ၾကားသိသမွ်

တွေ့ဆုံဆွေးနွေးမှုများဖြင့် ရင်ကြားစေ့ရေး စိတ်သစ် လူသစ်ဖြင့် ပြန်လည်ဆောင်ရွက်ကြရန် အထူးအားပေးကြောင်း ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘို ဆို

တွေ့ဆုံဆွေးနွေးမှုများဖြင့် ရင်ကြားစေ့ရေး စိတ်သစ် လူသစ်ဖြင့် ပြန်လည်ဆောင်ရွက်ကြရန် အထူးအားပေးကြောင်း ကက်သလစ်

ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘို ဆို

အာဏာသိမ်း အကြမ်းဖက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်သည့် ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး

ကာဒီနယ် ချားလ်စ်ဘို၏ ခရစ္စမတ် စုပေါင်းဂုဏ်ပြု ဆုတောင်းပွဲတွင်

“မြန်မာပြည်ကြီး အမြန်ဆုံး ငြိမ်းချမ်းမှု၊ စည်းလုံးတိုးတက်မှုများ ရရှိစေရေးအတွက် တစ်ဦးနှင့်တစ်ဦး နားလည်ခွင့်လွှတ်မှု၊ အပြန်အလှန်

လေးစားမှု၊ အနာဂတ် လူငယ်မျိုးဆက်သစ်များအတွက် အခွင့်အရေးဖန်တီးပေးမှုများ စစ်မှန်ရိုးသားသော တွေ့ဆုံဆွေးနွေးမှုများဖြင့်

ရင်ကြားစေ့ရေး လုပ်ငန်းများကို စိတ်သစ် လူသစ်များဖြင့် ပြန်လည်ဆောင်ရွက်ကြရန် အထူးအားပေးကြောင်း ကက်သလစ်ဂိုဏ်းချုပ်

ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘို ခရစ္စမတ်သဝဏ်လွှာအဖြစ် ထည့်သွင်း ဖတ်ကြားသည်။


ယနေ့ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၂၃)ရက်နေ့တွင် ရန်ကုန်မြို့၌ ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘို ကျင်းပသည့်

၂၀၂၁ ခုနှစ် ခရစ္စမတ် စုပေါင်းဂုဏ်ပြု ဆုတောင်းပွဲသို့ အာဏာသိမ်း အကြမ်းဖက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်

ရောက်ပြီး အလှူငွေ ကျပ်သိန်း(၂၀၀)လှူဒါန်းပေးခဲ့ကြောင်း သိရသည်။


မြန်မာနိုင်ငံအတွင်း ချင်းပြည်နယ် နှင့် ကယားပြည်နယ်တို့ရှိ ကက်သလစ်သာသနာဘုရားကျောင်း အများအပြားမှာ အာဏာသိမ်း

စစ်တပ်၏ လက်နက်ငယ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် ပျက်ဆီးမှုများအပြင် မီးရှို့ခံရမှုများကြောင့် ပျက်ဆီးဆုံးရှုံးမှုများ ဖြစ်

ပေါ်နေသော်လည်း ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ ခရစ္စမတ်သဝဏ်လွှာတွင် တစ်ခွန်းမှ ထည့်သွင်းကာ ပြောကြားခြင်း၊ ဆုတောင်းပေး

ခြင်းများ မပါဝင်၍ ကက်သလစ်ဘုန်းတော်ကြီးများ အပါအဝင် ဘာသာတူသူများ၏ ဝေဖန်မှုများမှာ ကက်သလစ်ဘာသာတူသူများ၏

Facebook စာမျက်နှာများတွင်လည်း တွေ့ရသည်။


ပုံအညွန်း – ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၂၃)ရက်နေ့တွင် ကျင်းပသည့် ခရစ္စမတ် စုပေါင်းဂုဏ်ပြု ဆုတောင်းပွဲမှ ပုံများဖြစ်သည်။

ေတြ႕ဆုံေဆြးေႏြးမႈမ်ားျဖင့္ ရင္ၾကားေစ့ေရး စိတ္သစ္ လူသစ္ျဖင့္ ျပန္လည္ေဆာင္ရြက္ၾကရန္ အထူးအားေပးေၾကာ

င္း ကက္သလစ္ဂိုဏ္းခ်ဳပ္ဆရာေတာ္ႀကီး ကာဒီနယ္ ခ်ားလ္စ္ဘို ဆို

အာဏာသိမ္း အၾကမ္းဖက္ စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္ တက္ေရာက္သည့္ ကက္သလစ္ဂိုဏ္းခ်ဳပ္ဆရာေ

