ၾကားသိသမွ်

ထောက်ပို့သူရဲကောင်း မင်းခန့်ကျော်

ထောက်ပို့သူရဲကောင်း မင်းခန့်ကျော်

မင်းခန့်ကျော်ဟာ အသက်ငယ်သေးတော့ ကာကွယ်ရေးတပ်တွေက သူ့ကိုတိုက်ပွဲထဲမခေါ်ကြပါဘူး။

အဲဒီတော့ သူ့တာဝန်က ရိက္ခာတွေပို့သည့် ထောက်ပို့ လုပ်ကိုင်ရတာဖြစ်သည်။

အဲဒီနေ့ညကတော့ ရှေ့တန်းကတုတ်ကျင်းမှာ သူပုန်းခိုနေခဲ့ရာကနေ တိုက်ပွဲဖြစ်ချိန်မှာ မမျှော်လင့်ထားသည့် အဖြစ်ဆိုးကြုံလိုက်ရသည်။

မင်းခန့်ကျော်ဟာ ဒဿမတန်းဖြေဆိုထားသည့် လူငယ်တစ်ယောက်ဖြစ်သည်။


ကျဘမ်းလုပ်ကိုင်စားသောက်ကြတဲ့ မိဘများ၏ သားသမီးလေးယောက်အနက် သူက တတိယမြောက်သားဖြစ်သည်။

နွေဦးတော်လှန်ရေး လက်နက်ကိုင် တိုက်ပွဲများတွင် စစ်ကိုင်းတိုင်းဒေသကြီး ကနီနယ်သည်လည်း သွေးရဲလှသည်။

ဒီဇင်ဘာ ၁၇ ရက်နေ့ညက ဒီနယ်မှာ ညအပူချိန်က ၁၄ ဒီဂရီအထိကျဆင်းကာ ချမ်းအေးလှသည်။

ထိုနေ့ညကလည်း ချင်းတွင်းမြစ်ကြောင်းအတိုင်းစုန်ဆင်းလာသည့် ကျောက်စိမ်းများတင်ဆောင်လာသော စစ်ကောင်စီရေယာဉ်တန်းအား

ခြုံခိုတိုက်ခိုက်ရန် ဒေသခံတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက စောင့်နေခဲ့ကြသည်။

“အဲဒီညက ရိက္ခာတွေလာပို့တော့သူ့ကိုတွေ့လိုက်တယ်။


ဒီမစ်ရှင်ထဲသူ့တာဝန်မပါတော့ သူပြန်သွားတယ်ပဲထင်တာ။

မနက်လင်းမှ ကတုတ်ကျင်းလေးထဲကွေးကွေးလေး ပုန်းနေတာ၊ သူ့ကို ပြန်လွှတ်မှာဆိုးလို့။

သူကိုယ်တိုင်တိုက်ချင်လို့ အခွင့်တောင်းတာလည်း အကြိမ်ပေါင်းမနည်းတော့ဘူး။

အဲ့တော့ ကျွန်တော်လည်း ပြန်မလွှတ်ရက်တော့ဘူးပေါ့ဗျာ” ဟု အာဠာဝက ပြောက်ကျားအဖွဲ့ခေါင်းဆောင်က ပြောပြသည်။

ဒီဇင်ဘာလ ၁၈ ရက် နှင်းကွဲစ မနက်ခင်းအချိန် ပြောက်ကျားတပ်ဖွဲ့များ၏ ပစ်ကွင်းအတွင်းသို့

စစ်ကောင်စီ ကုန်တင်ရေယာဉ်တန်းများ (ဒေသအခေါ် ဖလက်ခွံများ) ရောက်ရှိလာသည်။

တော်လှန်ရေးသမားတို့က အားကုန်ပစ်ခတ်တိုက်ခိုက်ကြသလို စစ်ကောင်စီတပ်ကလည်း လက်နက်ငယ် လက်နက်ကြီး မျိုးစုံဖြင့် တရစပ်

