ၾကားသိသမွ်

23.Dec.2021 မှ 29.Dec.2021 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

23.Dec.2021 မှ 29.Dec.2021 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ

မိမိအတွက် လုပ်ငန်းသစ်၊နယ်ပယ်သစ်တွေနဲ့စတင်ထိတွေ့ခွင့်ရလာပါလိမ့်မယ်။ ငွေကံကောင်းနေပေမဲ့ ပြန်လည်ရင်းနှီးမြုပ်နှံရတာမျိုး

ကြောင့် ငွေသားရှားပါးနေတတ်ပါတယ်။တွေးထင်ထားသမျှ စိတ်ကူးထားသမျှ စီးပွားရေးအလုပ်များ အကောင်အထည်ဖော်နိုင်လာပါလိမ့်

မယ်။အင်တာဗျူးကိစ္စ၊ရာထူးစာမေးပွဲကိစ္စတွေ သတင်း ကောင်းကြားရတတ်ပါတယ်။ငွေမမြဲပေမဲ့ ငွေကတော့ ဝင်ဖို့ရှိပါတယ်။သားသမီး

တွေကိုနေရာပေးခိုင်းစေခြင်းဖြင့် လုပ်ငန်းပိုမိုတိုးတတ်လာနိုင်တဲ့ကာလပါပဲ။လူမှုဆက်ဆံရေးအပိုင်းအားကောင်းနေတာကိုတွေ့ရပါတယ်။

အလုပ် စီးပွား ကောင်း လာတတ်ပါတယ်။


အလုပ်ကကြီးလာပြီး ငွေမနိုင်တာကြောင့်စပ်တူရှယ်ယာခေါ်ရတာ မျိုးတွေ ကြုံရတတ်ပါတယ်။ ကျန်းမာရေးက အထူးကောင်းမွန်တယ်။

ရောဂါစွဲကပ်ပြီး တရှောင်ရှောင်ဖြစ်နေသူများ ဒီကာလ အတွင်း သက်သာရာရလာလိမ့်မယ်။

သတိထားရမှာက ရန်များတဲ့ကာလဖြစ်နေတာပါပဲ။ မနာလိုသူ အမြင်စောင်း နေသူတွေများနေမဲ့ကာလပါပဲ။ အလုပ်နဲ့ပတ်သက်တဲ့ခရီးတွေ

လဲသွားရဖို့ရှိနေပါတယ်။ အချစ်ရေးကံခေနေတတ်ပါ တယ်။ ပညာရေး ဝီရိယထားကြိုးစားလိုက်ပါ။ ကံကြမ္မာက မိမိဘက်မှာရှိပါတယ်

အကျိုးပေးဂဏန်း ၉/၂/၆ အထူးဟော အိမ်ထောင်ရေးသောက ကြုံ ရလိမ့်မယ်။ ယတြာ ဝေဖာမုန့်များ ကလေးတွေကိုဝယ်ကျွေးလိုက်ပါ။


တနင်္လာ

ဒီကာလဟာ စိတ်ထဲမတင်မကျ၊ချီတုံချတုံအနေအထားတွေများနေတတ်ပါတယ်။ ဘယ်လိုရှေ့ဆက်ရမလဲ ဆိုတာ မျိုးတွေ ဖြစ်နေတတ်ပါ

တယ်။အလုပ်များပြီး အနားယူချိန်မရှိဖြစ်ရတတ်ပါတယ်။ အလုပ်တင် ပင်ပန်းရုံ မကဘဲ လူမှုရေးအလုပ် ပရဟိတအလုပ်တွေကလဲ လုပ်ရဖို့

ကြုံလာရတတ်ပါတယ်။ ငွေကြေးကံကတော့ ကောင်းနေတတ်ပါတယ်။

ငွေကြေးလာဘ်လာဘတွေဝင်လာပါလိမ့်မယ်။ ဒါပေမဲ့ငွေတော့မချေးလိုက်ပါနဲ့။ဆုံး တတ် ပါ တယ်။ငွေအလွှဲအပြောင်းသတိထားပါ။

Digital pay တွေနဲ့ငွေအလွှဲအပြောင်းလုပ်သူများ ဂဏန်းလေးတစ်လုံး မှား နှိပ်မိပြီး ငွေဆုံးရှုံးရတတ်ပါတယ်။ရေချိုးနောက်ကျပြီး

