ၾကားသိသမွ်

ရမ်းကားရိုင်းစိုင်းသော တပ်ထောက်ခံပွဲများ ဦးခင်ရီ စီစဉ်

စစ်တပ် အာဏာမသိမ်းခင်နဲ့ အာဏာသိမ်းပြီးတဲ့နောက် ရန်ကုန်မှာ ကားမှန်တွေ ရိုက်ခွဲ၊ သူတို့ကို ရှုတ်ချသူတွေကို ထိုးကြိတ်၊ ဓားနဲ့ ထိုးတဲ့

အထိ ရမ်းကားမှုတွေ ပြုလုပ်ခဲ့တဲ့ တပ်မတော်ထောက်ခံပွဲတွေကို ဦးဆောင် စီစဉ်သူဟာ အခု စစ်ကောင်စီ မှာ လဝက ဝန်ကြီး ဖြစ်နေတဲ့ ဦး

ခင်ရီ ဖြစ်တယ်ဆိုတာ ယခင် ဦးသိန်းစိန် အစိုးရရဲ့ ဝန်ကြီးဟောင်း ဦးစိုးသိန်းရေးတဲ့ ဒီမိုကရေစီ ဒုတိယအစိုးရသစ်နှင့် မြန်မာနိုင်ငံ(ဒုတိယ

တွဲ)စာအုပ်အရ သိရပါတယ်။

ဦးခင်ရီဟာ အာဏာမသိမ်းခင်ကတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ ခွက်ခွက်လန်အောင်ရှုံးတဲ့ ကြံခိုင်ရေးပါတီရဲ့ ဒုတိယ ဥက္ကဋ္ဌတစ်ယောက်ဖြစ်

ပြီး နောက် ၆ လအကြာ စစ်ကောင်စီက အိမ်စောင့်အစိုးရဖွဲ့တဲ့အခါ လဝကဝန်ကြီးဖြစ်လာသူပါ။ ဦးစိုးသိန်း ကတော့ ၂၀၂၀ မှာ ကြံခိုင်ရေး

က အမတ်ဖြစ်ပါတယ်။

ဦးခင်ရီ ရန်ကုန်မှာ စီမံခဲ့တဲ့ တပ်မတော်ထောက်ခံပွဲတွေဟာ အာဏာမသိမ်းခင် ၁၁ ပွဲ၊ အာဏာသိမ်းပြီးနောက်မှာ ၁၁ ပွဲ စုစုပေါင်း ၂၂ ပွဲ ရှိခဲ့

ပြီး ဇန်နဝါရီလ၂၁ ကနေ ဖေဖော်ဝါရီ ၂၅ ရက်အတွင်းဖြစ်တယ်၊ ပါဝင်တဲ့လူအင်အား ဘယ်လောက်ရှိတယ်ဆိုတာက အစ ဦးစိုးသိန်းက ဦး

ခင်ရီ၏ အားထုတ်ကြိုးပမ်းချက် ဆိုပြီး အသေးစိတ် ဖော်ပြထားပါတယ်။


၂၀၂၁ ဖေဖော်ဝါရီ ၂၅ ရန်ကုန်မြို့လည်တွင် စစ်တပ်ထောက်ခံသူများက ဒီမိုကရေစီထောက်ခံသူများအား ရန်ရှာစဉ်/ဧရာဝတီ

လူဦးရေ ရာချီပါဝင်တဲ့ အဲဒီပွဲတွေဟာ ၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တောင်ပြိုကမ်းပြိုအနိုင်ရရှိ

ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က ထုတ်ပြန်အပြီး UEC ကို ကန့်ကွက်တဲ့ အနေနဲ့ ဆက်တိုက်ပေါ်ထွက်လာခဲ့တာ

ဖြစ်ပါတယ်။ အဲဒီပွဲတွေမှာကတည်း က တပ်မတော်ကို ထောက်ခံတဲ့ စာသား ကြွေးကြော်သံတွေ ကြွေးကြော်ကြတယ်ဆိုတာ ကြုံဖူးသူ