ပြန်ပစ်သည်။


“ပေါက်ပေါက်ဖောက်သလိုပါပဲဗျာ၊ မနားတမ်းကို ပစ်ကြတာ။

လက်နက်ကြီးတွေကလည်း ကမ်းပါးပေါ်ကို အုံးကနဲ အုံးကနဲနဲ့

နောက်တော့ ကျွန်တော်တို့ နောက်ပြန်ဆုတ်ကြရတာပေါ့” ဟု ပြောက်ကျား ခေါင်းဆောင်က ပြောသည်။

စစ်ကောင်စီတပ်ကလည်း ပစ်အားနဲ့ဖိချိန် တပ်ဆုတ်ရာမှာ တော်လှန်ရေးတပ်ဖွဲ့များ လူစုကွဲသည်။

“လူတချို့ပြန်ဆုံကြတော့ ကိုယ့်အဖွဲ့ကသူတွေကိုပြန်စစ်ကြတာပေါ့။

အဲ့ကြမှ သူတစ်ယောက်မရှိဘူးဖြစ်နေတယ်။


အချို့ကတော့ အခြားအဖွဲ့နဲ့ပါသွားတယ်ဆိုပြီးပြောတယ်။

အဲ့ဒီအချိန်မှာပဲ နောက်တစ်ဖွဲ့ကခေါင်းဆောင်က ဒဏ်ရာရတဲ့သူတစ်ယောက်ရှိတယ်။

ခင်ဗျားတို့တက်ပြီးစွဲပေးပါဆိုပြီးပြောလာတယ် သူပြောတဲ့နေရာကို ကျွန်တော်တို့အဖွဲ့တွေ သွားရှာကြတာပေါ့”ဟု တိုက်ပွဲတွင်ပါဝင်သူတစ်

ဦးက ပြောသည်။

အကာအကွယ်မရှိသည့် နေကြာခင်းတစ်ခုတွင် လူတစ်ယောက်လဲနေသည်ကို တွေ့ကြရသည်။

အနားရောက်သည့်အခါ သေနတ်ဒဏ်ရာများဖြင့်လဲနေသူမှာ မင်းခန့်ကျော်ဖြစ်နေသည်။

အသက်မဲ့နေသောခန္ဓာကိုယ်၏ ညာဘက်ရင်အုံတွင် စနိုက်ပါဒဏ်ရာနှင့်

ညာဘက်နားရွက်နောက်တည့်တည့်မှ မြေကြီးသို့ ထုတ်ချင်းပေါက်နေသည့် ဒဏ်ရာများတွေ့ရသည်။

“ဒဏ်ရာရထားသူတစ်ယောက်ကို အနီးကပ်သေချာကို ကျည်ပြန်ဖြည့်ပြီးမှ ပစ်ထားတာဗျာ။

ကျည်ခွံတွေရော၊ ကျည်ဆန်ဗူး အခွန်တွေရော အဲ့ဒီအနားမှာတွေ့ရတယ်”ဟု ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်ကပြောသည်။

“သိပ်ကိုရက်စက်လွန်းပါတယ်ဗျာ။ ဒါတွေဟာ မင်းအောင်လှိုင်ကြောင့်ဖြစ်ရတာ။

ဒီလိုလူငယ်တွေ အများကြီးဆုံးရှုံးနေရတာ” သူကထပ်ပြောသည်။


ထိုတိုက်ပွဲတွင် အာဠာဝကပြောက်ကျားတပ်ဖွဲ့မှ အခြားရဲဘော် ငါးဦးလည်း ဒဏ်ရာရကြသည်။

ဒီဇင်ဘာလ ၁၉ ရက်နေ့ မနက်ခင်းတွင် ထောင်ဂဏန်းရှိသည့် လူအုပ်ကြီးမှ ရွာလယ်လမ်းအတိုင်း တရွေ့ရွေ့ချီတက်နေကြသည်။

မင်းခန့်ကျော်၏ နာရေးအား လိုက်ပါပို့ဆောင်နေကြခြင်းဖြစ်သည်။

ခေါင်းတလားအား အနက်ရောင် ဝမ်းဆက်ဝတ်ဆင်ထားသည့် လူငယ်ခြောက်ဦးက ထမ်းထားကြသည်။

ငြိမ်သက်ဝမ်းနည်းစွာလမ်းလျှောက်လာသည့် ထိုလူအုပ်ကြီးထဲတွင်

မင်းခန့်ကျော်၏မိခင်ဖြစ်သူမှ အော်ဟစ်ငိုကြွေးသံကို မှတ်တမ်းတင်ထားသော ဗီဒီယိုတွင်တွေ့ကြရသည်။