အအေးပတ်၍ဖျား တတ်ပါ တယ်။

ဖြစ်နိုင်ရင် ချမ်းအေး တဲ့အချိန်မို့ ရေနွေးလေးနဲ့စပ်ချိုးပါ။ကျန်းမာရေး ဂရုစိုက်ရပါလိမ့်မယ်။ မိမိလက်ဝယ်မှာရှိတဲ့ စက်ပစ္စည်းတွေပျက်

လွယ်ပါ တယ်။ ခဏခဏ ပြင်ဆိုင်ပို့ရတတ်ပါတယ်။ အောက်လက်ငယ် သားနဲ့ သားသမီးတွေအတွက် စိတ်ပူပန်ရ ပါလိမ့်မယ်။ အချစ်ရေး

ကံ “သင့်”အဆင့်မှာပဲရှိပါတယ်။

ချစ်သူနဲ့ အနေဝေး ရ လိမ့်မယ်ဗျာ။ အတူချိန်းဆိုထားရင် ပျက်သွားတတ်ပါတယ်။ ချစ်သူနဲ့ကြည်နူးခွင့် အကြည်စိုက်ခွင့်မရတဲ့ ကာလ ပါပဲ။

အိမ်ထောင်ရေးမှာတော့ အိမ် ထောင်ဘက်ကမိမိကိုဂရုမစိုက်ဘဲ သူမိသားစုပြဿနာတွေနဲ့စိတ်ရှုပ်နေ လိမ့် မယ်။ပညာရေးကံကတော့

ကြိုးစားမှ အဆင် ပြေပါလိမ့်မယ်။ အားစိုက်ဖို့ လိုအပ်တယ်ပေါ့ဗျာ

အကျိုးပေးဂဏန်း ၃/၄/၁ အထူးဟော အလုပ်များ နေပါလိမ့်မယ်။ ယတြာ မီးချောင်းအဟောင်းအပျက်များ စွန့်ပစ်ပါ။


အင်္ဂါ

ဒီကာလဟာလုပ်ချင်တာတွေများနေတတ်ပါတယ်။ အရေးကြီးတာတွေကိုအချိန်ပေးနိုင်အောင်ကြိုးစား ပါ။ အဲလိုမှမဟုတ်ရင်

တစ်ပိုင်းတစ်စအလုပ်များ အပြီးမသတ်နိုင်သောအလုပ်များနဲ့ပြည့်နှက်နေတတ်ပါတယ်။စပြီးရင် အဆုံးသတ်လို့မရတဲ့အချိန်ပါပဲ။ နှစ်ကူး

အတွက်ပလန်အသစ်များ၊အစီအစဉ်အသစ်များစတင်ချမှတ်ဖို့ အကောင်း ဆုံး ကာလပါပဲ။ခရီးဝေးကိစ္စများ နိုင်ငံရပ်ခြားကိစ္စများ အထူးညံ

နေချိန်ပါပဲ။နိုင်ငံရပ်ခြားရောက်နေသူများ သောကရောက်ရတတ်ပါတယ်။ကျန်းမာရေးလဲ ဆုတ်ယုတ်အားပျော့နေချိန်ပါပဲ။ထိခိုက်ရှနာ

သွေးထွက်သံယို ကိစ္စ များလဲ ဖြစ်လွယ်ပါတယ်။ ရန်ကိစ္စတွေများနေတာမို့ အပြင်သိပ်မထွက်ဘဲနဲ့..အကြံပေးရရင် ခြေငြိမ်နေတာ

အကောင်းဆုံးပါပဲ။

ဒီကာလဟာ စုပေါင်းဆောင်ရွက်ခြင်း ၊လူအများနဲ့တွဲဖက်လုပ်ကိုင်ခြင်းဖြင့်အကျိုး ဖြစ်ထွန်း စေမဲ့အချိန်ပါ။ တစ်ဦးတစ်ယောက်ထဲ စွန့်စားမ

လုပ်သင့်ပါဘူး။ ခေါင်းဆောင်ထက် နောက်လိုက်လုပ်ခြင်း ဖြင့် အကျိုးများမဲ့ ကာလပါ။

အချစ်ရေးမှာတော့ ချစ်သူကအရာရာဖေးမ ဂရုစိုက်တာမျိုးကြုံရတတ်ပါတယ်။ ချစ်သူနှစ် ယောက် ထားသူများ ဒီကာလမိမိအရှုပ်ထုပ်တွေ