တိုင်း သိကြပါတယ်။

“ရွေးကောက်ပွဲကော်မရှင်ကို အထိရောက်ဆုံး ကန့်ကွက်ပွဲများကို အောက်မြန်မာပြည်မြို့ကြီးတွေမှာ ရက်ဆက်တွေ့မြင်ရသည်။ အဓိက

စီမံစေ့ဆော်သူမှာ ဦးခင်ရီဖြစ်သည်” ဟု ဦးစိုးသိန်း က ဖော်ပြထားသည်။


၂၀၂၁ ဖေဖော်ဝါရီ ၂၅ ရန်ကုန်မြို့လည်တွင် စစ်တပ်ထောက်ခံသူတဦး ဓားကိုင်ဆောင်လာစဉ်/AFP

မြန်မာနိုင်ငံအလံနဲ့ တပ်မတော်အလံတွေ လွှင့်ပြီး UEC ကို ကန့်ကွက်ကြောင်း၊ တပ်မတော်ကိုထောက်ခံကြောင်း ကြွေးကြော်နေတဲ့လူအ

ချို့ဟာ တုတ်တွေ ကိုင်ဆောင်ထားကြပြီး ကားမှန်တွေကို ရိုက်ခွဲတာမျိုးပြုလုပ်ခဲ့ကြပါတယ်။ ဇန်နဝါရီ ၃၀ ရက်နေ့ ရွှေတိဂုံကြေး

သွန်းဘုရားနဲ့ ဗဟန်းဈေးအနီး သွားလာသူတွေကို ထိုးကြိတ်ရိုက်နှက်တာ၊ ဇန်နဝါရီ ၃၁ ရက်နေ့မှာ ရွှေဂုံတိုင်ခုံးကျော်တံတားအောက်၊

တံဆိပ်ရိုက်ဆိုင်မှာ ချိတ်ဆွဲထားတဲ့ NLD အလံကို ဓာတ်ဆီလောင်းမီးရှို့ဖျက်ဆီးတာမျိုး လုပ်ခဲ့ကြပါတယ်။

အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ က စပြီး ဒီပွဲတွေဟာ တပ်မတော်ထောက်ခံပွဲ (ဝါ) အာဏာသိမ်းမှု ထောက်ခံပွဲ အဖြစ် လုံးလုံး အသွင်ပြောင်း

သွားတာကို ဦးစိုးသိန်းရဲ့ ဖော်ပြချက်များအရ သိရပါတယ်။ ဖေဖော်ဝါရီ ၂၅ ရက်နေ့က ရန်ကုန်မြို့လည် တပ်မတော်ထောက်ခံပွဲက လူတွေ

ကို ပြည်သူတွေက အော်ဟစ်ရှုတ်ချမှုတွေရှိခဲ့ပြီး တပ်မတော်ထောက်ခံသူတွေက ပြန်ပြီးရိုက်နှက်၊ ဓားနဲ့ထိုးတဲ့အထိ ရမ်းကားခဲ့ကြလို့ လူ

၁၀ ဦးလောက် ဒဏ်ရာရခဲ့ပါတယ်။


စစ်ကောင်စီ၏ အိမ်စောင့်အစိုးရတွင် လဝကဝန်ကြီးဖြစ်လာသော ဦးခင်ရီ

အဲဒီပွဲ နဲ့ ပတ်သက်လို့ ဦးစိုးသိန်း က “၂၅.၂.၂၀၂၁ တွင် ဒဂုံမြို့နယ်၊ သမ္မတ ရုပ်ရှင်ရုံ၊ အောင်ဆန်း အားကစားပြိုင်ကွင်း နှင့် ဘူတာကြီးရှေ့

