ရက္ေန႔၊ ၂၀၂၁

ေလးေက့ေကာ္ေဒသကို စစ္အင္အားအလုံးအရင္းျဖင့္ဝင္ေရာက္ခဲ့တဲ့တပ္မွာ အမွတ္ ( ၁၃ ) စစ္ဆင္ေရးကြပ္ကဲမႈဌာနခ်ဳပ္ စကခ ( ၁၃ ) ျဖစ္ပါတယ္။

စကခ ၁၃ ဟာ တနသၤာရီ တိုင္းေဒသႀကီးဘုတ္ျပင္းၿမိဳ႕မွာ အေျခစိုက္ထားတဲ့ စစ္ဆင္ေရးကြပ္ကဲမႈဌာနခ်ဳပ္ပါ။ စစ္ဆင္ေရးကြပ္ကဲမႈ ဌာနခ်ဳပ္ဆိုတာဟာလည္း စစ္ဆင္ေရးေတြေဆာင္ရြက္ဖို႔ဖြဲ႕စည္းထားတဲ့ တိုက္ခိုက္ေရးတပ္လည္းျဖစ္ပါတယ္။

လက္ရွိ စကခ ၁၃ ရဲ့တပ္မႉးမွာ ဗိုလ္မႉးခ်ဳပ္ ေက်ာ္ေဇယ်ျဖစ္ၿပီး စကခ ( ၁၃ ) ဟာ ကမ္းရိုးတန္းေဒသ တိုင္းစစ္ဌာနခ်ဳပ္လက္ေအာက္ခံတပ္လည္း ျဖစ္ပါတယ္။

လက္ရွိကမ္းရိုးတန္းတိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉးဟာ ကရင္လူမ်ိဳးစစ္ဗိုလ္ခ်ဳပ္ေစာသန္းလွိုင္ျဖစ္ပါတယ္။ ဗိုလ္ခ်ဳပ္ေစာသန္းလွိုင္ဟာ ကရင္ျပည္န

ယ္ဘားအံၿမိဳ႕ေဒသခံတစ္ဦးျဖစ္သလို ဘားအံ့ၿမိဳ႕အထက္တန္း ေက်ာင္းကေန ဆယ္တန္းေအာင္ျမင္ခဲ့ၿပီး စစ္တကၠသိုလ္ အပတ္စဥ္ ၃၇ ကို တက္ေရာက္ခဲ့ပါတယ္။

လက္ရွိစစ္တိုင္းမႉးေတြထဲမွာ တဦးတည္းေသာကရင္လူမ်ိဳးစစ္တိုင္းမႉးလဲျဖစ္ပါတယ္။ ကရင္လူမ်ိဳး ဗိုလ္ခ်ဳပ္ေစာသန္းလွိုင္ဟာကမ္းရိုးတန္း

တိုင္းေဒသ တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉးတာဝန္ မထမ္းေဆာင္ခင္ ေကာ့ကရိတ္ၿမိဳ႕အေျခစိုက္ စကခ ( ၁၂ )မွာ ဌာနခ်ဳပ္မႉးအျဖစ္တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။

ကရင္ျပည္နယ္အတြင္းစစ္ေကာင္စီတပ္ေတြရဲ့စစ္ဆင္ေရးတာဝန္ေတြကို အဓိက ကြပ္ကဲရသူကေတာ့ အမွတ္ ( ၄) စစ္ဆင္ေရးအထူးအဖြဲ႕မႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီးေအာင္စိုးျဖစ္ပါတယ္။

ဒုတိယဗိုလ္ခ်ဳပ္ႀကီးေအာင္စိုးဟာ ကရင္ျပည္နယ္ နဲ႔တနသၤာရီတိုင္းေဒသႀကီးေတြမွာရွိတဲ့ စစ္တိုင္းမႉးေတြရဲ့အထက္ကေန စစ္ဆင္ေရးတာဝန္ေတြကိုႀကီးၾကပ္ရသူလည္းျဖစ္ပါတယ္။

#Salweenpress