ၾကားသိသမွ်

လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက် ညတွင်းချင်း ထွက်ပြေးကြရသည့် မြန်မာစစ်ရှောင်ပြည်သူများကို ထိုင်းစစ်တပ်က သောင်ရင်းမြစ်ကမ်းအထိ လာကြိုပေး

အာဏာသိမ်းစစ်တပ်က လေးကေ့ကော်ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက် ညတွင်းချင်း ထွက်ပြေးကြရသည့် မြန်မာစစ်

ရှောင်ပြည်သူများကို ထိုင်းစစ်တပ်က သောင်ရင်းမြစ်ကမ်းအထိ လာကြိုပေး

အာဏာသိမ်းစစ်တပ်က ကရင်ပြည်နယ် လေးကေ့ကော်ဒေသကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၂၃) ရက်နေ့ ညပိုင်းက လေကြောင်းတိုက်ခိုက်မှု

လုပ်သဖြင့် ဒေသခံများ ထိုင်းဘက်ခြမ်းကို ထွက်ပြေးကြရရာ ထိုင်းနယ်ခြားစောင့်စစ်တပ်က တစ်ဖက် သောင်ရင်းမြစ်ကမ်းမှ ကြိုဆိုခေါ်

ဆောင်ပေးကြကြောင်း သိရသည်။


အာဏာသိမ်းစစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်သည့်အပြင် လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်သဖြင့် မင်းလက်ပံနှင့် ဖလူးဒေသခံ

များသည် ညအမှောင်ထဲတွင် နယ်ခြားသောင်ရင်းမြစ်ကို ဖြတ်ကူးကြရရာ ထိုင်းနယ်ခြားစောင့်တပ်က တစ်ဖက် မြစ်ကမ်းအထိ

မော်တော်ယာဉ်များဖြင့် လာကြိုပေးကာ ယာယီစစ်ရှောင်စခန်းသို့ ပို့ဆောင်ပေးထားခြင်းဖြစ်ကြောင်း ဒေသအခြေစိုက်သတင်းမီဒီယာများ

က ဖေါ်ပြထားသည်။


ကရင်ပြည်နယ်အတွင်း KNU နယ်မြေ လေးကေ့ကော်ကို အာဏာသိမ်းစစ်တပ်က နယ်မြေကျော်ဝင်၍ တိုက်ခိုက်ရာမှ တိုက်ပွဲများစတင်

ဖြစ်ပွားလာ၍ ဒေသခံများသည် နယ်စပ်သောင်ရင်းမြစ်ကိုဖြတ်၍ ထိုင်းဘက်ထွက်ပြေးတိမ်းရှောင်ကြရရာ ထိုင်းနိုင်ငံက လူသားချင်းစာနာမှု

အကူအညီများပေးထားပြီး ယာယီစစ်ရှောင်စခန်းတစ်ခုကို ခွင့်ပြုထားခဲ့ခြင်းဖြစ်သည်။


ပုံစာ – ညတွင်းချင်း ထိုင်းဘက်အခြမ်းသို့ ထွက်ပြေးနေရသည့် မြန်မာ စစ်ဘေးရှောင်ပြည်သူများ

Zawgyi

အာဏာသိမ္းစစ္တပ္က ေလးေက့ေကာ္ကို ေလေၾကာင္းျဖင့္ ဗုံးၾကဲတိုက္ခိုက္သည့္အတြက္ ညတြင္းခ်င္း ထြက္ေျပးၾကရသ

ည့္ ျမန္မာစစ္ေရွာင္ျပည္သူမ်ားကို ထိုင္းစစ္တပ္က ေသာင္ရင္းျမစ္ကမ္းအထိ လာႀကိဳေပး

အာဏာသိမ္းစစ္တပ္က ကရင္ျပည္နယ္ ေလးေက့ေကာ္ေဒသကို ၂၀၂၁ ခုႏွစ္ ဒီဇင္ဘာလ (၂၃) ရက္ေန႔ ညပိုင္းက ေလေၾကာ

င္းတိုက္ခိုက္မႈ လုပ္သျဖင့္ ေဒသခံမ်ား ထိုင္းဘက္ျခမ္းကို ထြက္ေျပးၾကရရာ ထိုင္းနယ္ျခားေစာင့္စစ္တပ္က တစ္ဖက္ ေသာင္ရ

င္းျမစ္ကမ္းမွ ႀကိဳဆိုေခၚေဆာင္ေပးၾကေၾကာင္း သိရသည္။

အာဏာသိမ္းစစ္တပ္က ေလေၾကာင္း ဗုံးၾကဲတိုက္ခိုက္သည့္အျပင္ လက္နက္ႀကီးမ်ားျဖင့္ပါ ပစ္ခတ္သျဖင့္ မင္းလက္ပံႏွင့္ ဖလူးေဒသခံ

မ်ားသည္ ညအေမွာင္ထဲတြင္ နယ္ျခားေသာင္ရင္းျမစ္ကို ျဖတ္ကူးၾကရရာ ထိုင္းနယ္ျခားေစာင့္တပ္က တစ္ဖက္ ျမစ္ကမ္းအထိ ေမာ္ေ

တာ္ယာဥ္မ်ားျဖင့္ လာႀကိဳေပးကာ ယာယီစစ္ေရွာင္စခန္းသို႔ ပို႔ေဆာင္ေပးထားျခင္းျဖစ္ေၾကာင္း ေဒသအေျခစိုက္သတ

င္းမီဒီယာမ်ားက ေဖၚျပထားသည္။

ကရင္ျပည္နယ္အတြင္း KNU နယ္ေၿမ ေလးေက့ေကာ္ကို အာဏာသိမ္းစစ္တပ္က နယ္ေျမေက်ာ္ဝင္၍ တိုက္ခိုက္ရာမွ တိုက္ပြဲမ်ားစတ

င္ျဖစ္ပြားလာ၍ ေဒသခံမ်ားသည္ နယ္စပ္ေသာင္ရင္းျမစ္ကိုျဖတ္၍ ထိုင္းဘက္ထြက္ေျပးတိမ္းေရွာင္ၾကရရာ ထိုင္းနိုင္ငံက လူ

သားခ်င္းစာနာမႈအကူအညီမ်ားေပးထားၿပီး ယာယီစစ္ေရွာင္စခန္းတစ္ခုကို ခြင့္ျပဳထားခဲ့ျခင္းျဖစ္သည္။

ပုံစာ – ညတြင္းခ်င္း ထိုင္းဘက္အျခမ္းသို႔ ထြက္ေျပးေနရသည့္ ျမန္မာ စစ္ေဘးေရွာင္ျပည္သူမ်ား