ၾကားသိသမွ်

မိုးကောင်း ဆားမှော်ကျေးရွာအနီး စစ်ကောင်စီ တပ်စခန်း ၂ ခုကို KIA တိုက်ခိုက်ဖျက်စီးခဲ့

မိုးကောင်း ဆားမှော်ကျေးရွာအနီး စစ်ကောင်စီ တပ်စခန်း ၂ ခုကို KIA တိုက်ခိုက်ဖျက်စီးခဲ့

December 24, 2021

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာဖြင့် ၂ မိုင်ခန့်ဝေးသော ကညှင်မြိုင်ကျေးရွာအနီးရှိ စစ်ကောင်စီ တပ်စခန်း ၂ ခုကို

ကချင်လွတ်လပ်ရေးတပ်မတော် KIA က ယနေ့ နံနက်ပိုင်းက တိုက်ခိုက်ဖျက်စီးနိုင်ခဲ့ကြောင်း KIO ဘက်အတည်ပြု ပြောဆိုသည်။

“KIA ဘက်က စစ်ကောင်စီ တပ်စခန်း ၂ခုကို သွားရောက်တိုက်ခိုက်သိမ်းပိုက်တာမှန်ပါတယ်။ ကျနော်တို့ဘက်ကတော့ တပ်စခန်းတွေ မီး

ရိူ့ဖျက်ဆီးပြီးမှ ပြန်နောက်ဆုတ်ခဲ့တယ်လို့ ကြားတယ်။ အသေအပျောက်စာရင်းက မသိရသေးဘူး” ဟု KIO ဗဟိုဌာနချုပ် ပြန်ကြားရေး

တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက KNG ကို ပြောဆိုထားသည်။


ယနေ့ နံနက် ၃နာရီဝန်းကျင်တွင် KIA တပ်မဟာ ၉ လက်အောက် တပ်ရင်း ၄၄ အဖွဲ့က စစ်ကောင်စီတပ်၏ ခမရ ၃၈၃ နှင့် ခမရ ၃၈၄ တပ်

စခန်း ၂ခုကို သိမ်းပိုက်နိုင်ခဲ့ကာ မီးရိူ့ဖျက်ဆီးလိုက်ခြင်းဖြစ်သည်ဟု သိရသည်။

ထို့နောက် နံနက်ပိုင်း ၅နာရီဝန်းကျင်ခန့်တွင် စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် ၅ကြိမ်ထက်မနည်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်

ဟု KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ကညှင်မြိုင်မှာ တပ်စွဲထားတဲ့ တပ်စခန်း ၂ခုကို သွားရောက်တိုက်ခိုက်ခဲ့တယ်။ စခန်း ၂ခုစလုံးကို မီးရိူ့ဖျက်စီးခဲ့တယ်။ စစ်ကောင်စီကနေ

ဗုံးကြဲတိုက်ခိုက်လာတဲ့အတွက် ပြန်နောက်ဆုတ်သွားခဲ့တယ်”ဟု KIA ရှေ့တန်း ရင်းမြစ်တစ်ဦးက ပြောဆိုသည်။


ထို့အပြင် ဆားမှော်တွင် တပ်စွဲထားသည့် စစ်ကောင်စီ စစ်တပ်စခန်းမှလည်း လက်နက်ကြီးများဖြင့် KIA ရှိရာဘက်သို့ ပစ်ခတ်ခဲ့ပြီး ၂ဖက်

တပ် အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

KIA နှင့် PDF တို့အနေဖြင့် စစ်ကောင်စီတပ်၏ တပ်စခန်း ၂ခု မီးရိူ့ဖျက်ဆီးခဲ့သည့်အပြင် လက်နက်ပစ္စည်းအများအပြားလည်း သိမ်းယူနိုင်

ခဲ့ကြောင်း ဆက်လက်သိရသည်။

ယနေ့ နံနက် စခန်းသိမ်းတိုက်ပွဲနှင့်ပတ်သက်ပြီး ထိခိုက်ကျဆုံးမှုများကို ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

KIA တပ်မဟာ ၉ ဖြစ်သော တပ်ရင်း ၆ နယ်မြေ ဖားကန့် ဝှေ့ခါမှော် ဂျန့်ဂါကုန်း အနီးတဝိုက်တွင်လည်း ယမန်နေ့ ညနေပိုင်း ၄ နာရီ

ဝန်းကျင်ခန့်က စစ်ကောင်စီနဲ့ KIA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။ Source;KNG

မိုးေကာင္း ဆားေမွာ္ေက်းရြာအနီး စစ္ေကာင္စီ တပ္စခန္း ၂ ခုကို KIA တိုက္ခိုက္ဖ်က္စီးခဲ့