“သားရေ ငါ့သားလေးရေ အမေတို့ကို ထားခဲ့ပြီလား။


အမေတို့ဘယ်လိုနေရမှာလဲ ငါ့သားလေးရယ် အမေတို့ကိုတောင်နုတ်ဆက်မသွားပါလား”ဆိုသည့် သူ့အမေငိုသံက ရင်နင့်စရာဖြစ်သည်။

ရွာသုသာန်ရှိ အုတ်ဂူလေးအနီး ကုက္ကိုပင်အောက် လူထောင်နှင့်ချီသည့် ရဲဘော်များက အလေးပြုခဲ့ကြသည်။

“ပြည်သူ့အတွက်အသက်ပေးတိုက်ပွဲဝင်သွားသော ရဲဘော်မင်းခန့်ကျော်၊ သင်၏ သတ္တိနှင့်စိတ်ဓာတ်ကို ပြည်သူများနှင့်အတူ ကျွန်ုပ်တို့မှ

အလေးပြုပါသည်။

ရဲဘော်အတွက်သွေးကြွေးကို တော်လှန်ရေးမပြီးဆုံးမချင်း ကျွနုပ်တို့ပေးဆပ်ပါမည်ဟုကတိပြုပါသည်”ဟု

အနီရောင်အောက်ခံ ကြယ်ဖြူတစ်ပွင့်ပါသည့် အလံအောက်တွင် တပ်သားတစ်ဦးက အမိန့်ပြန်သည်။

“ကမ္ဘာမကျေဘူး ငါတို့သွေးနဲ့ရေးခဲ့ရတဲ့မော်ကွန်းတွေ…” သီချင်းသံက ဟိန်းညံလျက် သူ့အား ဂုဏ်ပြုတေးဆိုကြသည်။ .


အစ်ကိုဝမ်းကွဲတစ်ယောက်ကတော့ “ကျနော့်အနေနဲ့ကတော့ နောက်ဘဝများလူပြန်ဖြစ်ရင် ဒီလိုခေတ်ဆိုး စနစ်ဆိုကြီးနဲ့မကြုံပါစေနဲ့ ၊

သူလိုချင်တဲ့ ဒီမိုကရေစီရှိတဲ့နိုင်ငံမှာ လူပြန်ဖြစ်ပါစေလို့ဆုတောင်းပါတယ်။” ဟု ပြောသည်။

ချင်းတွင်းမြစ်ကြောင်းတွင် ကျောက်စိမ်းတင်သင်္ဘောများကို လုံခြုံရေးယူလိုက်ပါသော

အကြမ်းဖက် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားနေသည်မှာ

နှစ်လတာအထိကြာမြင့်လာပြီဖြစ်ပြီး တိုက်ပွဲပေါင်း ၃၀ ကျော်ရှိပြီဖြစ်သည်။

ပြင်းထန်းသည့် ထိုတိုက်ပွဲများတွင် စစ်ကောင်စီတပ်မှအသေများသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များတွင်လည်း ထိခိုက်ကျဆုံးမှု

များရှိခဲ့သည်။

ဝေယံမိုး (Mizzima)

Zawgyi

ေထာက္ပို႔သူရဲေကာင္း မင္းခန႔္ေက်ာ္

မင္းခန႔္ေက်ာ္ဟာ အသက္ငယ္ေသးေတာ့ ကာကြယ္ေရးတပ္ေတြက သူ႔ကိုတိုက္ပြဲထဲမေခၚၾကပါဘူး။

အဲဒီေတာ့ သူ႔တာဝန္က ရိကၡာေတြပို႔သည့္ ေထာက္ပို႔ လုပ္ကိုင္ရတာျဖစ္သည္။

အဲဒီေန႔ညကေတာ့ ေရွ႕တန္းကတုတ္က်င္းမွာ သူပုန္းခိုေနခဲ့ရာကေန တိုက္ပြဲျဖစ္ခ်ိန္မွာ

မေမၽွာ္လင့္ထားသည့္ အျဖစ္ဆိုးၾကဳံလိုက္ရသည္။


မင္းခန႔္ေက်ာ္ဟာ ဒႆမတန္းေျဖဆိုထားသည့္ လူငယ္တစ္ေယာက္ျဖစ္သည္။

က်ဘမ္းလုပ္ကိုင္စားေသာက္ၾကတဲ့ မိဘမ်ား၏ သားသမီးေလးေယာက္အနက္ သူက တတိယေျမာက္သားျဖစ္သည္။

