ၾကားသိသမွ်

ကလေးမြို့နယ်၊ နတ်ချောင်းကျေးရွာသို့ စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်၊ ကလေး-ဂန့်ဂေါ လမ်းပိုင်း တိုက်ပွဲပြင်းထန်နေ (ရုပ်/သံ)

ကလေးမြို့နယ်၊ နတ်ချောင်းကျေးရွာသို့ စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်၊ ကလေး-ဂန့်ဂေါ လမ်းပိုင်း တိုက်ပွဲပြင်းထန်နေ

(ရုပ်/သံ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၃

အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတ်ပဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားနေသော ကလေး-ဂန့်ဂေါ လမ်းပိုင်းရှိ

နတ်ချောင်းကျေးရွာသို့ စစ်ကောင်စီက ယနေ့ ဒီဇင်ဘာလ ၂၃ ရက် မွန်းလွဲပိုင်းတွင် Mi35p အမျိုးအစား တိုက်ခိုက်ရေးရဟတ်ယာဉ်

အသုံးပြုပြီး လေကြောင်းမှတဆင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

“နတ်ချောင်းမှာ ပိတ်မိနေသူတွေ ရှိတယ်၊ ထိကုန်ပြီ၊ ဘုန်းကြီးကျောင်းတွေပါ ထိကုန်ပြီ၊ အသေအပျောက်တော့ မသိသေးဘူး” ဟု ဒေသခံ

တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ဆိုသည်။

“တိုက်ပွဲဖြစ်ပြီးတော့ စစ်ကောင်စီဘက်က စနိုက်ပါသမား ၁ ယောက် ဒီဘက်က ပစ်တာခံရပြီး သေတယ်၊ အဲဒီမှာ ၂ နာရီလောက်ကစပြီး

နတ်ချောင်းရွာထဲကို ရဟတ်ယာဉ်နဲ့ ပစ်တော့တာ၊ ပြည်သူအချို့ ထိခိုက်တာရှိတယ်လို့ ကြားတယ်၊ အတိအကျတော့ မသိဘူး” ဟု ကလေး

သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

အဆိုပါဒေသတွင် ဆက်သွယ်ရေးဖုန်းလိုင်းများပါ ဖြတ်ပစ်ထားပြီး ယနေ့တွင် အော်ရီဒူးဖုန်းလိုင်းသာ ဆက်သွယ်လို့ရတော့ ကြောင်း

ဒေသခံများထံမှ သိရှိရသည်။

ကလေး-ဂန့်ဂေါလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် PDF Kalay၊ CDF ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲများပြင်းထန်နေပြီး နှစ်ဖက်ကျဆုံး

စာရင်းအား ကနဦး မသိရှိရသေးပေ။

နတ်ချောင်းကျေးရွာအတွင်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့သော အကြမ်းဖက်စစ်ကောင်စီ၏ Mi35p ရဟတ်ယာဉ်သည့် ယနေ့ မွန်းလွဲ ၃ နာရီ ၁၅

မိနစ်ခန့်တွင် ကလေးမြို့လေဆိပ်သို့ ဆင်းသက်လာကြောင်းလည်း သိရှိရသည်။