ၾကားသိသမွ်

၂၀၂၃ ခုနှစ်၊ သြဂုတ်လတွင်ရွေးကောက်ပွဲကျင်းပနိုင်ရေးကြိုးစားဆောင်ရွက်မည်ဟုအာဏာသိမ်းစစ်ခေါင်းဆောင်ပြော

လက်နက်ကိုင်ခုခံမှုများအား လေကြောင်းဖြင့်အပြင်းအထန် တိုက်ခိုက်နေသည့် စစ်ခေါင်းဆောင်က နိုင်ငံတည်ငြိမ်လျှင် ရွေးကောက်ပွဲလုပ်

မည်ဟု ပြော

နိုင်ငံတည်ငြိမ်အေးချမ်းမှုအပေါ် မူတည်ပြီး ၂၀၂၃ ခုနှစ်၊ သြဂုတ်လတွင် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတတ်နိုင်ဆုံး

ကြိုးစားဆောင်ရွက်မည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားသည်။

ပြည်သူရွေးချယ်ထားသည့် ပြည်သူ့အစိုးရအား ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းသည့် ၁၁ လပြည့်ချိန်တွင် စစ်ခေါင်းဆောင်က

တပ်မတော် ဆေးတက္ကသိုလ် ဗိုလ်သင်တန်းဆင်းပွဲတွင် ယမန်နေ့က ပြောကြားခဲ့ခြင်းဖြစ်သည်။


၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲရလာဒ်အား မဲစာရင်းမှားယွင်းမှုအကြောင်း ပြပြီး အာဏာသိမ်းခဲ့သည့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည်

ပြည်သူရွေးချယ်ခဲ့သည့် ခေါင်းဆောင်များအား ဖမ်းဆီးထောင်ချ၊ တရားစွဲဆိုမှုများ ပြုလုပ်ထားသည်။

ပြည်သူမဲများအား မျက်ကွယ်ပြုပြီး အာဏာသိမ်းခဲ့သည့် စစ်ခေါင်းဆောင်အား လူငယ်ပြည်သူများက ဆန္ဒပြမှုများကို အကြမ်းဖက်ဖမ်းဆီး

ပစ်သတ်ခဲ့ပြီးနောက် လူငယ်ပြည်သူများသည် လက်နက်ကိုင်ခုခံသည့် လမ်းစဉ်ဖြင့် စစ်ကောင်စီအား တော်လှန်နေကြသည်။

ယင်းတော်လှန်ရေးလူငယ်များအား စစ်တပ်က ခြေလျင်တပ်များအပြင်၊ လက်နက်ကြီးတပ်များ၊ လေကြောင်းပစ်ကူများဖြင့် နှိပ်ကွပ်နေရ

သည်။ စစ်ကောင်စီ၏ လက်နက်ကြီးများ ပစ်ခတ်မှုပြီးနောက် ခြေလျင်တပ်များက ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်

နေသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ အားကောင်သည့် မြို့နယ်များတွင် စစ်ကောင်စီက လေကြောင်းမှပင်

တိုက်ခိုက်နေရသည်။

ကရင်ပြည်နယ်အတွင်းရှိ လေးကေ့ကော်မြို့သစ်ကိုလည်း စစ်ကောင်စီတပ်များက ယမန်နေ့ညတွင် လေကြောင်းမှ ဗုံးများကြဲပြီးနောက်

မြေပြင်တပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ လက်နက်ကြီး ပစ်ခတ်မှုသည် အလုံး ၅၀ ခန့်ရှိသည်ဟု KNU က

ယနေ့ထုတ်ပြန်ထားသည်။

မြို့ကြီးများဖြစ်သည့် ရန်ကုန်၊ မန္တလေးများတွင်လည်း ဗုံးပေါက်ကွဲမှုနှင့် ဆန္ဒပြမှုများ နေ့စဉ်နီးပါးရှိနေသည်။ ယင်းသို့သော်အခြေအနေတွင်

နိုင်ငံတည်ငြိမ်လျှင် ရွေးကောက်ပွဲပြုလုပ်မည်ဟု စစ်ခေါင်းဆောင်က ပြောကြားခြင်းဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပေါ်ပေါက်လာသည့် လက်နက်ကိုင်များနှင့်လည်း ဆွေးနွေးစရာမရှိကြောင်း ထည့်သွင်းပြောကြားခဲ့

သည်။

#MeKongNews