ၾကားသိသမွ်

တရားမဝင်သယ်လာ​သော ​ကျောက်စိမ်းများ မင်းကင်း PDF ဖမ်းဆီးရမိပြီး NUGထံ ​ပေးအပ်

တရားမဝင်သယ်လာ​သော ​ကျောက်စိမ်းများ မင်းကင်း PDF ဖမ်းဆီးရမိပြီး NUGထံ ​ပေးအပ်

တရားမဝင်သယ်ယူလာသော ကျောက်စိမ်းများအား ဖမ်းဆီးရမိခဲ့ပြီး အမျိုးသားညီညွတ်​ရေးအစိုးရ(NUG) ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း

မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်က ယနေ့(ဒီဇင်ဘာ၂၃) ထုတ်ပြန် သည်။


မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ရင်း(၁)သည် ချင်းတွင်းမြစ်ရေကြောင်း စိုးမိုးရေးလုပ်ငန်းများ လုပ်ကိုင်နေပြီး လွန်ခဲ့သောရက်

အနည်းငယ်က တရားမဝင်သယ်ဆောင်လာသော ကျောက်စိမ်းဖလက်ခွံအပါအဝင် ရေယာဥ် ၁၁ စီးကိုလည်း မိုင်းစွဲတိုက်ခိုက်ခြင်းနှင့်

ချောင်းမြောင်းပစ်ခက်ခြင်းများလည်း ပြုလုပ်ခဲ့သည်။

ချင်းတွင်းမြစ်ကိုအသုံးပြု၍ မှောင်ခိုပစ္စည်းများသယ်ယူခြင်း၊ ပျူ​စောထီးနှင့် အကြမ်းဖက်စစ်ကောင်စီတို့ ရိက္ခာများ၊ ခဲယမ်းလက်နက်များ

သယ်ယူနေခြင်း၊အကြမ်းဖက် စစ်ကောင်စီက ရေကြောင်းကိုအသုံးပြု၍ နယ်မြေစိုးမိုးရေးလုပ်ငန်းများ လုပ်ဆောင်နေကြခြင်းတို့ကြောင့်

မိမိတို့တပ်ရင်းမှ ရေကြောင်းစိုးမိုးရေးလုပ်ငန်းများ အားဖြည့်လုပ်ဆောင်နေသည်ဟုလည်း မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်က ဆိုသည်။

ထိုသို့ ရေကြောင်းစိုးမိုးရေးကိစ္စများဆောင်ရွတ်​နေစဥ် တရားမဝင် ကျောက်စိမ်းများသယ်ယူလာသည်ကို ဖမ်းဆီးရရှိခဲ့ပြီး NUGအစိုးရ

တာဝန်ရှိသူများနှင့် ချိတ်ဆက်ကာ လွှဲပြောင်းပေးအပ်နိုင်ခဲ့ခြင်းဖြစ်သည်။


မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ရင်း(၁)အနေဖြင့် ရေကြောင်းစိုးမိုးမှုများကို ဆက်လျှက်လုပ်ဆောင်နေဆဲဖြစ်ပြီး တရားမဝင်သစ်ဝါးများ

သယ်ယူနေခြင်း၊ ကျောက်မီးသွေး၊ ကျောက်စိမ်းများ အပါအဝင် စစ်ကောင်စီနှင့် ဆက်နွယ်နေသော စီးပွားရေးလုပ်ငန်းများမှန်သမျှ

ထိန်းသိမ်းခြင်း၊ဖျက်စီးခြင်း၊NUG ထံအပ်နှံခြင်းများ ဆောင်ရွတ်လျှက်ရှိကြောင်းလည်း အသိပေးသည်။

–People’s Spring

တရားမဝင္သယ္လာ​ေသာ ​ေက်ာက္စိမ္းမ်ား မင္းကင္း PDF ဖမ္းဆီးရမိၿပီး NUGထံ ​ေပးအပ္

တရားမဝင္သယ္ယူလာေသာ ေက်ာက္စိမ္းမ်ားအား ဖမ္းဆီးရမိခဲ့ၿပီး အမ်ိဳးသားညီညြတ္​ေရးအစိုးရ(NUG) ထံ လႊဲေျပာင္းေပးအ