ေႏြဦးေတာ္လွန္ေရး လက္နက္ကိုင္ တိုက္ပြဲမ်ားတြင္ စစ္ကိုင္းတိုင္းေဒသႀကီး ကနီနယ္သည္လည္း ေသြးရဲလွသည္။

ဒီဇင္ဘာ ၁၇ ရက္ေန႔ညက ဒီနယ္မွာ ညအပူခ်ိန္က ၁၄ ဒီဂရီအထိက်ဆင္းကာ ခ်မ္းေအးလွသည္။

ထိုေန႔ညကလည္း ခ်င္းတြင္းျမစ္ေၾကာင္းအတိုင္းစုန္ဆင္းလာသည့္ ေက်ာက္စိမ္းမ်ားတင္ေဆာင္လာေသာ စစ္ေကာင္

စီေရယာဥ္တန္းအားျခဳံခိုတိုက္ခိုက္ရန္ ေဒသခံေတာ္လွန္ေရးပူးေပါင္းတပ္ဖြဲ႕မ်ားက ေစာင့္ေနခဲ့ၾကသည္။

“အဲဒီညက ရိကၡာေတြလာပို႔ေတာ့သူ႔ကိုေတြ႕လိုက္တယ္။

ဒီမစ္ရွင္ထဲသူ႔တာဝန္မပါေတာ့ သူျပန္သြားတယ္ပဲထင္တာ။


မနက္လင္းမွ ကတုတ္က်င္းေလးထဲေကြးေကြးေလး ပုန္းေနတာ၊ သူ႔ကို ျပန္လႊတ္မွာဆိုးလို႔။

သူကိုယ္တိုင္တိုက္ခ်င္လို႔ အခြင့္ေတာင္းတာလည္း အႀကိမ္ေပါင္းမနည္းေတာ့ဘူး။

အဲ့ေတာ့ ကၽြန္ေတာ္လည္း ျပန္မလႊတ္ရက္ေတာ့ဘူးေပါ့ဗ်ာ” ဟု အာဠာဝက ေျပာက္က်ားအဖြဲ႕ေခါင္းေဆာင္က ေျပာျပသ

ည္။ဒီဇင္ဘာလ ၁၈ ရက္ ႏွင္းကြဲစ မနက္ခင္းအခ်ိန္ ေျပာက္က်ားတပ္ဖြဲ႕မ်ား၏ ပစ္ကြင္းအတြင္းသို႔

စစ္ေကာင္စီ ကုန္တင္ေရယာဥ္တန္းမ်ား (ေဒသအေခၚ ဖလက္ခြံမ်ား) ေရာက္ရွိလာသည္။

ေတာ္လွန္ေရးသမားတို႔က အားကုန္ပစ္ခတ္တိုက္ခိုက္ၾကသလို စစ္ေကာင္စီတပ္ကလည္း လက္နက္ငယ္ လက္နက္ႀကီး မ်ိဳးစုံျဖင့္ တရစပ္ ျ

ပန္ပစ္သည္။“ေပါက္ေပါက္ေဖာက္သလိုပါပဲဗ်ာ၊ မနားတမ္းကို ပစ္ၾကတာ။

လက္နက္ႀကီးေတြကလည္း ကမ္းပါးေပၚကို အုံးကနဲ အုံးကနဲနဲ႔

ေနာက္ေတာ့ ကၽြန္ေတာ္တို႔ ေနာက္ျပန္ဆုတ္ၾကရတာေပါ့” ဟု ေျပာက္က်ား ေခါင္းေဆာင္က ေျပာသည္။