စုရပ်တို့တွင် အရှေ့ပိုင်းခရိုင်၊တောင်ပိုင်း ခရိုင် နှင့် မြောက်ပိုင်းခရိုင်တို့မှာ ပြည်ခိုင်ဖြိုး ပါတီဝင်များ၊ ပါတီကို ဝန်းရံသူများ၊ တပ်မတော်ကို

မြတ်နိုးသူများ ၊ အမျိုးသားရေး သမားများ စုဝေး၍ ဆူးလေဘုရား လမ်းမကြီး၊ ဆူးလေဘုရားကို ပတ်၍ မူလ စုရပ်ကို ပြန်ချီတက်ကာ

တပ်မတော်ကို လှိုက်လှိုက်လှဲလှဲ ထောက်ခံပွဲ ကျင်းပခဲ့ပါသည်” ဟု ဖော်ပြထားတယ်။ သူတို့ကို မထောက်ခံတဲ့ ပြည်သူတွေ ကို ထိုးကြိတ်၊

ဓား နဲ့ ထိုးတာတော့ မဖော်ပြထားပါဘူး။

အဲဒီထောက်ခံပွဲက လူ ၈ ဦးကို ပရဟိတအသင်းတခုက ဝိုင်းဖမ်းခဲ့ပြီး စစ်မေးရာမှာ ဦးခင်ရီ ၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ

ပြည်သူ့လွှတ်တော်ကိုယ်စားပြုဝင်ပြိုင်ပြီး မဲရှုံးခဲ့တဲ့ ရန်ကုန်တိုင်း၊ တောင်ပိုင်းခရိုင် ဆိတ်ကြီးခနောင်တိုမြို့က လူတွေဖြစ်နေခဲ့တာ အဲဒီ

တုန်းက ရိုက်ထားတဲ့ video တွေအရ သိရပါတယ်။ သူတို့ကို ကြံ့ခိုင်ရေးပါတီဝင် ၂ ဦးက ပွဲမှာပါဖို့ ခေါ်လာတာလို့ ကိုယ်တိုင်ထွက်ဆိုခဲ့ကြပါ

တယ်။


၂၀၂၁ ဖေဖော်ဝါရီ ၂၅ ရန်ကုန်မြို့လည်တွင် စစ်တပ်ထောက်ခံသူများ ဆန္ဒပြကြစဉ်/ဧရာဝတီ

တပ်ထောက်ခံပွဲတွေမှာ ပါဝင်တဲ့ လူအများစုဟာ တနေ့ကို ကျပ်ငွေ ၃၀၀၀၊ ၅၀၀၀ ၇၀၀၀ စသည်ဖြင့် နေ့တွက်စရိတ်ရကြတယ်ဆိုတာ သူ

တို့လူအုပ်ကြား ကျကျန်ခဲ့တဲ့ စာရင်းစာအုပ်တွေအရ သိရသလို၊ လိုက်ထရက်ကားတစီး လူအပြည့်ပါရင် ၂၀၀၀ ပေးမယ်လို့ ကြံ့ခိုင်ရေးပါတီ

တာဝန်ရှိသူတဦးက စည်းရုံးနေတဲ့ video ဖိုင်မျိုးလည်း လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ အဲဒီ သွေးထွက်သံယို ဖြစ်ခဲ့တဲ့ ဖေဖော်ဝါရီ ၂၅

ရက်နေ့ ထောက်ခံပွဲအပြီးမှာ နောက်ထပ်ပွဲတွေ မရှိတော့ဘဲ လ အတန်ကြာငြိမ်ချက်သားကောင်းခဲ့ပါတယ်။

ဦးခင်ရီဟာ အောက်မြန်မာနိုင်ငံ တပ်ထောက်ခံပွဲတွေအတွက် အဓိက စီမံသူဖြစ်ပြီး နေပြည်တော်ကောင်စီနယ်မြေ တပ်မတော်ထောက်ခံပွဲ

တွေကိုတော့ ၂၀၁၅ နဲ့ ၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲနှစ်ခုစလုံးမှာ နေပြည်တော်၊ ပုပ္ဗသီရိမဲဆန္ဒနယ်ကနေ မဲရှုံးခဲ့တဲ့ ဦးသိန်းစိန်

