ၾကားသိသမွ်

စစ်ခေါင်းဆောင်သည် “ထူးခြားသောလူသား” ဟု ပြောဆိုလိုက်တဲ့ ဂျပန်စီးပွားရေး လော်ဘီ နှင့် စစ်ကောင်စီတပ်ကို သင်တန်းပေးနေမှုကြောင့် သတိပေးခံလိုက်ရတဲ့ ဂျပန်

ဂျပန်နိုင်ငံအနေနဲ့ မြန်မာစစ်တပ်က ဗိုလ်လောင်းတွေကို ခေါ်ယူပြီး စစ်သင်တန်းပေးနေတာတွေရပ်ဖို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က ဒီနေ့ ဒီဇင်ဘာလ ၂၀ ရက်မှာ တောင်းဆိုလာပါတယ်။

ဂျပန်နိုင်ငံမှာ စစ်ပညာသင်နေတဲ့ မြန်မာစစ်ဗိုလ်လောင်း ၈ ယောက်ရှိပါတယ် ။ ဖေဖော်ဝါရီ အာဏာသိမ်းစဉ်က ဂျပန်နိုင်ငံဟာ မြန်မာအာဏာသိမ်းစစ်တပ်ကို အကူအညီတွေ ဖြတ်တောက်ခဲ့ပါတယ် ။

အဲဒီ ၈ ဦးဟာ စစ်မြေပြင်လေ့ကျင့်ခန်းနဲ့လက်နက် လေ့ကျင့်ခန်းတွေမှာ ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ မြန်မာစစ်တပ်ကို အကြမ်းဖက်မှု့တွေ ရပ်တန့်ဖို့ တောင်းဆိုခဲ့ပါတယ် ။ သို့ပေမယ့် စစ်ရေးလေ့ကျင့် သင်ကြားပေးနေတဲ့ အစီအစဉ်ကိုတော့ ဆက်လက်ထားရှိဆဲပါ ။

ဒါကို လူ့အခွင့်အရေးအဖွဲ့တွေက လုံးဝ မလုပ်သင့်တဲ့လုပ်ရပ်လို့ ပြောဆို အသိပေးလိုက်ကြတာပါ ။ ဂျပန်အနေနဲ့ ဒီ့ထက်ပိုတဲ့ အရေးယူမှုတွေနဲ့ မြန်မာအာဏာသိမ်းစစ်တပ်ကို တုံ့ပြန်ဖို့ တောင်းဆိုထားပါတယ် ။

“ မြန်မာစစ်တပ်ဟာ ပြည်သူတွေအပေါ်မှာ ရာဇဝတ်မှု့တွေ ကျုးလွန်နေတာကြောင့် ဂျပန်အနေနဲ့ မြန်မာဗိုလ်လောင်းတွေကို လေ့ကျင့်သင်ကြားပေးနေတာဟာ သိပ်ကို အံ့သြစရာပါ ” လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ ( HRW ) က ပြေားကြားထားပါတယ် ။

ဒီတောင်းဆိုချက်ကို ဂျပန်ကာကွယ်ရေးဌာနက ချက်ချင်း အဖြေမပေးသေးပါဘူး ။ ဒီသတင်းဟာ အမေရိကသတင်းဌာနတွေကနေ အရင်ဆုံးအသိပေးခဲ့တဲ့ သတင်းပါ ။

အာဏာသိမ်းမှု့နောက်ပိုင်းမှာ သြစတေးလျက မြန်မာစစ်တပ်နဲ့ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု့ အစီအစဉ်ကို ဆိုင်းငံ့ထားပါတယ် ။ နယူးဇီလန်ကတော့ စစ်ရေးနဲ့ပတ်သက်တဲ့ အဆင့်မြင့်ဆက်ဆံရေးအားလုံးကို မြန်မာစစ်တပ်နဲ့ မပတ်သက်ချင်တော့လို့ ဖြတ်တောက်လိုက်ပါတယ် ။

ဂျပန့်ကာကွယ်ရေးတပ်ဖွဲ့အက်ဥပဒေအရ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနပိုင်အဆောက်အအုံတွေမှာ ဝန်ကြီးထောက်ခံချက်နဲ့ ပြည်ပနိုင်ငံသားတွေကို သင်တန်းနဲ့ပညာရေးထောက်ပံ့တဲ့အစီအစဉ်အောက်ကနေ မြန်မာဗိုလ်လောင်းတွေကို လက်ခံနေတာ ၂၀၁၅ ခုနှစ်

ကတည်းက ဖြစ်တယ်လို့ ဝန်ကြီးဌာနအရာရှိတစ်ဦးက ဂျပန်လွှတ်တော် နိုင်ငံခြားရေးကော်မတီကြားနာမှုမှာ ဧပြီလလည်ပိုင်းကတည်းက ပြောထားပါတယ်။