ပေါ်လာတတ်ပါတယ်။ပညာရေး လမ်းလွှဲလိုက်မိတာမျိုး တွေဖြစ် တတ်ပါတယ်။ ဖြတ်လမ်းမလိုက်မိဖို့လိုအပ်ပါတယ်။

အကျိုးပေးဂဏန်း ၄၊ဝ၊၅ အထူးဟော အချစ်ရေးကိစ္စတွေမှာရှုပ်ထားသူတွေ ပြဿ နာကြုံနိုင်တယ် ယတြာ မျက်စိအားနည်းတဲ့ရဟန်း

တစ်ပါးကို မျက်စိအားဆေး လှူပါ


ဗုဒ္ဓဟူး၊ရာဟု

ကံကြမ္မာအထူးကောင်းနေချိန်ပါပဲ။ လုပ်သမျှအဆင်ပြေနေလိမ့်မယ်။ ပျော်ရွှင်စရာ စိတ်ကြည်နူးစရာတွေ ဆက်တိုက်ကြုံရမဲ့ ကာလပါပဲ။

အလုပ်စီးပွားလဲ အထူးကောင်းနေချိန်ပါပဲ။သားသမီးတွေရဲ့အကူအညီ အထောက် အပံ့ တွေ ရလွယ်ပါတယ်။ အလုပ်ရှာနေသူများ

အဆက်အသွယ်အချိတ်အဆက်မိပြီးကောင်းတဲ့ အလုပ်တွေရလာ တတ်ပါ တယ်။လေကောင်းလေသန့်ရတဲ့နေရာတွေမှာ အလုပ်ပိတ်ရက်

တွေသွားပြီးအနားယူပါ။ အကြံကောင်း တွေ၊စိတ်ကူးကောင်းတွေခေါင်းထဲထွက်လာလိမ့်မယ်။ရွှေငွေ လက်ဝတ်ရတနာတွေလဲဝင်လာတတ်

သလို ဘာသာ ရေးနဲ့ ပတ်သက်သော ပစ္စည်းအသုံးအဆောင်တွေလဲ လက်ဆောင်ရတတ်ပါတယ်။

လူငယ်တွေအတွက် အချစ်ရေး ကတော့ အေးစက်စက်နဲ့ သွေးအေးနေမဲ့အချိန်ပါပဲ ။ခရီးလွန်နေတဲ့ချစ်သူကလဲ အဆက်အသွယ်မလုပ်တာ

မျိုးကြုံ လိမ့်မယ်။အပျော်အပါးမက်တဲ့ချစ်သူရထားသူကို ကိုယ့်ကိုမေ့ပြီး ကြုံရာနေရာမှာပျော်နေပါလိမ့်မယ်။ အိမ်ထောင် ရေးကတော့ စိတ်

ချမ်းသာရမဲ့ကာလပါပဲ။

ပညာရေးအားကောင်းနေချိန်ပါပဲ။ ပညာရေးနဲ့ပက်သက်ပြီး အထောက်အပံ့ အကူအညီတွေလဲ ရပါလိမ့်မယ်။ လှုပ်လှုပ်ရှားရှားလုပ်ရသော

လုပ်ငန်းတွေ အိမ်မကပ်ရသော အလုပ်တွေ လွန်စွာမှ အကျိုးဖြစ်ထွန်းနေချိန်ပါ။ ကျန်းမာရေးလဲ ဒေါင်ဒေါင်မြည်နေပါလိမ့်မယ်။ ရောဂါကြီး

ကြီးမားမား မဖြစ်ပါဘူး။

အကျိုးပေးဂဏန်း ၇၊၄၊၈ အထူးဟော ဆွတ်ပျံကြည်နူးစရာကောင်းတဲ့အချိန်ပါ။ ယတြာ ရဟန်းသံဃာတွေကို ထန်းလျက်များများလှူပါ။


ကြာသပတေး

ဒီကာလအတွင်း လူအများရဲ့ ချစ်ခင်ခြင်း၊ မိမိအပေါ်အားကိုးခြင်းမျိုးကြုံလာတတ်တဲ့ကာလပါ။ပရဟိတကိစ္စ တွေမိမိကပဲဦးဆောင်ပြီး

လုပ်ကိုင်ပေးနေရတတ်ပါတယ်။ရင်းနှီးမြုပ်နှံထားသူများငွေအစုလိုက်ဝင်လာနိုင်တဲ့ကာလပါပဲ။ဆရာသမားတွေ၊ပညာကြီးသူတွေရဲ့

