ၾကားသိသမွ်

ယင်းမာပင်တိုက်ပွဲ ဗျူဟာမှူးနှင့်စနိုက်ပါသမားအပါအဝင် စစ်​ကောင်စီတပ်သား ခုနစ်ဦး​သေ

ယင်းမာပင်တိုက်ပွဲ ဗျူဟာမှူးနှင့်စနိုက်ပါသမားအပါအဝင် စစ်​ကောင်စီတပ်သား ခုနစ်ဦး​သေ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ဗျူဟာမှူးနှင့် စနိုက်ပါသမား အပါအဝင် စစ်​ကောင်စီ

တပ်သား ခုနစ်ဦးသေဆုံးကြောင်း ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက ယနေ့ ထုတ်ပြန်သည်။

ဒီဇင်ဘာ ၂၂ ရက်က ယင်းမာပင်မြို့ အနောက်ဘက်တွင် အကြမ်းဖက်စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များ အပြင်းအထန်

တိုက်ပွဲဖြစ်ရာမှ စစ်ကောင်စီတပ်သားများ သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက ဆိုသည်။

တိုက်ပွဲ ဖြစ်စဉ်တွင် ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုမှ အထိအခိုက် ရရှိသူတစ်ဦးမျှမရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းမာပင် မြို့နယ်တွင်းသို့ အကြမ်းဖက်စစ်ကောင်စီက ဒီဇင်ဘာ ၁၉ ရက်ကစ၍ အင်အားတိုးချဲ့ခဲ့ပြီး ဒီဇင်ဘာ ၂၂ ရက်တွင် ကျေးရွာများ

ကို စစ်ကြောင်းစတင်ထိုးခဲ့သည်။

ထို့ကြောင့် စည်အောင်၊ အောင်ချမ်းအေးနှင့် အောင်ချမ်းသာ ​ကျေးရွာသုံးရွာမှ ပြည်သူထောင်နှင့်ချီ စစ်ဘေးရှောင်နေရသည်။

ယင်းမာပင်မြို့နယ်သည် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေသည့် ဒေသများအနက် တစ်ခုအပါအဝင် ဖြစ်သည်။

(ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုတပ်သားများကို ​တွေ့ရစဉ်)

ယင္းမာပင္တိုက္ပြဲ ဗ်ဴဟာမႉးႏွင့္စနိုက္ပါသမားအပါအဝင္ စစ္​ေကာင္စီတပ္သား ခုနစ္ဦး​ေသ

စစ္ကိုင္းတိုင္း ယင္းမာပင္ၿမိဳ႕နယ္ တိုက္ပြဲတြင္ အၾကမ္းဖက္စစ္ေကာင္စီဘက္မွ ဗ်ဴဟာမႉးႏွင့္ စနိုက္ပါသမား အပါအဝင္ စစ္​ေကာင္စီတ

ပ္သား ခုနစ္ဦးေသဆုံးေၾကာင္း ခ်င္းတြင္းရိုးမ မဟာမိတ္တပ္ေပါင္းစုက ယေန႔ ထုတ္ျပန္သည္။

ဒီဇင္ဘာ ၂၂ ရက္က ယင္းမာပင္ၿမိဳ႕ အေနာက္ဘက္တြင္ အၾကမ္းဖက္စစ္ေကာင္စီႏွင့္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ မ်ား အျပင္းအထန္ တို

က္ပြဲျဖစ္ရာမွ စစ္ေကာင္စီတပ္သားမ်ား ေသဆုံးခဲ့ျခင္း ျဖစ္သည္ဟု ခ်င္းတြင္းရိုးမ မဟာမိတ္တပ္ေပါင္းစုက ဆိုသည္။

တိုက္ပြဲ ျဖစ္စဥ္တြင္ ျပည္သူ႔ကာကြယ္ေရး တပ္ေပါင္းစုမွ အထိအခိုက္ ရရွိသူတစ္ဦးမၽွမရွိေၾကာင္းလည္း ထုတ္ျပန္ခ်က္တြင္ ေ

ဖာ္ျပသည္။

ယင္းမာပင္ ၿမိဳ႕နယ္တြင္းသို႔ အၾကမ္းဖက္စစ္ေကာင္စီက ဒီဇင္ဘာ ၁၉ ရက္ကစ၍ အင္အားတိုးခ်ဲ႕ခဲ့ၿပီး ဒီဇင္ဘာ ၂၂ ရက္တြင္ ေက်းရြာမ်ားကို စ

စ္ေၾကာင္းစတင္ထိုးခဲ့သည္။

ထို႔ေၾကာင့္ စည္ေအာင္၊ ေအာင္ခ်မ္းေအးႏွင့္ ေအာင္ခ်မ္းသာ ​ေက်းရြာသုံးရြာမွ ျပည္သူေထာင္ႏွင့္ခ်ီ စစ္ေဘးေရွာင္ေ

နရသည္။

ယင္းမာပင္ၿမိဳ႕နယ္သည္ စစ္ကိုင္းတိုင္းအတြင္း စစ္ေကာင္စီတပ္ကို ခုခံတိုက္ခိုက္ေနသည့္ ေဒသမ်ားအနက္ တစ္ခုအပါအဝင္ ျဖစ္သည္။

(ခ်င္းတြင္းရိုးမ မဟာမိတ္တပ္ေပါင္းစုတပ္သားမ်ားကို ​ေတြ႕ရစဥ္)