ၾကားသိသမွ်

ကိုကျော်သက်လင်းပြောတဲ့ လျှောက်သောလမ်း

ကိုကျော်သက်လင်းပြောတဲ့ လျှောက်သောလမ်း

“လမ်း”

ဖြောင့်နေတဲ့လမ်း

ကောက်ကွေ့တဲ့လမ်း

ငါတို့လျှောက်နေတဲ့လမ်း

သွေ့ခြောက်နေတဲ့လမ်း

ခက်ထော်ကြမ်းတမ်းတဲ့လမ်း

ပန်းပင်၊ မြက်ခင်းစီရရီနဲ့လမ်း

ငါတို့လျှောက်နေတဲ့လမ်း

လမ်းဟာ မှန်းစရာမလို


လျှောက်နေသရွေ့တော့ ပျောက်သွားတယ်ဆိုတာ

သမိုင်းမှာမရှိဘူး

ပန်းတိုင်လည်းအရှိသား

လမ်းကြောင်းလည်းသိသားနဲ့

မလျှောက်ချင်သူတွေကိုတော့ ထားပစ်ခဲ့ကြ

အပြေးအလွှားပဲသွားသွား

တရွေ့ရွေ့ပဲလျှောက်လျှောက်

လမ်းထက်မှာရောက်ပြီးဆို

ရပ်မနေဖို့ပဲလိုတာ


လျှောက်နေရင် ရောက်ကြတာချည်းပဲ

ငြီးငြူနေဖို့အချိန်မရှိဘူး

မောရင်တော့ ခဏနား

ဆာလောင်လာရင် ခဏစား

ပြီးရင်ဆက်သာသွား

လမ်းဘေးကိုတော့ ဆင်းမသွားနဲ့

ဒီလမ်းထက်

တင်ခဲ့တဲ့ခြေလှမ်းတိုင်းက

ဒီလမ်းသမိုင်းမှာ ကမ္ဗည်းထိုးခံရမယ်

လှမ်းခဲ့ကြတဲ့လမ်းတလျှောက်

ပွေ့ဖက်ပြီးသွားသွား

တွဲကူပြီးပဲလျှောက်လျှာက်


နောက်ဆုံး

ထိုးရင်းကြိတ်ရင်းရောက်ခဲ့တောင်

လမ်းကိုသစ္စာမဖောက်ခြင်းပဲ

လမ်းကို သစ္စာစောင့်သရွေ့တော့

ပန်းတိုင်က မရွေ့ဘူး

မင်းဆက်သာလျှောက်။

KWT(8:20Am, 9.12.2021)

ကဗျာဆရာ သားဇာနည် ရဲ့ကဗျာလေးပါတဲ့…

မိတ်ဆွေတစ်ယောက်ကပို့ပေးတာ နှစ်သက်လို့ပါ။


ကျနော်ချစ်တဲ့ပြည်တွင်းပြည်ပကနိုင်ငံသူနိုင်ငံသားအပေါင်းတို့ကိုလည်း

ကပ်ဆိုး ဘေးဆိုးကနေအမြန်ဆုံးကင်းလွတ်ပါစေကြောင်းနဲ့ ကျမ်းမာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပါတယ်ဗျာ။

#KoKyawThetLin

ကိုေက်ာ္သက္လင္းေျပာတဲ့ ေလၽွာက္ေသာလမ္း

“လမ္း”

ေျဖာင့္ေနတဲ့လမ္း

ေကာက္ေကြ႕တဲ့လမ္း

ငါတို႔ေလၽွာက္ေနတဲ့လမ္း

ေသြ႕ေျခာက္ေနတဲ့လမ္း

ခက္ေထာ္ၾကမ္းတမ္းတဲ့လမ္း

ပန္းပင္၊ ျမက္ခင္းစီရရီနဲ႔လမ္း

ငါတို႔ေလၽွာက္ေနတဲ့လမ္း

လမ္းဟာ မွန္းစရာမလို


ေလၽွာက္ေနသေရြ႕ေတာ့ ေပ်ာက္သြားတယ္ဆိုတာ

သမိုင္းမွာမရွိဘူး

ပန္းတိုင္လည္းအရွိသား

လမ္းေၾကာင္းလည္းသိသားနဲ႔

မေလၽွာက္ခ်င္သူေတြကိုေတာ့ ထားပစ္ခဲ့ၾက

အေျပးအလႊားပဲသြားသြား

တေရြ႕ေရြ႕ပဲေလၽွာက္ေလၽွာက္

လမ္းထက္မွာေရာက္ၿပီးဆို

ရပ္မေနဖို႔ပဲလိုတာ

ေလၽွာက္ေနရင္ ေရာက္ၾကတာခ်ည္းပဲ

ၿငီးျငဴေနဖို႔အခ်ိန္မရွိဘူး

ေမာရင္ေတာ့ ခဏနား

ဆာေလာင္လာရင္ ခဏစား

ၿပီးရင္ဆက္သာသြား

လမ္းေဘးကိုေတာ့ ဆင္းမသြားနဲ႔

ဒီလမ္းထက္

တင္ခဲ့တဲ့ေျခလွမ္းတိုင္းက

ဒီလမ္းသမိုင္းမွာ ကမၺည္းထိုးခံရမယ္

လွမ္းခဲ့ၾကတဲ့လမ္းတေလၽွာက္

ေပြ႕ဖက္ၿပီးသြားသြား

တြဲကူၿပီးပဲေလၽွာက္လၽွာက္


ေနာက္ဆုံး

ထိုးရင္းႀကိတ္ရင္းေရာက္ခဲ့ေတာင္

လမ္းကိုသစၥာမေဖာက္ျခင္းပဲ

လမ္းကို သစၥာေစာင့္သေရြ႕ေတာ့

ပန္းတိုင္က မေရြ႕ဘူး

မင္းဆက္သာေလၽွာက္။

KWT(8:20Am, 9.12.2021)

ကဗ်ာဆရာ သားဇာနည္ ရဲ့ကဗ်ာေလးပါတဲ့…

မိတ္ေဆြတစ္ေယာက္ကပို႔ေပးတာ ႏွစ္သက္လို႔ပါ။

က်ေနာ္ခ်စ္တဲ့ျပည္တြင္းျပည္ပကနိုင္ငံသူနိုင္ငံသားအေပါင္းတို႔ကိုလည္း

ကပ္ဆိုး ေဘးဆိုးကေနအျမန္ဆုံးကင္းလြတ္ပါေစေၾကာင္းနဲ႔ က်မ္းမာၾကပါေစေၾကာင္း ဆုမြန္ေကာင္းေတာင္းပါတယ္ဗ်ာ။

#KoKyawThetLin