December 24, 2021

ကခ်င္ျပည္နယ္၊ မိုးေကာင္းၿမိဳ႕နယ္ ဆားေမွာ္ေက်းရြာျဖင့္ ၂ မိုင္ခန႔္ေဝးေသာ ကညႇင္ၿမိဳင္ေက်းရြာအနီးရွိ စစ္ေကာင္စီ တ

ပ္စခန္း ၂ ခုကို ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA က ယေန႔ နံနက္ပိုင္းက တိုက္ခိုက္ဖ်က္စီးနိုင္ခဲ့ေၾကာင္း KIO ဘက္အတည္ျပဳ ေျပာဆိုသည္။

“KIA ဘက္က စစ္ေကာင္စီ တပ္စခန္း ၂ခုကို သြားေရာက္တိုက္ခိုက္သိမ္းပိုက္တာမွန္ပါတယ္။ က်ေနာ္တို႔ဘက္ကေတာ့ တပ္စခန္းေတြ မီးရိူ႔ဖ်က္ဆီးၿပီးမွ ျပန္ေနာက္ဆုတ္ခဲ့တယ္လို႔ ၾကားတယ္။

အေသအေပ်ာက္စာရင္းက မသိရေသးဘူး” ဟု KIO ဗဟိုဌာနခ်ဳပ္ ျပန္ၾကားေရးတာဝန္ခံ ဗိုလ္မႉးႀကီး ေနာ္ဘူက KNG ကို ေျပာဆိုထားသည္။

ယေန႔ နံနက္ ၃နာရီဝန္းက်င္တြင္ KIA တပ္မဟာ ၉ လက္ေအာက္ တပ္ရင္း ၄၄ အဖြဲ႕က စစ္ေကာင္စီတပ္၏ ခမရ ၃၈၃ ႏွင့္ ခမရ ၃၈၄ တပ္စခန္း ၂ခုကို သိမ္းပိုက္နိုင္ခဲ့ကာ မီးရိူ႔ဖ်က္ဆီးလိုက္ျခင္းျဖစ္သည္ဟု သိရသည္။

ထို႔ေနာက္ နံနက္ပိုင္း ၅နာရီဝန္းက်င္ခန္႔တြင္ စစ္ေကာင္စီဘက္မွ ေလေၾကာင္းျဖင့္ ၅ႀကိမ္ထက္မနည္း လာေရာက္ဗုံးၾကဲတိုက္ခိုက္ခဲ့သည္ဟု KIA ေရွ႕တန္းသတင္းရင္းျမစ္တစ္ဦးက ေျပာသည္။

“ကညႇင္ၿမိဳင္မွာ တပ္စြဲထားတဲ့ တပ္စခန္း ၂ခုကို သြားေရာက္တိုက္ခိုက္ခဲ့တယ္။ စခန္း ၂ခုစလုံးကို မီးရိူ႔ဖ်က္စီးခဲ့တယ္။ စစ္ေကာင္စီကေန ဗုံးၾကဲတိုက္ခိုက္လာတဲ့အတြက္ ျပန္ေနာက္ဆုတ္သြားခဲ့တယ္”ဟု KIA ေရွ႕တန္း ရင္းျမစ္တစ္ဦးက ေျပာဆိုသည္။

ထို႔အျပင္ ဆားေမွာ္တြင္ တပ္စြဲထားသည့္ စစ္ေကာင္စီ စစ္တပ္စခန္းမွလည္း လက္နက္ႀကီးမ်ားျဖင့္ KIA ရွိရာဘက္သို႔ ပစ္ခတ္ခဲ့ၿပီး ၂ဖက္တပ္ အျပန္အလွန္တိုက္ပြဲျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

KIA ႏွင့္ PDF တို႔အေနျဖင့္ စစ္ေကာင္စီတပ္၏ တပ္စခန္း ၂ခု မီးရိူ႔ဖ်က္ဆီးခဲ့သည့္အျပင္ လက္နက္ပစၥည္းအမ်ားအျပားလည္း သိမ္းယူနိုင္ခဲ့ေၾကာင္း ဆက္လက္သိရသည္။

ယေန႔ နံနက္ စခန္းသိမ္းတိုက္ပြဲႏွင့္ပတ္သက္ၿပီး ထိခိုက္က်ဆုံးမႈမ်ားကို ဆက္လက္ စုံစမ္းေနဆဲျဖစ္သည္။

KIA တပ္မဟာ ၉ ျဖစ္ေသာ တပ္ရင္း ၆ နယ္ေၿမ ဖားကန႔္ ေဝွ႕ခါေမွာ္ ဂ်န္႔ဂါကုန္း အနီးတဝိုက္တြင္လည္း ယမန္ေန႔ ညေနပိုင္း ၄ နာရီဝန္းက်င္ခန႔္က စစ္ေကာင္စီနဲ႔ KIA တို႔ တိုက္ပြဲျဖစ္ပြားခဲ့ေၾကာင္းသိရသည္။Source;KNG