သွန်သင်လမ်းပြမှုကိုကံကောင်းစွာနဲ့ခံယူခွင့်ရလာလိမ့်မယ်။ အလုပ်ကံ အထူး ကောင်းနေချိန်ပါပဲ။

လခစားဝန်ထမ်းဆို နေရာကောင်းရခြင်း ရာထူးတိုးခြင်းမျိုးကြုံရတတ်ပါတယ်။အထက် လူကြီးရဲ့ အားထားခြင်းကိုခံရမဲ့ကာလပါပဲ။

အားနည်းချက်က အိမ်တွင်းရေးအပူတွေ့ရတတ်ပါတယ်။ မိသားစု အချင်းချင်း စိတ်ဝမ်းတွေကွဲတတ်တယ်။ ငွေကြေးလာဘ်လာဘတွေ

တော့ ပေါများမဲ့အချိန်ပါပဲ။

ငွေဝင်ပါလိမ့်မယ်။ ထီဝါသနာပါသူများ ဘုရားစေတီနဲ့နီးတဲ့ထီဆိုင်တွေ၊စာသင်ကျောင်းနဲ့ နီးတဲ့ထီဆိုင်တွေမှာကံစမ်းလို့သင့်ပါတယ်။

ကျန်းမာရေးအညံ့အဆိုးကင်းသွားပါလိမ့်မယ်။ကျန်းမာရေးဒေါင်ဒေါင်မြည်နေပါပြီ။

ရည်စားမရှိသေးသူများ အချစ်သစ်တွေ့မည်။ ချစ်သူရှိသူများ ချစ်သူရဲ့ surpriseလုပ်ခြင်းမျိုးလဲ ကြုံရတတ်ပါတယ်။မင်္ဂလာကိစ္စအတွက်

နှစ်ဘက်မိဘစကားပြောခြင်းများ၊စေ့စပ်ထားခြင်းများဆောင်ရွက်နိုင်ပါလိမ့်မယ်။အိမ်ထောင်ရေးမှာတော့ မိမိအိမ် ထောင်ဘက်ရဲ့

ကျန်းမာရေးဂရုစိုက်ဖို့လိုပါတယ်။ပညာရေးကံကောင်းပါတယ်။ စာကို စိတ်ဝင်စားဖို့ပဲလိုတာပါ။

အကျိုးပေးဂဏန်း ၁/၄/၈ အထူးဟော လာဘ်ရွှင်မည် ယတြာ အုန်းနို့ခေါက်ဆွဲဘုရားကပ်ပါ။


သောကြာ

လွယ်တာထက်ခက်တာကိုလုပ်မိနေတတ်ပါတယ်။ အရာရာငါပါမှဖြစ်မယ်ဆိုတဲ့ စိတ်ကိုဖျောက်ပစ်ဖို့ လိုပါတယ်။ မလိုအပ်ဘဲ ငွေအများ

ကြီးထည့်ပြီးအပြင်သွားတာမျိုးသတိထားပါ။လုပ်ငန်းလိုအပ်ချက်အရ အလုပ် အတွက် တစ်နေရာရာကိုချိန်းဆိုပါက လူစည်တဲ့နေရာမျိုးမှ

သာသွားရောက်အလုပ်စကားပြောပါ။

လုယက်ခံရခြင်း၊ သူခိုးခိုးခံရခြင်း၊ဓားပြတိုက်ခံရခြင်းမျိုး တွေအထူးကြုံရတတ်ပါတယ်။ ရန်များတတ်တဲ့ကာလပါပဲ။ မနာလိုသူတွေ ဝန်းရံ

နေတတ်ပါတယ်။မိမိအမှားကိုယ်စောင့်ပြီး ချောက်ချမဲ့သူတွေ နောက်ကျောဓားနဲ့ထိုးမဲ့သူတွေရှိနေတတ်ပါ တယ်။ ဘာကိစ္စမဆို သတိနဲ့ပြုမူ

ဆောင်ရွက်ပါ။

ငွေကြေးနဲ့ပတ်သက်ပြီး ကြပ်တည်းနေရတတ်ပါတယ်။ ငွေကြေး ချေးငှားခြင်းမလုပ်ပါနဲ့။ စပ်တူရှယ်ယာအလွန်ညံ့နေချိန်ပါ။ အချစ်ရေး

