ၾကားသိသမွ်

ဖားကန့်တွင် မြေစာပုံပြိုကျမှု ရေမဆေးကျောက်ရှာဖွေသူ လူရာချီ၍ ပျောက်ဆုံးနေ

ဖားကန့်တွင် မြေစာပုံပြိုကျမှု ရေမဆေးကျောက်ရှာဖွေသူ လူရာချီ၍ ပျောက်ဆုံးနေ

ရန်ကုန်၊ ဒီဇင်ဘာ ၂၂

ကချင်ပြည်နယ်၊ ဖားကန့်တွင် ယနေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက် ၃ နာရီဝန်းကျင် မြေစာပုံပြိုကျသဖြင့် ရေမဆေးကျောက်ရှာဖွေသူ ရာချီ

ပျောက်ဆုံးနေကြောင်း ဖားကန့်မြို့ခံများထံမှ သိရှိရသည်။

ဖားကန့်မြို့နယ်၊ သာယာကုန်းကျေးရွာအနီး ကုမ္ပဏီလုပ်ကွက်တွင် ရေမဆေးကျောက်ရှာဖွေသူများက ယနေ့ နံနက် ၃ နာရီဝန်းကျင်

ကျောက်ရှာဖွေနေစဉ် မြေစာပုံ ပြိုကျခြင်းဖြစ်ပြီး လူရာချီ၍ ပျောက်ဆုံးနေသဖြင့် ကယ်ဆယ်ရေးလုပ် ငန်းများ လုပ်ဆောင်နေကြောင်း မြို့ခံ

တစ်ဦးက ပြောသည်။


“သာယာကုန်းဘက်မှာ နှစ်ခြမ်းရှိတာ။ ပြိုတာက ကုမ္ပဏီဘက်က အခြမ်းက ပြိုသွားတာ ။ အခုအချိန်အထိ ဘယ်လောက်ပါသွားလဲမသိ

သေးဘူး။ ကုမ္ပဏီဘက်က မြေကို ဒီအတိုင်းပဲ တင်ထားတာ။ အဲဒါကို ရေမဆေး ကျောက် ဝင်ရှာတဲ့သူတွေက ဝင်ရှာကြတာ။ ကျင်းတူးတဲ့

အခြမ်းဘက်က မပါဘူး။ ရေမဆေးရှာတဲ့ဘက်က။ ကုမ္ပဏီက တူးထားပြီးသားကို လာရှာတဲ့ဘက်က ဖြစ်တာ။ အရေ အတွက်က များ

လောက်တယ်။ အတိအကျ မသိရသေးဘူး။ ဒါပေမယ့် ရေမဆေးရှာတဲ့သူက အဲလိုအချိန် ရှာတာ အရမ်းများတော့ ရာချီဖို့များတယ်” ဟု မြို့

ခံတစ်ဦးက ဆိုသည်။


ဒီဇင်ဘာလ ၁၉ ရက်နေ့ကလည်း ဖားကန့်တွင် မြေစာပုံပြိုကျသဖြင့် ကျောက်ရှာဖွေသူ ၁၀ ဦးဝန်းကျင် သေဆုံးခဲ့ကြောင်းသိရှိရသည်။

ဓာတ်ပုံ- ဒီဇင်ဘာလ ၁၉ ရက်နေ့ ဖားကန့်မြေစာပုံပြိုကျသဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေစဉ်။ (ပုံအဟောင်းဖြစ်သည်)

ဖားကန႔္တြင္ ေျမစာပုံၿပိဳက်မႈ ေရမေဆးေက်ာက္ရွာေဖြသူ လူရာခ်ီ၍ ေပ်ာက္ဆုံးေန

ရန္ကုန္၊ ဒီဇင္ဘာ ၂၂

ကခ်င္ျပည္နယ္၊ ဖားကန႔္တြင္ ယေန႔ ဒီဇင္ဘာလ ၂၂ ရက္ေန႔ နံနက္ ၃ နာရီဝန္းက်င္ ေျမစာပုံၿပိဳက်သျဖင့္ ေရမေဆးေက်ာက္

ရွာေဖြသူ ရာခ်ီ ေပ်ာက္ဆုံးေနေၾကာင္း ဖားကန႔္ၿမိဳ႕ခံမ်ားထံမွ သိရွိရသည္။

ဖားကန႔္ၿမိဳ႕နယ္၊ သာယာကုန္းေက်းရြာအနီး ကုမၸဏီလုပ္ကြက္တြင္ ေရမေဆးေက်ာက္ရွာေဖြသူမ်ားက ယေန႔ နံနက္ ၃ နာရီဝန္း

က်င္ ေက်ာက္ရွာေဖြေနစဥ္ ေျမစာပုံ ၿပိဳက်ျခင္းျဖစ္ၿပီး လူရာခ်ီ၍ ေပ်ာက္ဆုံးေနသျဖင့္ ကယ္ဆယ္ေရးလုပ္ ငန္းမ်ား လုပ္ေဆာ

င္ေနေၾကာင္း ၿမိဳ႕ခံတစ္ဦးက ေျပာသည္။


“သာယာကုန္းဘက္မွာ ႏွစ္ျခမ္းရွိတာ။ ၿပိဳတာက ကုမၸဏီဘက္က အျခမ္းက ၿပိဳသြားတာ ။ အခုအခ်ိန္အထိ ဘယ္ေလာက္ပါသြားလဲမ

သိေသးဘူး။ ကုမၸဏီဘက္က ေျမကို ဒီအတိုင္းပဲ တင္ထားတာ။ အဲဒါကို ေရမေဆး ေက်ာက္ ဝင္ရွာတဲ့သူေတြက ဝင္ရွာၾကတာ။ က်

င္းတူးတဲ့ အျခမ္းဘက္က မပါဘူး။ ေရမေဆးရွာတဲ့ဘက္က။ ကုမၸဏီက တူးထားၿပီးသားကို လာရွာတဲ့ဘက္က ျဖစ္တာ။ အေရ အတြက္က

မ်ားေလာက္တယ္။ အတိအက် မသိရေသးဘူး။ ဒါေပမယ့္ ေရမေဆးရွာတဲ့သူက အဲလိုအခ်ိန္ ရွာတာ အရမ္းမ်ားေတာ့ ရာခ်ီဖို႔မ်ားတ

ယ္” ဟု ၿမိဳ႕ခံတစ္ဦးက ဆိုသည္။


ဒီဇင္ဘာလ ၁၉ ရက္ေန႔ကလည္း ဖားကန႔္တြင္ ေျမစာပုံၿပိဳက်သျဖင့္ ေက်ာက္ရွာေဖြသူ ၁၀ ဦးဝန္းက်င္ ေသဆုံးခဲ့ေၾကာ

င္းသိရွိရသည္။

ဓာတ္ပုံ- ဒီဇင္ဘာလ ၁၉ ရက္ေန႔ ဖားကန႔္ေျမစာပုံၿပိဳက်သျဖင့္ ရွာေဖြကယ္ဆယ္ေရးလုပ္ေဆာင္ေနစဥ္။ (ပုံအေဟာင္းျဖစ္သည္)