အဲဒီအစဉ်ဟာ အရပ်သားအပြည့်အဝထိန်းချုပ်မှုအောက်က ဂျပန့်ကာကွယ်ရေးတပ်ဖွဲ့တွေ ဘယ်လိုလည်ပတ်စီမံလဲဆိုတာနဲ့ ဂျပန်နဲ့ပညာလာသင်တဲ့ကျောင်းသားတွေရဲ့နိုင်ငံတွေကြား နားလည်မှုနဲ့ယုံကြည်မှု တိုးလာစေဖို့ ရည်ရွယ်တယ်လို့ အဲဒီအချိန်က အဆိုပါအရာရှိကပြောထားသလို မြန်မာ့အခြေအနေကို အနီးကပ်စောင့်ကြည့်ပြီး ဒီအစီအစဥ်ကို ပြန်လည်သုံးသပ်မယ်လို့ ပြောဆိုထားပါတယ်။

တဖက်မှာလည်း ဂျပန် – မြန်မာအသင်း (JMA) ဥက္ကဋ္ဌ မစ္စတာ ဟိုက်ဒေယို ဝါတာနာဘေဆိုတဲ့ နိုင်ငံရေးသမားဟောင်း ဂျပန်စီးပွားရေး လော်ဘီက မြန်မာအာဏာသိမ်းမှုကို ထောက်ခံနေပြီး စစ်အာဏာသိမ်း ခေါင်းဆောင်သည် “ထူးခြားသောလူသား” ဖြစ်ကြောင်းပြောကာ သူ၏ “ဒီမိုကရေစီရေး အားထုတ်မှုများ”ကို ချီးကျူးလိုက်သည်။

ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနကဲ့သို့ပင် ဝါတာနာဘေနှင့် သူဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သော ဂျပန် – မြန်မာအသင်း (JMA) တို့ကလည်း တစုံတရာ ဝေဖန်ပြောကြားပေးရန် ငြင်းဆန်ကြသည်။

သူ၏ သဘောထားသည် JMA ကို ကမကထပြုသော ဂျပန်မှ အကြီးမားဆုံး ကုမ္ပဏီများအတွက်လည်း အကျပ်အတည်းကို ဖြစ်စေကြောင်း စီးပွားရေးလုပ်ငန်း ခေါင်းဆောင်များနှင့် တက်ကြွလှုပ်ရှားသူများက ပြောသည်။

JMA သည် သူတည်ထောင်ထားသည့် လော်ဘီအဖွဲ့နှင့် ဂျပန်တွင် မြန်မာရင်းနှီးမြှုပ်နှံမှုအတွက် သတင်းဖလှယ်သည့် အဖွဲ့ဖြစ်သည်။ ထို JMA အဖွဲ့ဝင်များသည် အခြားနိုင်ငံစုံ လုပ်ငန်းများကဲ့သို့ပင် ဝါတာနာဘေ ကူညီထူထောင်ခဲ့သော အထူးစီးပွားရေးဇုန် အပါအဝင် မြန်မာနိုင်ငံမှ ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများ ရုတ်သိမ်းရန် တက်ကြွလှုပ်ရှားသူများ၏ ဖိအားပေးခံနေရသည်။

သူ၏ပြောကြားချက်ကို ဆန့်ကျင်သည့် အိမ်ခြံမြေ စီမံခန့်ခွဲရေးလုပ်ငန်း XYMAX ကော်ပိုရေးရှင်းက မြန်မာ စစ်အာဏာသိမ်းမှုအပေါ် အသင်း၏ သဘောထားနှင့် ပတ်သက်ပြီး စိုးရိမ်ကြောင်း အသင်းအတွင်း အကြိမ်ပေါင်းများစွာ ပြောကြားခဲ့ကြောင်း သိရသည်။

“ ကျနော်တို့က စစ်အာဏာသိမ်းမှုကို လုံးဝမထောက်ခံဘဲ စစ်အာဏာသိမ်းမှုကို ထောက်ခံတယ်ဆိုတဲ့ စကားကို မထောက်ခံနိုင်ဘူး။ မြန်မာနဲ့ပတ်သက်လို့ ကျနော်တို့ သဘောထား မပြောင်းလဲဘူး ” ဟု XYMAX မှ နိုင်ငံတကာ စီးပွားရေး အမှုဆောင်တဦးဖြစ်သူ ရူဟိုင်း ရူဟဲအီ မိုရီက Reuters သတင်းဌာနသို့ ပြောသည်။

“ မြန်မာနိုင်ငံမှာ လှုပ်ရှားနေတဲ့ ဂျပန်ကော်ပိုရေးရှင်းကြီးတွေဟာ Watanabe လို လူတွေနဲ့ အလုပ်တွဲနေရတာ ကြာလွန်းနေပါပြီ။ သိပ်ကို နက်နဲလွန်းတာကြောင့် သူတို့ ဘယ်လိုရုန်းထွက်ရမှန်း မသိကြပါဘူး”လို့ JMA မူဝါဒကို စိန်ခေါ်ခဲ့တဲ့ Imamura အဖွဲ့က Reuters ကို ယခုနှစ်အစောပိုင်းမှာ ပြောပါတယ်။