စစ္ေကာင္စီတပ္ကလည္း ပစ္အားနဲ႔ဖိခ်ိန္ တပ္ဆုတ္ရာမွာ ေတာ္လွန္ေရးတပ္ဖြဲ႕မ်ား လူစုကြဲသည္။

“လူတခ်ိဳ႕ျပန္ဆုံၾကေတာ့ ကိုယ့္အဖြဲ႕ကသူေတြကိုျပန္စစ္ၾကတာေပါ့။

အဲ့ၾကမွ သူတစ္ေယာက္မရွိဘူးျဖစ္ေနတယ္။


အခ်ိဳ႕ကေတာ့ အျခားအဖြဲ႕နဲ႔ပါသြားတယ္ဆိုၿပီးေျပာတယ္။

အဲ့ဒီအခ်ိန္မွာပဲ ေနာက္တစ္ဖြဲ႕ကေခါင္းေဆာင္က ဒဏ္ရာရတဲ့သူတစ္ေယာက္ရွိတယ္။

ခင္ဗ်ားတို႔တက္ၿပီးစြဲေပးပါဆိုၿပီးေျပာလာတယ္ သူေျပာတဲ့ေနရာကို ကၽြန္ေတာ္တို႔အဖြဲ႕ေတြ သြားရွာၾကတာေပါ့”ဟု

တိုက္ပြဲတြင္ပါဝင္သူတစ္ဦးက ေျပာသည္။

အကာအကြယ္မရွိသည့္ ေနၾကာခင္းတစ္ခုတြင္ လူတစ္ေယာက္လဲေနသည္ကို ေတြ႕ၾကရသည္။

အနားေရာက္သည့္အခါ ေသနတ္ဒဏ္ရာမ်ားျဖင့္လဲေနသူမွာ မင္းခန႔္ေက်ာ္ျဖစ္ေနသည္။

အသက္မဲ့ေနေသာခႏၶာကိုယ္၏ ညာဘက္ရင္အုံတြင္ စနိုက္ပါဒဏ္ရာႏွင့္

ညာဘက္နားရြက္ေနာက္တည့္တည့္မွ ေျမႀကီးသို႔ ထုတ္ခ်င္းေပါက္ေနသည့္ ဒဏ္ရာမ်ားေတြ႕ရသည္။

“ဒဏ္ရာရထားသူတစ္ေယာက္ကို အနီးကပ္ေသခ်ာကို က်ည္ျပန္ျဖည့္ၿပီးမွ ပစ္ထားတာဗ်ာ။

က်ည္ခြံေတြေရာ၊ က်ည္ဆန္ဗူး အခြန္ေတြေရာ အဲ့ဒီအနားမွာေတြ႕ရတယ္”ဟု ေျပာက္က်ားတပ္ဖြဲ႕ေခါင္းေဆာင္ကေျပာသည္။

“သိပ္ကိုရက္စက္လြန္းပါတယ္ဗ်ာ။ ဒါေတြဟာ မင္းေအာင္လွိုင္ေၾကာင့္ျဖစ္ရတာ။


ဒီလိုလူငယ္ေတြ အမ်ားႀကီးဆုံးရႈံးေနရတာ” သူကထပ္ေျပာသည္။

ထိုတိုက္ပြဲတြင္ အာဠာဝကေျပာက္က်ားတပ္ဖြဲ႕မွ အျခားရဲေဘာ္ ငါးဦးလည္း ဒဏ္ရာရၾကသည္။

ဒီဇင္ဘာလ ၁၉ ရက္ေန႔ မနက္ခင္းတြင္ ေထာင္ဂဏန္းရွိသည့္ လူအုပ္ႀကီးမွ ရြာလယ္လမ္းအတိုင္း

တေရြ႕ေရြ႕ခ်ီတက္ေနၾကသည္။မင္းခန႔္ေက်ာ္၏ နာေရးအား လိုက္ပါပို႔ေဆာင္ေနၾကျခင္းျဖစ္သည္။

ေခါင္းတလားအား အနက္ေရာင္ ဝမ္းဆက္ဝတ္ဆင္ထားသည့္ လူငယ္ေျခာက္ဦးက ထမ္းထားၾကသည္။


ၿငိမ္သက္ဝမ္းနည္းစြာလမ္းေလၽွာက္လာသည့္ ထိုလူအုပ္ႀကီးထဲတြင္

မင္းခန႔္ေက်ာ္၏မိခင္ျဖစ္သူမွ ေအာ္ဟစ္ငိုေႂကြးသံကို မွတ္တမ္းတင္ထားေသာ ဗီဒီယိုတြင္ေတြ႕ၾကရသည္။

