ၾကားသိသမွ်

အရာတော်မြို့နယ်အတွင်း ကျေးရွာများတွင် အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်နှိပ်စက်မှုများကြောင့် သီးနှံရိတ်သိမ်းရေး အခက်တွေ့နေ၍ ဆရာတော်များက စကစ ကို မေတ္တာ ရပ်ခံနေရ

အရာတော်မြို့နယ်အတွင်း ကျေးရွာများတွင် အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်နှိပ်စက်မှုများကြောင့် သီးနှံရိတ်သိမ်းရေး အခက်တွေ့

နေ၍ ဆရာတော်များက စကစ ကို မေတ္တာ ရပ်ခံနေရ

အာဏာသိမ်းစစ်တပ်မှ လက်နက် အင်အား လူအင်အားများဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်အတွင်းရှိ ကျေးရွာများတွင်

စစ်ကြောင်းထိုးကာ ဖမ်းဆီးနှိပ်စက်နေမှုများကြောင့် သီးနှံရိတ်သိမ်းချိန်ဖြစ်သော်လည်း တောင်သူများမှာ ထွက်ပြေးတိမ်းရှောင်နေရ

သည့်အတွက် တောင်သူများ ဘေးကင်းစွာ ရိတ်သိမ်းခွင့်ရရန် မဟာဂန္ဓာရုံနာယကချုပ်ဆရာတော် အပါဝင် ဆရာတော်ကြီးများက

ဒီဇင်ဘာလ(၂၁)ရက်နေ့ ရက်စွဲဖြင့် မေတ္တာရပ်ခံစာ ပေးပို့ထားရကြောင်း သိရသည်။

အရာတော်မြို့နယ်အတွင်း သလဲဘာရွာ၊ ကဲဘာကျေးရွာ၊ မင်းရွာ၊ အလယ်ရွာ၊ လက်ပံသာရွာ၊ စပါးတွင်းရွာ၊ ဆိပ်ဖူးကြီးရွာ၊ ဆင်တလည်ရွာ၊

ညောင်ခြေထောက်ရွာ၊ ငါးကင်ရွာ၊ သရက်ချိုရွာ၊ ကျောက်ကုန်းရွာ၊ ရွှေစည်းခုံရွာ နှင့် သာစည်ရွာတို့တွင် အာဏာသိမ်းစစ်တပ်မှ လက်နက်

နှင့်လူအင်အားများဖြင့် စစ်ကြောင်းထိုးပြီး ကျေးရွာအတွင်းရှိ အချို့နေအိမ်များကို NLD ထောက်ခံအားပေးသူ၏ နေအိမ် နှင့် PDF ၏

နေအိမ်များအဖြစ် သတ်မှတ်ကာ နေအိမ်အတွင်း ဝင်ရောက်ရှာဖွေ ဖျက်ဆီးသည့် အပြင် နေအိမ်များကို မီးရှို့ခြင်းများ လုပ်ဆောင်ကြောင်း

သိရသည်။


ယင်းအပြင် ဒေသခံ ပြည်သူများအား ဖမ်းဆီး ရိုက်နှက်စစ်ဆေးခြင်းများ ပြုလုပ်လေ့ရှိသည့်အတွက် ရွာခံတောင်သူများမှာ သီးနှံရိတ်သိမ်း

ချိန်တွင် မရိတ်သိမ်းရဘဲ ထွက်ပြေးတိမ်းရှောက်နေရခြင်းကြောင့် ယခုလို မေတ္တာရပ်ခံစာ ပေးပို့ရခြင်း ဖြစ်ကြောင်း သိရသည်။

Source; TNA

Zawgyi

အရာေတာ္ၿမိဳ႕နယ္အတြင္း ေက်းရြာမ်ားတြင္ အာဏာသိမ္းစစ္တပ္၏ အၾကမ္းဖက္ႏွိပ္စက္မႈမ်ားေၾကာင့္ သီးႏွံရိတ္သိမ္းေရး အခက္ေတြ႕ေန၍ ဆရာေတာ္မ်ားက စကစ ကို ေမတၱာ ရပ္ခံေနရ

အာဏာသိမ္းစစ္တပ္မွ လက္နက္ အင္အား လူအင္အားမ်ားျဖင့္ စစ္ကိုင္းတိုင္းေဒသႀကီး၊ အရာေတာ္ၿမိဳ႕နယ္အတြင္းရွိ ေက်းရြာမ်ားတြင္

စစ္ေၾကာင္းထိုးကာ ဖမ္းဆီးႏွိပ္စက္ေနမႈမ်ားေၾကာင့္ သီးႏွံရိတ္သိမ္းခ်ိန္ျဖစ္ေသာ္လည္း ေတာင္သူမ်ားမွာ ထြက္ေျပးတိ

မ္းေရွာင္ေနရသည့္အတြက္ ေတာင္သူမ်ား ေဘးကင္းစြာ ရိတ္သိမ္းခြင့္ရရန္ မဟာဂႏၶာ႐ုံနာယကခ်ဳပ္ဆရာေတာ္ အပါဝင္ ဆရာေ

တာ္ႀကီးမ်ားက ဒီဇင္ဘာလ(၂၁)ရက္ေန႔ ရက္စြဲျဖင့္ ေမတၱာရပ္ခံစာ ေပးပို႔ထားရေၾကာင္း သိရသည္။

အရာေတာ္ၿမိဳ႕နယ္အတြင္း သလဲဘာရြာ၊ ကဲဘာေက်းရြာ၊ မင္းရြာ၊ အလယ္ရြာ၊ လက္ပံသာရြာ၊ စပါးတြင္းရြာ၊ ဆိပ္ဖူးႀကီးရြာ၊ ဆင္တ

လည္ရြာ၊ ေညာင္ေျခေထာက္ရြာ၊ ငါးကင္ရြာ၊ သရက္ခ်ိဳရြာ၊ ေက်ာက္ကုန္းရြာ၊ ေရႊစည္းခုံရြာ ႏွင့္ သာစည္ရြာတို႔တြင္ အာဏာသိမ္း

စစ္တပ္မွ လက္နက္ႏွင့္လူအင္အားမ်ားျဖင့္ စစ္ေၾကာင္းထိုးၿပီး ေက်းရြာအတြင္းရွိ အခ်ိဳ႕ေနအိမ္မ်ားကို NLD ေထာက္ခံအားေပးသူ၏

ေနအိမ္ ႏွင့္ PDF ၏ ေနအိမ္မ်ားအျဖစ္ သတ္မွတ္ကာ ေနအိမ္အတြင္း ဝင္ေရာက္ရွာေဖြ ဖ်က္ဆီးသည့္ အျပင္ ေနအိမ္မ်ားကို မီးရွို႔ျခင္း

မ်ား လုပ္ေဆာင္ေၾကာင္း သိရသည္။

ယင္းအျပင္ ေဒသခံ ျပည္သူမ်ားအား ဖမ္းဆီး ရိုက္ႏွက္စစ္ေဆးျခင္းမ်ား ျပဳလုပ္ေလ့ရွိသည့္အတြက္ ရြာခံေတာင္သူမ်ားမွာ

သီးႏွံရိတ္သိမ္းခ်ိန္တြင္ မရိတ္သိမ္းရဘဲ ထြက္ေျပးတိမ္းေရွာက္ေနရျခင္းေၾကာင့္ ယခုလို ေမတၱာရပ္ခံစာ ေပးပို႔ရျခင္း ျဖ

စ္ေၾကာင္း သိရသည္။ Source; TNA