ၾကားသိသမွ်

နိုင်ငံအပေါ်မှာ ခြယ်လှယ်နိုင်ဖို့ စစ်ခေါင်းဆောင်တွေ အစဉ်တစိုက် သုံးစွဲလာခဲ့တဲ့ လက်သုံးစကား

နိုင်ငံအပေါ်မှာ ခြယ်လှယ်နိုင်ဖို့ စစ်ခေါင်းဆောင်တွေ အစဉ်တစိုက် သုံးစွဲလာခဲ့တဲ့ လက်သုံးစကား

“တပ်မတော်သည် အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်ထမ်းဆောင်နိုင်ရေး အစဉ်တစိုက် ဦးတည်သည်” တဲ့။

အမျိုးသားနိုင်ငံရေးရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်က ဘာလဲ…

အမျိုးသားရေး ဆိုတဲ့အသုံးအနှုန်း စတင်ပေါ်ပေါက်လာပုံကို ရှင်းပြမယ်ဗျာ။

၁၇၉၂ ခုနှစ်မှာ ပြင်သစ်ကို ပရူးရှားစစ်တပ်က ဝင်ရောက်ကျူးကျော်ရာကနေ နိုင်ငံကို ကာကွယ်ဖို့ ပြည်သူတွေက ရရာလက်နက်ကိုင်စွဲပြီး

အသေအချာလေ့ကျင့်ထားတဲ့ ပရူးရှားစစ်တပ်ကို အနိုင်ယူခဲ့ရာကနေ အမျိုးသားရေးစိတ် ဆိုတဲ့ အသုံးအနှုန်း ဖြစ်ပေါ်လာတာလို့ မှတ်သားရ

တယ်ဗျ။ လွယ်လွယ်ပြောရရင်ဗျာ၊ ဒေသတစ်ခုကနေ ဒေသတစ်ခုကို လာရောက် ကျူးကျော်နေထိုင်သူတွေက ဒေသခံတွေကို ဖိနှိပ်ရာက

မခံချင်စိတ် ပေါ်လာတာမျိုး၊ “နယ်မြေခြားက လာရောက်အုပ်ချုပ်မှုကို လုံးဝလက်သင့်မခံတဲ့ အတွေးအခေါ်” မျိုးပေါ့။


အဲ့ဒီတော့ စစ်တပ်က တခြားလူမျိုးတွေရဲ့ ဒေသကို ကျူးကျော်စစ်ဆင်နေတာ တကယ် အမျိုးသားရေးစိတ်ရှိရဲ့လား။ စကားလှလှသုံးပြီး

လုပ်ချင်တိုင်းလုပ်နေတာလား။ ဒါကို လက်အောက်ကလူတွေက နားမလည်ဘဲ အထက်ကသူပြောသမျှ သံယောင်လိုက်နေတာလား။

ကျွန်တော်တို့နိုင်ငံ ပြည်တွင်းစစ်ဖြစ်နေရတာ စစ်တပ်က သူကိုယ်တိုင် အမျိုးသားရေး လို့ အော်လာပြီး တခြားသူတွေရဲ့အမျိုးသားရေးကို

ဘယ်တော့မှ ထည့်မစဉ်းစားပဲ အတ္တကြီး၊ အလိုကြီးခဲ့လို့ပဲ။


အဲ့ဒါကြောင့်မို့ တပ်တွင်းမှာ ကျန်နေတဲ့သူတွေက တခြားလူမျိုးများအပေါ် နားလည်စိတ်ထား၊ စာနာကိုယ်ချင်းစာနိုင်ပြီး စစ်ခေါင်းဆောင်

တွေရဲ့အယောင်ဆောင် ပြောနေတဲ့ အမျိုးသားရေးက ဘာလဲဆိုတာ ဝေဖန်ပိုင်းခြားပါ၊ စစ်ခေါင်းဆောင်တွေရဲ့ အလိမ် အညာတွေကို

ဖောက်ထွက် တွေးတောကြပါ၊ ပြည်သူနှင့်အတူ ရပ်တည်ပြီး နိုင်ငံကို အလင်းဆောင်ပေးပါလို့ တောင်းဆိုပါတယ်။

တပ်ကြပ်ကြီး ထက်နိုင်အောင်

people’ soldiers

Zawgyi

နိုင္ငံအေပၚမွာ ျခယ္လွယ္နိုင္ဖို႔ စစ္ေခါင္းေဆာင္ေတြ အစဥ္တစိုက္ သုံးစြဲလာခဲ့တဲ့ လက္သုံးစကား