လက်ထက် ကာကွယ်ရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးဝေလွင် အဓိကလှုပ်ရှားဆောင်ရွက် ခဲ့တာဖြစ်တယ် လို့ ဦးစိုးသိန်းက ရေးပါတယ်။


၂၀၂၁ ဖေဖော်ဝါရီ ၂၅ ရန်ကုန်မြို့လည်တွင် စစ်တပ်ထောက်ခံသူများက လူတဦးကို ရန်ရှာစဉ်/AFP

ဦးခင်ရီဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်မှာ ဗိုလ်မှူးကြီးဘဝကနေ ရဲချုပ်ဖြစ်လာပြီး၂၀၀၇ ခုနှစ်ရွှေဝါရောင်တော်လှန်ရေးကို

အကြမ်းဖက်ဖြိုခွဲရာမှာ ကွပ်ကဲခဲ့သူလည်းဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီး ဟောင်း ဦးသိန်းစိန်အစိုးရလက်ထက်မှာ လဝကဝန်ကြီးဖြစ်လာခဲ့ပြီး

၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲမှာ သူ့ဇာတိဖြစ်တဲ့ ဧရာဝတီတိုင်း၊ မြောင်းမြမြို့ကနေ ဝင်ပြိုင်ခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ပါတယ်။ ၂၀၂၀

ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း၊ ဆိတ်ကြီးခနောင်တိုက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ထပ်မံရှုံးနိမ့်ခဲ့သူဖြစ်ပါတယ်။  ဧရာဝတီ

Zawgyi

စစ္တပ္ အာဏာမသိမ္းခင္နဲ႔ အာဏာသိမ္းၿပီးတဲ့ေနာက္ ရန္ကုန္မွာ ကားမွန္ေတြ ရိုက္ခြဲ၊ သူတို႔ကို ရႈတ္ခ်သူေတြကို ထိုးႀကိတ္၊ ဓားနဲ႔ ထိုးတဲ့အထိ ရမ္းကားမႈေတြ ျပဳလုပ္ခဲ့တဲ့ တပ္မေတာ္ေထာက္ခံပြဲေတြကို ဦးေဆာင္ စီစဥ္သူဟာ အခု စစ္ေကာင္စီ မွာ လဝက ဝန္ႀ

ကီး ျဖစ္ေနတဲ့ ဦးခင္ရီ ျဖစ္တယ္ဆိုတာ ယခင္ ဦးသိန္းစိန္ အစိုးရရဲ့ ဝန္ႀကီးေဟာင္း ဦးစိုးသိန္းေရးတဲ့ ဒီမိုကေရစီ ဒုတိယအစိုးရသစ္ႏွင့္ ျမန္မာနိုင္ငံ(ဒုတိယတြဲ)စာအုပ္အရ သိရပါတယ္။

ဦးခင္ရီဟာ အာဏာမသိမ္းခင္ကေတာ့ ၂၀၂၀ ေရြးေကာက္ပြဲမွာ ခြက္ခြက္လန္ေအာင္ရႈံးတဲ့ ႀကံခိုင္ေရးပါတီရဲ့ ဒုတိယ ဥကၠ႒တစ္ေယာက္ျဖစ္ၿပီး ေနာက္ ၆ လအၾကာ စစ္ေကာင္စီက အိမ္ေစာင့္အစိုးရဖြဲ႕တဲ့အခါ လဝကဝန္ႀကီးျဖစ္လာသူပါ။ ဦးစိုးသိန္း ကေတာ့ ၂၀၂၀ မွာ ႀကံခိုင္ေရးက အမတ္ျဖစ္ပါတယ္။

