ၾကားသိသမွ်

ကရင်လက်နက်ကိုင်သုံးဖွဲ့ KNUနှင့် ပြန်လက်တွဲပြီး တော်လှန်ရေးပါဝင်ရန် ကရင်လူငယ်များဆန္ဒထုတ်ဖော်

ကရင်လက်နက်ကိုင်သုံးဖွဲ့ KNUနှင့် ပြန်လက်တွဲပြီး တော်လှန်ရေးပါဝင်ရန် ကရင်လူငယ်များဆန္ဒထုတ်ဖော်

ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ကရင်နယ်ခြား စောင့်တပ်ဖွဲ့(BGF) တို့

အနေဖြင့် စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရန်အတွက် မိခင် ကရင်အမျိုးသား အစည်းအရုံး(KNU)နှင့် ပြန်လည်လက်တွဲကာ ဘုံရန်သူကို

ညီညီညွတ်ညွတ် တိုက်ထုတ်ပေးရန် ကရင်လူငယ်များ က ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ကရင်သတင်းဌာန KICက ယနေ့ ဖော်ပြသည်။


အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်သည့် လူငယ်များက ကရင်လက်နက်ကိုင် ၄ဖွဲ့ပေါင်းပြီး တစ်ခုတည်းသော ကရင်လက်နက်ကိုင်အဖွဲ့

အဖြစ် ဖော်ဆောင်ရန် တောင်းဆိုသည့် လှုပ်ရှားမှုများ လုပ်ဆောင်ခဲ့သည်။

ကရင်လူငယ်များသည် “We Want Karen EAOs to Unite ၊There is only one enemy For us၊ Justice For Karen People၊

အိမ်ကြက်အချင်းချင်း ခွပ်တာလောက် အိမ်နာတာမရိဘူး၊ ကရင်ပြည်နယ် ငြိမ်းချမ်းဖို့ ကရင်လက်နက်ကိုင်များ စည်းလုံးစို့” စသည့် စာသား

များရေးသာထားသည့် စာရွက်များ ကိုင်ဆောင်ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။


ထို့ပြင် “ဒို့သွေးချင်းတွေဘေးကင်းဖို့ တိုင်းရင်းသား လက်နက်ကိုင်တို့ စည်းလုံးစို့ ၊ နေထိုင်ရာ အရပ်ဒေသနဲ့ ဘာသာတရား ကွဲလို့ရတယ်။

စိတ်ဝမ်းတော့ ကွဲလို့မရဘူး၊” စသည်အချက်တို့ကိုလည်း ဆန္ဒထုတ်ဖော်မှုတွင် တောင်းဆိုခဲ့သည်။


လက်ရှိတွင် ကရင်ပြည်နယ် အပါအဝင် KNU ထိန်းချုပ်နယ်မြေများ၌ အာဏာသိမ်းစစ်ကောင်စီတပ်ကို KNUနှင့် ပြည်သူ့ကာကွယ်ရေး

တပ်ဖွဲ့(PDF)တို့ပူးပေါင်းပြီး ခုခံတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။

#လူထုနွေဦး

ကရင္လက္နက္ကိုင္သုံးဖြဲ႕ KNUႏွင့္ ျပန္လက္တြဲၿပီး ေတာ္လွန္ေရးပါဝင္ရန္ ကရင္လူငယ္မ်ားဆႏၵထုတ္ေဖာ္

ဒီမိုကေရစီအက်ိဳးျပဳကရင့္တပ္မေတာ္(DKBA)၊ ကရင္ၿငိမ္းခ်မ္းေရးေကာင္စီ(KNU/KNLA-PC)၊ ကရင္နယ္ျခား ေစာင့္တပ္

ဖြဲ႕(BGF) တို႔အေနျဖင့္ စစ္အာဏာရွင္ အျမစ္ျပတ္ေခ်မႈန္းရန္အတြက္ မိခင္ ကရင္အမ်ိဳးသား အစည္းအ႐ုံး(KNU)ႏွင့္ ျပန္လည္လက္တြဲ

ကာ ဘုံရန္သူကို ညီညီညြတ္ညြတ္ တိုက္ထုတ္ေပးရန္ ကရင္လူငယ္မ်ား က ဆႏၵထုတ္ေဖာ္ခဲ့ေၾကာင္း ကရင္သတင္းဌာန KICက ယေန႔ ေ

ဖာ္ျပသည္။

အဆိုပါ ဆႏၵထုတ္ေဖာ္မႈတြင္ ပါဝင္သည့္ လူငယ္မ်ားက ကရင္လက္နက္ကိုင္ ၄ဖြဲ႕ေပါင္းၿပီး တစ္ခုတည္းေသာ ကရင္လက္နက္ကိုင္အဖြဲ႕အျဖစ္ ေ

ဖာ္ေဆာင္ရန္ ေတာင္းဆိုသည့္ လႈပ္ရွားမႈမ်ား လုပ္ေဆာင္ခဲ့သည္။

ကရင္လူငယ္မ်ားသည္ “We Want Karen EAOs to Unite ၊There is only one enemy For us၊ Justice For Karen People၊ အိမ္ၾက

က္အခ်င္းခ်င္း ခြပ္တာေလာက္ အိမ္နာတာမရိဘူး၊ ကရင္ျပည္နယ္ ၿငိမ္းခ်မ္းဖို႔ ကရင္လက္နက္ကိုင္မ်ား စည္းလုံးစို႔” စသည့္ စာသားမ်ားေရး

သာထားသည့္ စာရြက္မ်ား ကိုင္ေဆာင္ဆႏၵ ထုတ္ေဖာ္ခဲ့ၾကသည္။

ထို႔ျပင္ “ဒို႔ေသြးခ်င္းေတြေဘးကင္းဖို႔ တိုင္းရင္းသား လက္နက္ကိုင္တို႔ စည္းလုံးစို႔ ၊ ေနထိုင္ရာ အရပ္ေဒသနဲ႔ ဘာသာတရား

ကြဲလို႔ရတယ္။ စိတ္ဝမ္းေတာ့ ကြဲလို႔မရဘူး၊” စသည္အခ်က္တို႔ကိုလည္း ဆႏၵထုတ္ေဖာ္မႈတြင္ ေတာင္းဆိုခဲ့သည္။

လက္ရွိတြင္ ကရင္ျပည္နယ္ အပါအဝင္ KNU ထိန္းခ်ဳပ္နယ္ေျမမ်ား၌ အာဏာသိမ္းစစ္ေကာင္စီတပ္ကို KNUႏွင့္ ျပည္သူ႔ကာကြ

ယ္ေရးတပ္ဖြဲ႕(PDF)တို႔ပူးေပါင္းၿပီး ခုခံတိုက္ခိုက္မႈမ်ား ျပဳလုပ္လ်က္ရွိသည္။

#လူထုေႏြဦး