ၾကားသိသမွ်

အထူးကိုယ်စားလှယ်ရုံး ဆက်လက်ထားရန် အရေးကြီးကြောင်း ကုလအတွင်းရေးမှူးချုပ်၏ ပြောခွင့်ရ ပုဂ္ဂိုလ် ပြောကြား

ကုလ အထူးကိုယ်စားလှယ်ရုံး ဆက်လက်ထားရန် အရေးကြီးကြောင်း အတွင်းရေးမှူးချုပ်၏ ပြောခွင့်ရ ပုဂ္ဂိုလ် ပြောကြား

ဒီဇင်ဘာ၊ ၂၄ ရက်

ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်ရုံး မြန်မာနိုင်ငံ အတွင်း ဆက်လက် ထားရှိ ရေးသည် အရေး ကြီးကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူး

ချုပ်၏ လက်ထောက် ပြောခွင့်ရ ပုဂ္ဂိုလ် ဖာဟန်ဟတ်က ပြောကြားလိုက်သည်။


နေပြည်တော်ရှိ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ်ရုံးကို စစ်ကောင်စီက ဒီဇင်ဘာ ၂၀ ရက်မှာ

ပိတ်ပစ်လိုက်သည့် အပေါ် မနေ့ကပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ယင်းသို့ တုံ့ပြန် ပြောဆို လိုက်ခြင်း ဖြစ်သည်။

ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်ရုံး မြန်မာနိုင်ငံ အတွင်း ဆက်လက် ထားရှိရေးသည် အရေးကြီးပြီး အထူး ကိုယ်စားလှယ်သည်

မြန်မာနိုင်ငံရှိ သက်ဆိုင်သူ အားလုံးနှင့် ပူးပေါင်း ဆောင်ရွက်မှု အားကောင်း လာစေရန် မျှော်လင့်ကြောင်း ၎င်းက ဆိုသည်။


မြန်မာပြည်သူများကို အားပေး ကူညီဖို့၊ ငြိမ်းချမ်းရေး မြှင့်တင်ဖို့ ရည်ရွယ်ပြီး NLD အစိုးလက်ထက် ၂၀၁၈ ခုနှစ်မှာ မြန်မာအစိုးရနှင့်

ကုလသမဂ္ဂ အကြား သဘော တူညီချက်ဖြင့် ဖွင်လှစ်ခဲ့သည်။


အထူး ကိုယ်စားလှယ်ဟောင်း မစ္စ ခရစ္စတင်း ဘာဂီနာ နေရာမှာ အောက်တိုဘာ ၂၅ ရက်က စင်ကာပူနိုင်ငံသူ ဝါရင့် သံတမန် မစ္စ နိုလင်း

ဟေဇာကို အစားထိုး ခန့်အပ် ထားပေမဲ့ အထူး ကိုယ်စားလှယ်သစ် အနေဖြင့် မြန်မာနိုင်ငံကို သွားရောက်ခွင့် မရသေးကြောင်း သိရသည်။

Zawgyi

ကုလ အထူးကိုယ္စားလွယ္႐ုံး ဆက္လက္ထားရန္ အေရးႀကီးေၾကာင္း အတြင္းေရးမႉးခ်ဳပ္၏ ေျပာခြင့္ရ ပုဂၢိဳလ္ ေျပာၾကား

ဒီဇင္ဘာ၊ ၂၄ ရက္

ကုလသမဂၢ အထူး ကိုယ္စားလွယ္႐ုံး ျမန္မာနိုင္ငံ အတြင္း ဆက္လက္ ထားရွိ ေရးသည္ အေရး ႀကီးေၾကာင္း ကုလသမဂၢ အတြ

င္းေရးမႉးခ်ဳပ္၏ လက္ေထာက္ ေျပာခြင့္ရ ပုဂၢိဳလ္ ဖာဟန္ဟတ္က ေျပာၾကားလိုက္သည္။

ေနျပည္ေတာ္ရွိ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္၏ ျမန္မာနိုင္ငံ ဆိုင္ရာ အထူး ကိုယ္စားလွယ္႐ုံးကို စစ္ေကာင္စီက ဒီဇင္ဘာ ၂၀ ရက္မွာ ပိတ္ပ

စ္လိုက္သည့္ အေပၚ မေန႔ကျပဳလုပ္သည့္ သတင္းစာ ရွင္းလင္းပြဲတြင္ ၎က ယင္းသို႔ တုံ႔ျပန္ ေျပာဆို လိုက္ျခင္း ျဖစ္သည္။

ကုလသမဂၢ အထူး ကိုယ္စားလွယ္႐ုံး ျမန္မာနိုင္ငံ အတြင္း ဆက္လက္ ထားရွိေရးသည္ အေရးႀကီးၿပီး အထူး ကိုယ္စားလွယ္သည္ ျမန္မာနိုင္ငံ

ရွိ သက္ဆိုင္သူ အားလုံးႏွင့္ ပူးေပါင္း ေဆာင္ရြက္မႈ အားေကာင္း လာေစရန္ ေမၽွာ္လင့္ေၾကာင္း ၎က ဆိုသည္။

ျမန္မာျပည္သူမ်ားကို အားေပး ကူညီဖို႔၊ ၿငိမ္းခ်မ္းေရး ျမႇင့္တင္ဖို႔ ရည္ရြယ္ၿပီး NLD အစိုးလက္ထက္ ၂၀၁၈ ခုႏွစ္မွာ ျမန္မာအစိုးရႏွ

င့္ ကုလသမဂၢ အၾကား သေဘာ တူညီခ်က္ျဖင့္ ဖြင္လွစ္ခဲ့သည္။

အထူး ကိုယ္စားလွယ္ေဟာင္း မစၥ ခရစၥတင္း ဘာဂီနာ ေနရာမွာ ေအာက္တိုဘာ ၂၅ ရက္က စင္ကာပူနိုင္ငံသူ ဝါရင့္ သံတမန္ မစၥ နိုလ

င္း ေဟဇာကို အစားထိုး ခန႔္အပ္ ထားေပမဲ့ အထူး ကိုယ္စားလွယ္သစ္ အေနျဖင့္ ျမန္မာနိုင္ငံကို သြားေရာက္ခြင့္ မရေသးေၾကာင္း

သိရသည္။