ဦးခင္ရီ ရန္ကုန္မွာ စီမံခဲ့တဲ့ တပ္မေတာ္ေထာက္ခံပြဲေတြဟာ အာဏာမသိမ္းခင္ ၁၁ ပြဲ၊ အာဏာသိမ္းၿပီးေနာက္မွာ ၁၁ ပြဲ စုစုေပါင္း ၂၂ ပြဲ ရွိခဲ့ၿပီး ဇန္နဝါရီလ၂၁ ကေန ေဖေဖာ္ဝါရီ ၂၅ ရက္အတြင္းျဖစ္တယ္၊ ပါဝင္တဲ့လူအင္အား ဘယ္ေလာက္ရွိတယ္ဆိုတာက အစ ဦးစိုးသိန္းက ဦးခင္ရီ၏ အားထုတ္ႀကိဳးပမ္းခ်က္ ဆိုၿပီး အေသးစိတ္ ေဖာ္ျပထားပါတယ္။

လူဦးေရ ရာခ်ီပါဝင္တဲ့ အဲဒီပြဲေတြဟာ ၂၀၂၀ ပါတီစုံအေထြေထြေရြးေကာက္ပြဲမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ေတာင္ၿပိဳကမ္းၿပိဳအနိုင္ရရွိေၾကာင္း ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ UEC က ထုတ္ျပန္အၿပီး UEC ကို ကန္႔ကြက္တဲ့ အေနနဲ႔ ဆက္တိုက္ေပၚထြက္လာခဲ့တာျဖစ္ပါတယ္။

အဲဒီပြဲေတြမွာကတည္း က တပ္မေတာ္ကို ေထာက္ခံတဲ့ စာသား ေႂကြးေၾကာ္သံေတြ ေႂကြးေၾကာ္ၾကတယ္ဆိုတာ ၾကဳံဖူးသူတိုင္း သိၾကပါတယ္။

“ေရြးေကာက္ပြဲေကာ္မရွင္ကို အထိေရာက္ဆုံး ကန္႔ကြက္ပြဲမ်ားကို ေအာက္ျမန္မာျပည္ၿမိဳ႕ႀကီးေတြမွာ ရက္ဆက္ေတြ႕ျမင္ရသည္။ အဓိက စီမံေစ့ေဆာ္သူမွာ ဦးခင္ရီျဖစ္သည္” ဟု ဦးစိုးသိန္း က ေဖာ္ျပထားသည္။

ျမန္မာနိုင္ငံအလံနဲ႔ တပ္မေတာ္အလံေတြ လႊင့္ၿပီး UEC ကို ကန္႔ကြက္ေၾကာင္း၊ တပ္မေတာ္ကိုေထာက္ခံေၾကာင္း ေႂကြးေၾကာ္ေနတဲ့လူအခ်ိဳ႕ဟာ တုတ္ေတြ ကိုင္ေဆာင္ထားၾကၿပီး ကားမွန္ေတြကို ရိုက္ခြဲတာမ်ိဳးျပဳလုပ္ခဲ့ၾကပါတယ္။

ဇန္နဝါရီ ၃၀ ရက္ေန႔ ေရႊတိဂုံေၾကးသြန္းဘုရားနဲ႔ ဗဟန္းေဈးအနီး သြားလာသူေတြကို ထိုးႀကိတ္ရိုက္ႏွက္တာ၊ ဇန္နဝါရီ ၃၁ ရက္ေန႔မွာ ေရႊဂုံတိုင္ခုံးေက်ာ္တံတားေအာက္၊ တံဆိပ္ရိုက္ဆိုင္မွာ ခ်ိတ္ဆြဲထားတဲ့ NLD အလံကို ဓာတ္ဆီေလာင္းမီးရွို႔ဖ်က္ဆီးတာမ်ိဳး လုပ္ခဲ့ၾကပါတယ္။

