ၾကားသိသမွ်

” လေယာဉ်မပျံသန်းရဇုန် အတွက် ညှိနှိုင်းတော့မယ့် ကုလသမဂ္ဂ”

” လေယာဉ်မပျံသန်းရဇုန် အတွက် ညှိနှိုင်းတော့မယ့် ကုလသမဂ္ဂ”

မြန်မာပြည်တွင်းစစ်မှာ တိုက်လေယာဉ်နဲ့ ရဟတ်ယာဉ်တွေ မသုံးဖို့ကို ကေအန်ယူဉီးဆောင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက

နိုင်ငံတကာကို တောင်းဆိုလိုက်ပါတယ် ။

ဒီတောင်းဆိုမှု့ကို ကေအန်ယူတပ်မဟာရဲ့ ပြောရေးဆိုခွင့်ရှိသူ စောတော်နီးက ရိုက်တာသတင်းဌာနကနေတဆင့် ကုလအမှုးပြုတဲ့

နိုင်ငံတကာကို တောင်းဆိုထားတာပါ ။

ဒီသတင်းကို ရိုက်တာအပြင် နိုင်ငံတကာသတင်းဌာနတွေကလည်း ထောက်ခံအားပေးပြီး လေယာဥ်မပျံသန်းရေးဇုန်အဖြစ်နဲ့ မြန်မာတစ်နိုင်

ငံလုံးကို သတ်မှတ်ပေးဖို့ ကုလသမဂ္ဂထံ အကြံပြုထားကြပါတယ် ။မကွေးတိုင်းမှာ လေကြောင်းတိုက်ခိုက်မှု့အပြီး ၊ သေဆုံးသွားတဲ့ ပြည်သူ

အချို့ရဲ့ ရုပ်အလောင်းတွေကို သက်သေခိုင်လုံစွာနဲ့ တင်ပြအပြီးမှာ မြန်မာ့အရေးလှုပ်ရှားနေသူတွေက အာဏာသိမ်းစစ်တပ်ကို လေယာဉ်မ

ပျံသန်းဖို့ ကုလအနေနဲ့ သတ်မှတ်ပေးရမယ်လို့ တင်ပြထားပါတယ် ။


အလားတူပါပဲ ၊ ကရင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ တိုက်လေယာဉ်တွေ အသုံးပြုတဲ့အတွက် ပြည်သူအချို့ အသက်ပေးခဲ့ရပါ

တယ် ။ လေကြောင်းကနေ တိုက်ခိုက်လာတဲ့အတွက် ထိုင်းနယ်စပ်မှာ ခိုလှံုနေသူတွေနဲ့ ဌာနေတိုင်းရင်းသားအချို့ဟာ ထိုင်းနိုင်ငံထဲကို

ထွက်ပြေးကြရပါတယ် ။

ကရင်ပြည်နယ်က တိုက်ပွဲတစ်ခုမှာ ကေအန်ယူတပ်မတော်သား ၃ ဦးဟာ လေကြောင်းတိုက်ခိုက်မှု့ကြောင့် အသက်ပေးခဲ့ရပါတယ် ။ စစ်

ကောင်စီလက်နက်ကိုင် ၁၅ ဦးကို အသေရထားတယ်လို့ ရိုက်တာက တင်ပြထားပါတယ်။

မနေ့ကတော့ ထိုင်းနိုင်ငံထဲကို ခိုလှုံလာတဲ့ မြန်မာနိုင်ငံသားတွေကို ယာရီလက်ခံဖို့ ကုလလူ့အခွင့်အရေးကောင်စီက ထိုင်းကို တောင်းဆို

ထားပါတယ် ။

ဘကြီးအောင် LA

” ေလယာဥ္မပ်ံသန္းရဇုန္ အတြက္ ညႇိႏွိုင္းေတာ့မယ့္ ကုလသမဂၢ”

ျမန္မာျပည္တြင္းစစ္မွာ တိုက္ေလယာဥ္နဲ႔ ရဟတ္ယာဥ္ေတြ မသုံးဖို႔ကို ေကအန္ယူဉီးေဆာင္တဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားက နိုင္ငံတကာကို ေတာင္းဆိုလိုက္ပါတယ္ ။

ဒီေတာင္းဆိုမႈ႔ကို ေကအန္ယူတပ္မဟာရဲ့ ေျပာေရးဆိုခြင့္ရွိသူ ေစာေတာ္နီးက ရိုက္တာသတင္းဌာနကေနတဆင့္ ကုလအမႈးျပဳတဲ့ နိုင္ငံတကာကို ေတာင္းဆိုထားတာပါ ။

ဒီသတင္းကို ရိုက္တာအျပင္ နိုင္ငံတကာသတင္းဌာနေတြကလည္း ေထာက္ခံအားေပးၿပီး ေလယာဥ္မပ်ံသန္းေရးဇုန္အျဖစ္နဲ႔ ျမန္မာတစ္နိုင္ငံလုံးကို သတ္မွတ္ေပးဖို႔ ကုလသမဂၢထံ အႀကံျပဳထားၾကပါတယ္ ။

မေကြးတိုင္းမွာ ေလေၾကာင္းတိုက္ခိုက္မႈ႔အၿပီး ၊ ေသဆုံးသြားတဲ့ ျပည္သူအခ်ိဳ႕ရဲ့ ႐ုပ္အေလာင္းေတြကို သက္ေသခိုင္လုံစြာနဲ႔ တင္ျပအၿပီးမွာ ျမန္မာ့အေရးလႈပ္ရွားေနသူေတြက အာဏာသိမ္းစစ္တပ္ကို ေလယာဥ္မပ်ံသန္းဖို႔ ကုလအေနနဲ႔ သတ္မွတ္ေပးရမယ္လို႔ တင္ျပထားပါတယ္ ။

အလားတူပါပဲ ၊ ကရင္ျပည္နယ္မွာ ျဖစ္ပြားေနတဲ့ တိုက္ပြဲေတြမွာ တိုက္ေလယာဥ္ေတြ အသုံးျပဳတဲ့အတြက္ ျပည္သူအခ်ိဳ႕ အသက္ေပးခဲ့ရပါတယ္ ။

ေလေၾကာင္းကေန တိုက္ခိုက္လာတဲ့အတြက္ ထိုင္းနယ္စပ္မွာ ခိုလွံုေနသူေတြနဲ႔ ဌာေနတိုင္းရင္းသားအခ်ိဳ႕ဟာ ထိုင္းနိုင္ငံထဲကို ထြက္ေျပးၾကရပါတယ္ ။

ကရင္ျပည္နယ္က တိုက္ပြဲတစ္ခုမွာ ေကအန္ယူတပ္မေတာ္သား ၃ ဦးဟာ ေလေၾကာင္းတိုက္ခိုက္မႈ႔ေၾကာင့္ အသက္ေပးခဲ့ရပါတယ္ ။ စစ္ေကာင္စီလက္နက္ကိုင္ ၁၅ ဦးကို အေသရထားတယ္လို႔ ရိုက္တာက တင္ျပထားပါတယ္။

မေန႔ကေတာ့ ထိုင္းနိုင္ငံထဲကို ခိုလႈံလာတဲ့ ျမန္မာနိုင္ငံသားေတြကို ယာရီလက္ခံဖို႔ ကုလလူ႔အခြင့္အေရးေကာင္စီက ထိုင္းကို ေတာင္းဆိုထားပါတယ္ ။

ဘႀကီးေအာင္ LA