“သားေရ ငါ့သားေလးေရ အေမတို႔ကို ထားခဲ့ၿပီလား။

အေမတို႔ဘယ္လိုေနရမွာလဲ ငါ့သားေလးရယ္ အေမတို႔ကိုေတာင္ႏုတ္ဆက္မသြားပါလား”ဆိုသည့္ သူ႔အေမငိုသံက ရင္နင့္စရာျဖစ္သ

ည္။ရြာသုသာန္ရွိ အုတ္ဂူေလးအနီး ကုကၠိဳပင္ေအာက္ လူေထာင္ႏွင့္ခ်ီသည့္ ရဲေဘာ္မ်ားက အေလးျပဳခဲ့ၾကသည္။

“ျပည္သူ႔အတြက္အသက္ေပးတိုက္ပြဲဝင္သြားေသာ ရဲေဘာ္မင္းခန႔္ေက်ာ္၊ သင္၏ သတၱိႏွင့္စိတ္ဓာတ္ကို ျပည္သူမ်ားႏွင့္အတူ ကၽြန္ုပ္

တို႔မွ အေလးျပဳပါသည္။

ရဲေဘာ္အတြက္ေသြးေႂကြးကို ေတာ္လွန္ေရးမၿပီးဆုံးမခ်င္း ကၽြႏုပ္တို႔ေပးဆပ္ပါမည္ဟုကတိျပဳပါသည္”ဟု

အနီေရာင္ေအာက္ခံ ၾကယ္ျဖဴတစ္ပြင့္ပါသည့္ အလံေအာက္တြင္ တပ္သားတစ္ဦးက အမိန႔္ျပန္သည္။


“ကမၻာမေက်ဘူး ငါတို႔ေသြးနဲ႔ေရးခဲ့ရတဲ့ေမာ္ကြန္းေတြ…” သီခ်င္းသံက ဟိန္းညံလ်က္ သူ႔အား ဂုဏ္ျပဳေတးဆိုၾကသည္။ .

အစ္ကိုဝမ္းကြဲတစ္ေယာက္ကေတာ့ “က်ေနာ့္အေနနဲ႔ကေတာ့ ေနာက္ဘဝမ်ားလူျပန္ျဖစ္ရင္ ဒီလိုေခတ္ဆိုး စနစ္ဆိုႀကီးနဲ႔မၾကဳံပါေစနဲ႔ ၊

သူလိုခ်င္တဲ့ ဒီမိုကေရစီရွိတဲ့နိုင္ငံမွာ လူျပန္ျဖစ္ပါေစလို႔ဆုေတာင္းပါတယ္။” ဟု ေျပာသည္။

ခ်င္းတြင္းျမစ္ေၾကာင္းတြင္ ေက်ာက္စိမ္းတင္သေဘၤာမ်ားကို လုံျခဳံေရးယူလိုက္ပါေသာ

အၾကမ္းဖက္ စစ္ေကာင္စီတပ္မ်ားႏွင့္ ေတာ္လွန္ေရးတပ္မ်ား တိုက္ပြဲျဖစ္ပြားေနသည္မွာ

ႏွစ္လတာအထိၾကာျမင့္လာၿပီျဖစ္ၿပီး တိုက္ပြဲေပါင္း ၃၀ ေက်ာ္ရွိၿပီျဖစ္သည္။

ျပင္းထန္းသည့္ ထိုတိုက္ပြဲမ်ားတြင္ စစ္ေကာင္စီတပ္မွအေသမ်ားသလို ေဒသခံ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မ်ားတြင္လည္း ထိခိုက္က်

ဆုံးမႈမ်ားရွိခဲ့သည္။

ေဝယံမိုး (Mizzima)