အာဏာသိမ္းတဲ့ ေဖေဖာ္ဝါရီ ၁ က စၿပီး ဒီပြဲေတြဟာ တပ္မေတာ္ေထာက္ခံပြဲ (ဝါ) အာဏာသိမ္းမႈ ေထာက္ခံပြဲ အျဖစ္ လုံးလုံး အသြင္ေျပာင္းသြားတာကို ဦးစိုးသိန္းရဲ့ ေဖာ္ျပခ်က္မ်ားအရ သိရပါတယ္။

ေဖေဖာ္ဝါရီ ၂၅ ရက္ေန႔က ရန္ကုန္ၿမိဳ႕လည္ တပ္မေတာ္ေထာက္ခံပြဲက လူေတြကို ျပည္သူေတြက ေအာ္ဟစ္ရႈတ္ခ်မႈေတြရွိခဲ့ၿပီး တပ္မေတာ္ေထာက္ခံသူေတြက ျပန္ၿပီးရိုက္ႏွက္၊ ဓားနဲ႔ထိုးတဲ့အထိ ရမ္းကားခဲ့ၾကလို႔ လူ ၁၀ ဦးေလာက္ ဒဏ္ရာရခဲ့ပါတယ္။

အဲဒီပြဲ နဲ႔ ပတ္သက္လို႔ ဦးစိုးသိန္း က “၂၅.၂.၂၀၂၁ တြင္ ဒဂုံၿမိဳ႕နယ္၊ သမၼတ ႐ုပ္ရွင္႐ုံ၊ ေအာင္ဆန္း အားကစားၿပိဳင္ကြင္း ႏွင့္ ဘူတာႀကီးေရွ႕ စုရပ္တို႔တြင္ အေရွ႕ပိုင္းခရိုင္၊ေတာင္ပိုင္း ခရိုင္ ႏွင့္ ေျမာက္ပိုင္းခရိုင္တို႔မွာ ျပည္ခိုင္ၿဖိဳး ပါတီဝင္မ်ား၊ ပါတီကို ဝန္းရံသူမ်ား၊

တပ္မေတာ္ကို ျမတ္နိုးသူမ်ား ၊ အမ်ိဳးသားေရး သမားမ်ား စုေဝး၍ ဆူးေလဘုရား လမ္းမႀကီး၊ ဆူးေလဘုရားကို ပတ္၍ မူလ စုရပ္ကို ျပန္ခ်ီတက္ကာ တပ္မေတာ္ကို လွိုက္လွိုက္လွဲလွဲ ေထာက္ခံပြဲ က်င္းပခဲ့ပါသည္” ဟု ေဖာ္ျပထားတယ္။ သူတို႔ကို မေထာက္ခံတဲ့ ျပည္သူေတြ ကို ထိုးႀကိတ္၊ဓား နဲ႔ ထိုးတာေတာ့ မေဖာ္ျပထားပါဘူး။

အဲဒီေထာက္ခံပြဲက လူ ၈ ဦးကို ပရဟိတအသင္းတခုက ဝိုင္းဖမ္းခဲ့ၿပီး စစ္ေမးရာမွာ ဦးခင္ရီ ၂၀၂၀ ပါတီစုံအေထြေထြေရြးေကာက္ပြဲမွာ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားျပဳဝင္ၿပိဳင္ၿပီး မဲရႈံးခဲ့တဲ့ ရန္ကုန္တိုင္း၊ ေတာင္ပိုင္းခရိုင္ ဆိတ္ႀကီးခေနာင္တိုၿမိဳ႕က လူေတြျဖစ္ေနခဲ့တာ အဲဒီတုန္းက ရိုက္ထားတဲ့ video ေတြအရ သိရပါတယ္။ သူတို႔ကို ႀကံ့ခိုင္ေရးပါတီဝင္ ၂ ဦးက ပြဲမွာပါဖို႔ ေခၚလာတာလို႔ ကိုယ္တိုင္ထြက္ဆိုခဲ့ၾကပါတယ္။