တာ္ႀကီး ကာဒီနယ္ ခ်ားလ္စ္ဘို၏ ခရစၥမတ္ စုေပါင္းဂုဏ္ျပဳ ဆုေတာင္းပြဲတြင္ “ျမန္မာျပည္ႀကီး အျမန္ဆုံး ၿငိမ္းခ်မ္းမႈ၊ စ

ည္းလုံးတိုးတက္မႈမ်ား ရရွိေစေရးအတြက္ တစ္ဦးႏွင့္တစ္ဦး နားလည္ခြင့္လႊတ္မႈ၊ အျပန္အလွန္ေလးစားမႈ၊ အနာဂတ္ လူငယ္မ်ိဳးဆက္သစ္မ်ားအ

တြက္ အခြင့္အေရးဖန္တီးေပးမႈမ်ား စစ္မွန္ရိုးသားေသာ ေတြ႕ဆုံေဆြးေႏြးမႈမ်ားျဖင့္ ရင္ၾကားေစ့ေရး လုပ္ငန္းမ်ားကို စိတ္သစ္

လူသစ္မ်ားျဖင့္ ျပန္လည္ေဆာင္ရြက္ၾကရန္ အထူးအားေပးေၾကာင္း ကက္သလစ္ဂိုဏ္းခ်ဳပ္ဆရာေတာ္ႀကီး ကာဒီနယ္ ခ်ားလ္စ္ဘို ခရ

စၥမတ္သဝဏ္လႊာအျဖစ္ ထည့္သြင္း ဖတ္ၾကားသည္။

ယေန႔ ၂၀၂၁ခုႏွစ္ ဒီဇင္ဘာလ(၂၃)ရက္ေန႔တြင္ ရန္ကုန္ၿမိဳ႕၌ ကက္သလစ္ဂိုဏ္းခ်ဳပ္ဆရာေတာ္ႀကီး ကာဒီနယ္ ခ်ားလ္စ္ဘို က်င္းပသည့္

၂၀၂၁ ခုႏွစ္ ခရစၥမတ္ စုေပါင္းဂုဏ္ျပဳ ဆုေတာင္းပြဲသို႔ အာဏာသိမ္း အၾကမ္းဖက္ စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မ

င္းေအာင္လွိုင္ တက္ေရာက္ၿပီး အလႉေငြ က်ပ္သိန္း(၂၀၀)လႉဒါန္းေပးခဲ့ေၾကာင္း သိရသည္။

ျမန္မာနိုင္ငံအတြင္း ခ်င္းျပည္နယ္ ႏွင့္ ကယားျပည္နယ္တို႔ရွိ ကက္သလစ္သာသနာဘုရားေက်ာင္း အမ်ားအျပားမွာ အာဏာသိမ္းစစ္တ

ပ္၏ လက္နက္ငယ္၊ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္မႈမ်ားေၾကာင့္ ပ်က္ဆီးမႈမ်ားအျပင္ မီးရွို႔ခံရမႈမ်ားေၾကာင့္ ပ်က္ဆီးဆုံးရႈံးမႈမ်ား ျ

ဖစ္ေပၚေနေသာ္လည္း ယင္းျဖစ္စဥ္မ်ားႏွင့္ ပတ္သက္၍ ခရစၥမတ္သဝဏ္လႊာတြင္ တစ္ခြန္းမွ ထည့္သြင္းကာ ေျပာၾကားျခင္း၊

ဆုေတာင္းေပးျခင္းမ်ား မပါဝင္၍ ကက္သလစ္ဘုန္းေတာ္ႀကီးမ်ား အပါအဝင္ ဘာသာတူသူမ်ား၏ ေဝဖန္မႈမ်ားမွာ ကက္သလစ္

ဘာသာတူသူမ်ား၏ Facebook စာမ်က္ႏွာမ်ားတြင္လည္း ေတြ႕ရသည္။

ပုံအညြန္း – ၂၀၂၁ခုႏွစ္ ဒီဇင္ဘာလ(၂၃)ရက္ေန႔တြင္ က်င္းပသည့္ ခရစၥမတ္ စုေပါင္းဂုဏ္ျပဳ ဆုေတာင္းပြဲမွ ပုံမ်ားျဖစ္သည္။