“တပ္မေတာ္သည္ အမ်ိဳးသားနိုင္ငံေရး ဦးေဆာင္မႈအခန္းက႑တြင္ ပါဝင္ထမ္းေဆာင္နိုင္ေရး အစဥ္တစိုက္ ဦးတည္သည္” တဲ့။

အမ်ိဳးသားနိုင္ငံေရးရဲ့ အဓိပၸာယ္ဖြင့္ဆိုခ်က္က ဘာလဲ…

အမ်ိဳးသားေရး ဆိုတဲ့အသုံးအႏႈန္း စတင္ေပၚေပါက္လာပုံကို ရွင္းျပမယ္ဗ်ာ။

၁၇၉၂ ခုႏွစ္မွာ ျပင္သစ္ကို ပ႐ူးရွားစစ္တပ္က ဝင္ေရာက္က်ဴးေက်ာ္ရာကေန နိုင္ငံကို ကာကြယ္ဖို႔ ျပည္သူေတြက ရရာလက္နက္ကိုင္စြဲၿပီး အေသအ

ခ်ာေလ့က်င့္ထားတဲ့ ပ႐ူးရွားစစ္တပ္ကို အနိုင္ယူခဲ့ရာကေန အမ်ိဳးသားေရးစိတ္ ဆိုတဲ့ အသုံးအႏႈန္း ျဖစ္ေပၚလာတာလို႔ မွတ္သားရတယ္ဗ်။ လြ

ယ္လြယ္ေျပာရရင္ဗ်ာ၊ ေဒသတစ္ခုကေန ေဒသတစ္ခုကို လာေရာက္ က်ဴးေက်ာ္ေနထိုင္သူေတြက ေဒသခံေတြကို ဖိႏွိပ္ရာက မခံခ်

င္စိတ္ ေပၚလာတာမ်ိဳး၊ “နယ္ေျမျခားက လာေရာက္အုပ္ခ်ဳပ္မႈကို လုံးဝလက္သင့္မခံတဲ့ အေတြးအေခၚ” မ်ိဳးေပါ့။

အဲ့ဒီေတာ့ စစ္တပ္က တျခားလူမ်ိဳးေတြရဲ့ ေဒသကို က်ဴးေက်ာ္စစ္ဆင္ေနတာ တကယ္ အမ်ိဳးသားေရးစိတ္ရွိရဲ့လား။ စကားလွလွသုံးၿပီး လုပ္ခ်

င္တိုင္းလုပ္ေနတာလား။ ဒါကို လက္ေအာက္ကလူေတြက နားမလည္ဘဲ အထက္ကသူေျပာသမၽွ သံေယာင္လိုက္ေနတာလား။

ကၽြန္ေတာ္တို႔နိုင္ငံ ျပည္တြင္းစစ္ျဖစ္ေနရတာ စစ္တပ္က သူကိုယ္တိုင္ အမ်ိဳးသားေရး လို႔ ေအာ္လာၿပီး တျခားသူေတြရဲ့အမ်ိဳးသားေ

ရးကို ဘယ္ေတာ့မွ ထည့္မစဥ္းစားပဲ အတၱႀကီး၊ အလိုႀကီးခဲ့လို႔ပဲ။

အဲ့ဒါေၾကာင့္မို႔ တပ္တြင္းမွာ က်န္ေနတဲ့သူေတြက တျခားလူမ်ိဳးမ်ားအေပၚ နားလည္စိတ္ထား၊ စာနာကိုယ္ခ်င္းစာနိုင္ၿပီး စစ္ေခါ

င္းေဆာင္ေတြရဲ့အေယာင္ေဆာင္ ေျပာေနတဲ့ အမ်ိဳးသားေရးက ဘာလဲဆိုတာ ေဝဖန္ပိုင္းျခားပါ၊ စစ္ေခါင္းေဆာင္ေ

တြရဲ့ အလိမ္ အညာေတြကို ေဖာက္ထြက္ ေတြးေတာၾကပါ၊ ျပည္သူႏွင့္အတူ ရပ္တည္ၿပီး နိုင္ငံကို အလင္းေဆာင္ေပးပါလို႔ ေ

တာင္းဆိုပါတယ္။

တပ္ၾကပ္ႀကီး ထက္နိုင္ေအာင္

people’ soldiers