တပ္ေထာက္ခံပြဲေတြမွာ ပါဝင္တဲ့ လူအမ်ားစုဟာ တေန႔ကို က်ပ္ေငြ ၃၀၀၀၊ ၅၀၀၀ ၇၀၀၀ စသည္ျဖင့္ ေန႔တြက္စရိတ္ရၾကတယ္ဆိုတာ သူတို႔လူအုပ္ၾကား က်က်န္ခဲ့တဲ့ စာရင္းစာအုပ္ေတြအရ သိရသလို၊

လိုက္ထရက္ကားတစီး လူအျပည့္ပါရင္ ၂၀၀၀ ေပးမယ္လို႔ ႀကံ့ခိုင္ေရးပါတီတာဝန္ရွိသူတဦးက စည္း႐ုံးေနတဲ့ video ဖိုင္မ်ိဳးလည္း လူမႈကြန္ယက္မွာ ပ်ံ႕ႏွံ့ခဲ့ပါတယ္။ အဲဒီ ေသြးထြက္သံယို ျဖစ္ခဲ့တဲ့ ေဖေဖာ္ဝါရီ ၂၅ ရက္ေန႔ ေထာက္ခံပြဲအၿပီးမွာ ေနာက္ထပ္ပြဲေတြ မရွိေတာ့ဘဲ လ အတန္ၾကာၿငိမ္ခ်က္သားေကာင္းခဲ့ပါတယ္။

ဦးခင္ရီဟာ ေအာက္ျမန္မာနိုင္ငံ တပ္ေထာက္ခံပြဲေတြအတြက္ အဓိက စီမံသူျဖစ္ၿပီး ေနျပည္ေတာ္ေကာင္စီနယ္ေၿမ တပ္မေတာ္ေထာက္ခံပြဲေတြကိုေတာ့ ၂၀၁၅ နဲ႔ ၂၀၂၀ ပါတီစုံအေထြေထြေရြးေကာက္ပြဲႏွစ္ခုစလုံးမွာ ေနျပည္ေတာ္၊ ပုပၺသီရိမဲဆႏၵနယ္ကေန မဲရႈံးခဲ့တဲ့ ဦးသိန္းစိန္လက္ထက္ ကာကြယ္ေရးဝန္ႀကီးဒုတိယဗိုလ္ခ်ဳပ္ႀကီးေဝလြင္ အဓိကလႈပ္ရွားေဆာင္ရြက္ ခဲ့တာျဖစ္တယ္ လို႔ ဦးစိုးသိန္းက ေရးပါတယ္။

ဦးခင္ရီဟာ ဗိုလ္ခ်ဳပ္မႉးႀကီးသန္းေရႊလက္ထက္မွာ ဗိုလ္မႉးႀကီးဘဝကေန ရဲခ်ဳပ္ျဖစ္လာၿပီး၂၀၀၇ ခုႏွစ္ေရႊဝါေရာင္ေတာ္လွန္ေရးကို အၾကမ္းဖက္ၿဖိဳခြဲရာမွာ ကြပ္ကဲခဲ့သူလည္းျဖစ္ပါတယ္။

ဗိုလ္ခ်ဳပ္ႀကီး ေဟာင္း ဦးသိန္းစိန္အစိုးရလက္ထက္မွာ လဝကဝန္ႀကီးျဖစ္လာခဲ့ၿပီး ၂၀၁၅ ခုႏွစ္အေထြေထြေရြးေကာက္ပြဲမွာ သူ႔ဇာတိျဖစ္တဲ့ ဧရာဝတီတိုင္း၊ ေျမာင္းျမၿမိဳ႕ကေန ဝင္ၿပိဳင္ခဲ့ေပမယ့္ ရႈံးနိမ့္ခဲ့ပါတယ္။ ၂၀၂၀ ေရြးေကာက္ပြဲမွာ ရန္ကုန္တိုင္း၊ ဆိတ္ႀကီးခေနာင္တိုက ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး ထပ္မံရႈံးနိမ့္ခဲ့သူျဖစ္ပါတယ္။ ဧရာဝတီ