ပ္ခဲ့ေၾကာင္း မင္းကင္းျပည္သူ႔ကာကြယ္ေရးတပ္က ယေန႔(ဒီဇင္ဘာ၂၃) ထုတ္ျပန္ သည္။

မင္းကင္းျပည္သူ႔ကာကြယ္ေရးတပ္ရင္း(၁)သည္ ခ်င္းတြင္းျမစ္ေရေၾကာင္း စိုးမိုးေရးလုပ္ငန္းမ်ား လုပ္ကိုင္ေနၿပီး လြန္

ခဲ့ေသာရက္အနည္းငယ္က တရားမဝင္သယ္ေဆာင္လာေသာ ေက်ာက္စိမ္းဖလက္ခြံအပါအဝင္ ေရယာဥ္ ၁၁ စီးကိုလည္း မိုင္းစြဲတိုက္ခိုက္ျ

ခင္းႏွင့္ ေခ်ာင္းေျမာင္းပစ္ခက္ျခင္းမ်ားလည္း ျပဳလုပ္ခဲ့သည္။

ခ်င္းတြင္းျမစ္ကိုအသုံးျပဳ၍ ေမွာင္ခိုပစၥည္းမ်ားသယ္ယူျခင္း၊ ပ်ဴ​ေစာထီးႏွင့္ အၾကမ္းဖက္စစ္ေကာင္စီတို႔ ရိကၡာမ်ား၊ ခဲယမ္း

လက္နက္မ်ား သယ္ယူေနျခင္း၊အၾကမ္းဖက္ စစ္ေကာင္စီက ေရေၾကာင္းကိုအသုံးျပဳ၍ နယ္ေျမစိုးမိုးေရးလုပ္ငန္းမ်ား လုပ္ေ

ဆာင္ေနၾကျခင္းတို႔ေၾကာင့္ မိမိတို႔တပ္ရင္းမွ ေရေၾကာင္းစိုးမိုးေရးလုပ္ငန္းမ်ား အားျဖည့္လုပ္ေဆာင္ေနသည္ဟုလ

ည္း မင္းကင္းျပည္သူ႔ကာကြယ္ေရးတပ္က ဆိုသည္။

ထိုသို႔ ေရေၾကာင္းစိုးမိုးေရးကိစၥမ်ားေဆာင္ရြတ္​ေနစဥ္ တရားမဝင္ ေက်ာက္စိမ္းမ်ားသယ္ယူလာသည္ကို ဖမ္းဆီးရရွိခဲ့ၿပီး

NUGအစိုးရ တာဝန္ရွိသူမ်ားႏွင့္ ခ်ိတ္ဆက္ကာ လႊဲေျပာင္းေပးအပ္နိုင္ခဲ့ျခင္းျဖစ္သည္။

မင္းကင္းျပည္သူ႔ကာကြယ္ေရးတပ္ရင္း(၁)အေနျဖင့္ ေရေၾကာင္းစိုးမိုးမႈမ်ားကို ဆက္လၽွက္လုပ္ေဆာင္ေနဆဲျဖစ္ၿပီး

တရားမဝင္သစ္ဝါးမ်ား သယ္ယူေနျခင္း၊ ေက်ာက္မီးေသြး၊ ေက်ာက္စိမ္းမ်ား အပါအဝင္ စစ္ေကာင္စီႏွင့္ ဆက္ႏြယ္ေနေသာ စီး

ပြားေရးလုပ္ငန္းမ်ားမွန္သမၽွ ထိန္းသိမ္းျခင္း၊ဖ်က္စီးျခင္း၊NUG ထံအပ္ႏွံျခင္းမ်ား ေဆာင္ရြတ္လၽွက္ရွိေၾကာင္းလည္း

အသိေပးသည္။

–People’s Spring