ပြီးခဲ့တဲ့မေလတုန်း JMA အစည်းအဝေးမတိုင်မီ တစ်လအလိုတွင် ဝါတာနာဘေး၊ သူရဲ့သားနဲ့ အသင်းရဲ့ အထွေထွေ အတွင်းရေးမှူး Yusuke Watanabe က ဂျပန်အနေနဲ့အနောက်အုပ်စုရဲ့ မူဝါဒကို လိုက်နာမယ့်အစား မြန်မာစစ်အုပ်စုအတွက် ပေါင်းကူးတံတားတစ်စင်းသဖွယ်သာ ဆောင်ရွက်သင့်တယ်လို Diplomat သတင်းစာကြီးမှာ ရေးသားခဲ့ကြပါတယ်။

ဝါတာနာဘေးဟာ ၁၉၈၇ ခုနှစ်က စပြီး မြန်မာနိုင်ငံနဲ့ စီးပွားရေး ဆက်ဆံမှုအတွက် ဂျပန်နိုင်ငံရဲ့ထိပ်တန်း လမ်းပြအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ သူနဲ့ စစ်အုပ်စုထဲက အရာရှိတွေကြား ပုဂ္ဂိုလ်ရေး အဆက်အသွယ်တွေဟာ အခြားသံတမန်များထက်ပင် ပိုမိုနက်ရှိုင်းပါတယ်။

ပြီးခဲ့သည့် နို၀င်ဘာလအတွင်း မင်းအောင်လှိုင်စစ်အုပ်စုက ဝါတာနာဘေးကို အမေရိကန်သံတမန်ဟောင်း ဘီလ်ရစ်ချာဆန်၊ နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာကာဝါ တို့နဲ့အတူ လက်ခံတွေ့ဆုံခဲ့ပြီး စစ်အုပ်စုအတွက် မိတ်ဆွေကောင်းဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာ့အရေးကို စေတနာပါပါ ကူညီစောင့်ကြည့်နေသူတွေဟာ အရှေ့တစ်မျိုး နောက်တစ်မျိုးနဲ့ မြန်မာစစ်တပ်ကို စီးပွားရေးဆက်ဆံချင်နေတဲ့ နိုင်ငံအစိုးရနဲ့ အဖွဲ့အစည်းတွေကို မျက်နှာမလိုက်ပဲ သိသိသာသာ ဖော်ထုတ်လာပါပြီ ။

ဘလင်ကန်ရဲ့ အရှေ့တောင်အာရှ ခရီးစဉ်အပြီးမှာ အတူလိုက်ပါသွားတဲ့ သတင်းထောက်တွေဟာ မြန်မာ့အရေးမှာ ဘယ်နိုင်ငံက ဘယ်လို ၊ ဘယ်အဖွဲ့အစည်းမှာ ဘယ်သူက ဘယ်လိုဆိုတဲ့ အတွင်းသတင်းတွေကို ရသွားခဲ့ပုံရပါတယ် ။

ဒါ့ကြောင့်လည်း ဘလင်ကန်ပြန်ရောက်ချိန်မှာ အမေရိကန်သတင်းဌာနတွေ ၊ မြန်မာ့အရေးအတွက် လက်စောင်းထက်လာပါတယ် ။
တိုင်းပြည်ထဲက အခြေအနေကို နိုင်ငံတကာက သိနေတဲ့အတွက် စစ်ကောင်စီကို ဘယ်သူနဲ့မှ မပတ်သက်နိုင်အောင် စောင့်ကြည့်နေပါတယ် ။ ဒါဟာ သံတမန်နည်းလမ်းအရ လမ်းပိတ်ထားတာပါ ။

ပတ်သက်တဲ့သူက အပယ်ခံဖြစ်မယ်ဆိုတာ သိနေတဲ့အတွက် မြန်မာစစ်ကောင်စီနဲ့ပတ်သက်ဖို့မဖြစ်နိုင်ကြတော့ပါဘူး ။ ဒီရက်ပိုင်းမှာ တရုတ်သတင်းဌာနတွေကလည်း စစ်ကောင်စီအပေါ် ဝေဖန် အကြံပေးလာပါတယ်။

မြန်မာစစ်ကောင်စီကို ပြေးလမ်းပိတ်ဖို့ ဦးဆောင်နေတဲ့သူက အမေရိကန်ပါပဲ ။သူ့အနောက်မှာ စစ်ကောင်စီကို ပြေးလမ်းပိတ်ထားသူက EU ပါ ။ ဒီအတွက် အန်ကယ်လ်ဆမ် မျက်ထားညိုမှာကိုတော့ ထိုင်းနဲ့ ဂျပန်လည်း စဉ်းစားကြပါလိမ့်မယ် ။

BBC Burmese & Ba Gyi Aung (LA)