ၾကားသိသမွ်

နေပြည်တော် လက်ဖက်တောင်ရွာအနီး စစ်ကားနှစ်စီး မိုင်းခွဲတိုက်ခိုက်ခံရပြီး တစ်စီး ချောက်ထဲကျ၁၂ ဦး…

နေပြည်တော် လက်ဖက်တောင်ရွာအနီး စစ်ကားနှစ်စီး မိုင်းခွဲတိုက်ခိုက်ခံရပြီး စစ်သား ၁၂ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၁

နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၊ ပြည်ထောင်ကိုးကျေးရွာအုပ်စု၊လက်ဖက်တောင်ကျေးရွာအနီး စစ်ကားနှစ်စီးကို ဒီဇင်ဘာလ ၂၀ ရက်နေ့

တွင် နေပြည် တော် PDF က မိုင်းခွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၂ ဦး သေဆုံးကြောင်း နေပြည်တော်PDF က သတင်း

ထုတ်ပြန်သည်။


ဒီဇင်ဘာ ၂၀ နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်စစ်ဒေသခွဲ PDF တပ်ရင်း (၈၀၂)၊ တပ်ခွဲ(၅)က မိုင်းငါးလုံးဖြင့် ဆိပ်ဖူးတောင်ဖက်မှ လာ

သော စစ်ကား ၂ စီးကို တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်ကားတစ်စီး ချောက်ထဲကျကာ

စစ်သား ၁၂ ဦးထက်မနည်းသေဆုံးပြီး ငါးဦးဒဏ်ရာပြင်းထန်ကြောင်း NPTPDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကားတစ်စီး။

ေနျပည္ေတာ္ လက္ဖက္ေတာင္ရြာအနီး စစ္ကားႏွစ္စီး မိုင္းခြဲတိုက္ခိုက္ခံရၿပီး စစ္သား ၁၂ ဦးေသဆုံး

ရန္ကုန္၊ ဒီဇင္ဘာ ၂၁

ေနျပည္ေတာ္၊ ပ်ဥ္းမနားၿမိဳ႕နယ္၊ ျပည္ေထာင္ကိုးေက်းရြာအုပ္စု၊လက္ဖက္ေတာင္ေက်းရြာအနီး စစ္ကားႏွစ္စီးကို ဒီဇင္ဘာလ ၂၀ ရ

က္ေန႔တြင္ ေနျပည္ ေတာ္ PDF က မိုင္းခြဲ တိုက္ခိုက္ခဲ့ရာ စစ္ေကာင္စီတပ္သား ၁၂ ဦး ေသဆုံးေၾကာင္း ေနျပည္ေ

တာ္PDF က သတင္းထုတ္ျပန္သည္။

ဒီဇင္ဘာ ၂၀ နံနက္ ၁၁ နာရီခြဲတြင္ ေနျပည္ေတာ္စစ္ေဒသခြဲ PDF တပ္ရင္း (၈၀၂)၊ တပ္ခြဲ(၅)က မိုင္းငါးလုံးျဖင့္ ဆိပ္ဖူးေတာင္ဖက္မွ

လာေသာ စစ္ကား ၂ စီးကို တိုက္ခိုက္ခဲ့ေၾကာင္း၊ ယင္း တိုက္ခိုက္မႈေၾကာင့္ အၾကမ္းဖက္စစ္ေကာင္စီတပ္မွ စစ္ကားတစ္စီး ေခ်ာက္ထဲက်

ကာ စစ္သား ၁၂ ဦးထက္မနည္းေသဆုံးၿပီး ငါးဦးဒဏ္ရာျပင္းထန္ေၾကာင္း NPTPDF ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထား သည္။

ဓာတ္ပုံ- အၾကမ္းဖက္စစ္ေကာင္စီ၏ စစ္ကားတစ္စီး။