အတွက် သောကများရတတ်တဲ့ ကာလပါပဲ။ ချစ်သူကြောင့်စိတ်ညစ် စိတ်ဆင်းရဲရလိမ့်မယ်။ ကံကောင်းတာတစ်ခုက မိမိမှာ မိတ်ဆွေ

ကောင်းတွေရဲ့အကူ အညီရနိုင် မဲ့ကံတွေ့ပါတယ်။

ဗုဒ္ဒဟူးသား စနေသားတွေဆီကအကြံဉာဏ်ယူပါ။ ကျန်းမာရေးနဲ့ပတ်သက်ပြီး ဒီကာလ မှာ စိုးရိမ်းစရာတော့ သိပ်မရှိပါဘူး။ ဆီးချိုရှိသူများ

ဆိုရင်တော့ သတိထားဖို့လိုပါတယ်။ ပညာရေးကံကတော့ အထူး ကောင်းနေမဲ့ကာလပါပဲဗျာ။

အကျိုးပေးဂဏန်း ၂/၄/၀ အထူးဟော ကံအားနည်းနေချိန်ပါ ယတြာ..လက်ကိုင်ပဝါတစ်ထည်မိတ်ဆွေတစ်ဦးကိုလက်ဆောင်ပေးပါ


စနေ

ဒီကာလဟာမိမိကိုယ်တိုင်က မိမိအပေါ်ကျေးဇူးရှိသူတွေကိုကျေးဇူး ဆပ်ခွင့်ရလိမ့်မယ်။မိမိရဲ့လူအား၊ ငွေအားနဲ့ ကူညီမှုကြောင့်တစ်ဖက်လူ

တွေ အဆင်ပြေခွင့်ကြုံလိမ့်မယ်။ ဇာတာရှင်အတွက်ဆုံးဖြတ်ရခက်ခဲစရာ တွေကြုံ လာရတတ်ပါတယ်။ မိမိအနေနဲ့ စိတ်ကြမ်းလူကြမ်းနဲ့

ဆုံးဖြတ်မိတာမျိုးမလုပ်မိပါစေနဲ့။ ပိပိရိရိ လိမ်တာ မျိုးလဲ ခံရတတ်ပါတယ်။

ဒီကာလဇာတာရှင်အတွက် ဘာသာတရားနဲ့ပတ်သက်သော ပစ္စည်းများ ဓမ္မဒါနလက်ဆောင် ရတတ်ပါတယ်။သမထဘာဝနာ ပွားများခြင်း

ဖြင့်လဲ ကံမြင့်လာတတ်တဲ့ကာလပါပဲ။ ရပ်ဝေးကအလုပ်စီးပွားများ လဲရလာ တတ်ပါတယ်။ လူမျိုးခြား ဘာသာခြားများနဲ့ တွဲဖက်လုပ်ကိုင်ရ

သူများ ငွေကြေးအရှုပ်အရှင်းကင်း အောင် လုပ် ထားပါ။

ကျန်းမာရေးကတော့ ဂရုစိုက်အပ်တဲ့ ကာလပေါ့ဗျာ။ နည်းနည်းလေးအနေအထိုင်မဆင်ခြင်တာနဲ့ ကျန်းမာရေးညံ့သွားနိုင်လို့ပါ။ခရီးသွားရာ

ကနေခရီးပန်းပြီး၃ရက်လောက်နာမကျန်းဖြစ်သွားတတ်ပါတယ်။အချစ်ရေး ကတော့ အပြစ်ပြောစရာမရှိအောင် ကောင်းပါတယ်။

ချစ်ရေးဆိုထားသူများ ချစ်ရသူဆီကကောင်းသော အဖြေကိုရလွယ်ပါလိမ့်မယ်။အိမ်တွင်းရေး အိမ်ထောင်ရေးကိစ္စများအတွက် စိတ်ချမ်းမြေ့

ရလိမ့်မယ်။မိသားစုလိုက် အပန်းဖြေခြင်းမျိုးအထူးဆောင်ရွက်လို့ကောင်းတဲ့ကာလပါပဲ။ပညာရေးလဲ ထွန်းပေါက်အောင်မြင်မဲ့ ကံဇာတာပါ

ပဲ။အကျိုးပေးဂဏန်း ၅/၁/၆အထူးဟော ကံသင့်ပါတယ် ယတြာ ဘုရားရှင်အားပျားရည်ကပ်လှူပေးပါ။ ၇ရက်သားသမီးအပေါင်း

ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

0977 5555 695
09 44 5555 695