ၾကားသိသမွ်

လေးကေ့ကော်ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီး လက်နက်ကြီး အလုံး ၅၀ ခန့် ရမ်းသမ်းပစ်ခတ်

လေးကေ့ကော်ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီး လက်နက်ကြီး အလုံး ၅၀ ခန့် ရမ်းသမ်းပစ်ခတ်

မဲခေါင်၊ ဒီဇင်ဘာ ၂၄

ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်အား စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေပြီး မြေပြင်တပ်ရင်းများကလည်း

လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေသည်။

ယမန်နေ့ ( ဒီဇင်ဘာ ၂၃) ည ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် တိုက်လေယာဉ်များဖြင့် ဗုံး ၂ လုံး ကြဲချသွားပြီးနောက် လေးကေ့ကော် မေတ္တာလင်း

မြိုင်မှ လက်နက်ကြီးများဖြင့် အလုံး ၅၀ နီးပါးပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ကော့ကရိတ်မြို့နယ် အခြေစိုက် စစ်ကောင်စီတပ် ခလရ ၉၇ တပ်ရင်းကလည်း ကျေးရွာအတွင်းလက်နက်ကြီး အလုံး ၄၀ ခန့် ရမ်းသမ်း

ပစ်ခတ်ခဲ့သည်။

စစ်ကောင်စီတပ်ပစ်ခတ်မှုများကြောင့် ကော့ကရိတ်မြို့နယ်၊ ကော့နွှဲကျေးရွာ ပြည်သူတဦးနေအိမ်သို့ ကျည်များကျရောက်ခဲ့ပြီး ပျက်ဆီး

ဆုံးရှုံးမှုများရှိခဲ့သည်။ လေးကေ့ကော်ဒေသသို့ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးများကြောင့် ထူးထူးခြားခြား ကျဆုံးမှုများမရှိကြောင်း မြေပြင်

သတင်းများအရသိရသည်။

ဒီဇင်ဘာ ၂၃ ညပိုင်း စစ်ကောင်စီက လေကြောင်းနှင့်မြေပြင်တပ်ရင်းများက ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူများသည် ထိုင်း

နိုင်ငံဘက်ခြမ်းသို့ ညတွင်းချင်းထွက်ပြေးကြရသည်။

ထိုင်းတပ်မတော်က ထွက်ပြေးလာသည့် စစ်ရှောင်များအား ကားများဖြင့် ကူညီပေးမှုများပြုလုပ်ပေးခဲ့သည်။ လေးကေ့ကော်ဒေသအတွင်း

ကျူးကျော်ဝင်ရောက်လာသည့် စစ်ကောင်စီအဖွဲ့သည် ကရင်လက်နက်ကိုင်များ၏ တိုက်ခိုက်မှုများကြောင့် အထိနာနေပြီး လေကြောင်းပစ်

ကူနှင့် လက်နက်ကြီး ပစ်ကူများဖြင့် တိုက်ခိုက်နေသည်။

#MeKongNews

ေလးေက့ေကာ္ကို စစ္ေကာင္စီက ေလေၾကာင္းမွ ဗုံးၾကဲတိုက္ခိုက္ၿပီး လက္နက္ႀကီး အလုံး ၅၀ ခန္႔ ရမ္းသမ္းပစ္ခတ္

မဲေခါင္၊ ဒီဇင္ဘာ ၂၄

ကရင္ျပည္နယ္၊ ေလးေက့ေကာ္ၿမိဳ႕သစ္အား စစ္ေကာင္စီက ေလေၾကာင္းမွ ဗုံးၾကဲတိုက္ခိုက္ေနၿပီး ေျမျပင္တပ္ရင္းမ်ားကလည္း လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ေနသည္။

ယမန္ေန႔ ( ဒီဇင္ဘာ ၂၃) ည ၁၀ နာရီ ၁၀ မိနစ္ခန႔္တြင္ တိုက္ေလယာဥ္မ်ားျဖင့္ ဗုံး ၂ လုံး ၾကဲခ်သြားၿပီးေနာက္ ေလးေက့ေကာ္ ေမတၱာလင္းၿမိဳင္မွ လက္နက္ႀကီးမ်ားျဖင့္ အလုံး ၅၀ နီးပါးပစ္ခတ္တိုက္ခိုက္ခဲ့သည္။

ေကာ့ကရိတ္ၿမိဳ႕နယ္ အေျခစိုက္ စစ္ေကာင္စီတပ္ ခလရ ၉၇ တပ္ရင္းကလည္း ေက်းရြာအတြင္းလက္နက္ႀကီး အလုံး ၄၀ ခန႔္ ရမ္းသမ္းပစ္ခတ္ခဲ့သည္။

စစ္ေကာင္စီတပ္ပစ္ခတ္မႈမ်ားေၾကာင့္ ေကာ့ကရိတ္ၿမိဳ႕နယ္၊ ေကာ့ႏႊဲေက်းရြာ ျပည္သူတဦးေနအိမ္သို႔ က်ည္မ်ားက်ေရာက္ခဲ့ၿပီး ပ်က္ဆီးဆုံးရႈံးမႈမ်ားရွိခဲ့သည္။ ေလးေက့ေကာ္ေဒသသို႔ ပစ္ခတ္ခဲ့သည့္ လက္နက္ႀကီးမ်ားေၾကာင့္ ထူးထူးျခားျခား က်ဆုံးမႈမ်ားမရွိေၾကာင္း ေျမျပင္သတင္းမ်ားအရသိရသည္။

ဒီဇင္ဘာ ၂၃ ညပိုင္း စစ္ေကာင္စီက ေလေၾကာင္းႏွင့္ေျမျပင္တပ္ရင္းမ်ားက ပစ္ခတ္တိုက္ခိုက္မႈမ်ားေၾကာင့္ ေဒသခံျပည္သူမ်ားသည္ ထိုင္းနိုင္ငံဘက္ျခမ္းသို႔ ညတြင္းခ်င္းထြက္ေျပးၾကရသည္။

ထိုင္းတပ္မေတာ္က ထြက္ေျပးလာသည့္ စစ္ေရွာင္မ်ားအား ကားမ်ားျဖင့္ ကူညီေပးမႈမ်ားျပဳလုပ္ေပးခဲ့သည္။ ေလးေက့ေကာ္ေဒသအတြင္း က်ဴးေက်ာ္ဝင္ေရာက္လာသည့္ စစ္ေကာင္စီအဖြဲ႕သည္ ကရင္လက္နက္ကိုင္မ်ား၏ တိုက္ခိုက္မႈမ်ားေၾကာင့္ အထိနာေနၿပီး ေလေၾကာင္းပစ္ကူႏွင့္ လက္နက္ႀကီး ပစ္ကူမ်ားျဖင့္ တိုက္ခိုက္ေနသည္။

#MeKongNews