ၾကားသိသမွ်

မင်းကင်းတွင် စစ်ကောင်စီ စစ်ကား ၅စီးပါ ထောက်ပို့ ယာဉ်တန်း လမ်းတလျောက် မိုင်းဆွဲ တိုက်ခိုက်ခံရကာ စစ်သား ၆ဝ ထက်မနည်းသေဆုံး (ရုပ်/သံ)

မင်းကင်းတွင် စစ်ကောင်စီ စစ်ကား ၅စီးပါ ထောက်ပို့ ယာဉ်တန်း လမ်းတလျောက် မိုင်းဆွဲ တိုက်ခိုက်ခံရကာ စစ်သား ၆ဝ ထက်မနည်း

သေဆုံး (ရုပ်/သံ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၀

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ဆယ်ချောင်ရွာဒေသတွင် ဒီဇင်ဘာလ ၁၂ရက်နေ့မှ ၁၅ရက်နေ့ထိ အကြမ်းဖက် စစ်ကောင်စီ စစ်ကား ၅စီးပါ

ထောက်ပို့ယာဉ်တန်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ၄ရက်ကြာ လမ်းတလျောက် မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်

ကောင်စီ တပ်ဖွဲ့ဝင် ၆ဝထက်မနည်းသေဆုံးကြောင်း ရွှေတြိဂံတပ်ရင်းမှ ဗိုလ်မင်းခေါင်က ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

” စစ်ခွေးတွေ ထောက်ပို့သွားတဲ့ လမ်းတလျောက် ကျွန်တော်တို့ PDF မဟာမိတ်အဖွဲ့တွေနဲ့ မိုင်းဆွဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တာ

ပေါ့။ လမ်းတလျောက် တိုက်တာဆိုတော့ စစ်ခွေးတွေ တော်တော်အထိနားပြီး ၄ရက်လောက်ကြာသွားတာပေါ့။ စစ်ခွေး ကား ၃စီးလည်း

မိုင်းထိ ပျက်စီးတယ်။ ၆ဝလောက်လည်း သေတယ်” ဟု ရွှေတြိဂံတပ်ရင်းမှ ဗိုလ်မင်းခေါင်က ပြောဆိုသည်။

အဆိုပါ ၄ရက်တာ တိုက်ပွဲတွင် မင်းကင်းမြို့နယ် ကြာပင်ရွာက စစ်ကောင်စီ တပ်ဖွဲ့များမှ ဆယ်ရွာချောင်ဒေသ stationကုန်းသို့ စစ်

ကောင်စီ တပ်ဖွဲ့ဝင် ၁၅ဝ ကျော်ခန့်ဖြင့့်ထောက်ပို့သွားသော စစ်ကား ၅စီးကို KPDF2 ဗိုလ်မီးခဲအဖွဲ့၊ Eagle ပျောက်ကြားတပ်ဖွဲ့ နှင်ရွှေ

တြိဂံတပ်ရင်းတို့က လမ်းကြောင်း တလျောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းများ လုပ်ဆောင်ခဲ့ခြင်းကြောင့် စစ်ကား ၃စီး မိုင်းထိ ပျက်ဆီးကာ

စစ်သား ၆ဝထက်မနည်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မင္းကင္းတြင္ စစ္ေကာင္စီ စစ္ကား ၅စီးပါ ေထာက္ပို႔ ယာဥ္တန္း လမ္းတေလ်ာက္ မိုင္းဆြဲ တိုက္ခိုက္ခံရကာ စစ္သား ၆ဝ ထက္မနည္းေသဆုံး (႐ုပ္/သံ)

ရန္ကုန္၊ ဒီဇင္ဘာ ၂၀

စစ္ကိုင္းတိုင္း မင္းကင္းၿမိဳ႕နယ္ ဆယ္ေခ်ာင္ရြာေဒသတြင္ ဒီဇင္ဘာလ ၁၂ရက္ေန႔မွ ၁၅ရက္ေန႔ထိ အၾကမ္းဖက္ စစ္ေကာင္စီ

စစ္ကား ၅စီးပါ ေထာက္ပို႔ယာဥ္တန္းကို ေဒသခံ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မ်ားက ၄ရက္ၾကာ လမ္းတေလ်ာက္ မိုင္းဆြဲ တိုက္ခိုက္

ခဲ့ျခင္းေၾကာင့္ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္ ၆ဝထက္မနည္းေသဆုံးေၾကာင္း ေရႊႀတိဂံတပ္ရင္းမွ ဗိုလ္မင္းေခါင္က ရန္ကုန္ေခ

တ္သစ္ မီဒီယာကို ေျပာဆိုသည္။

” စစ္ေခြးေတြ ေထာက္ပို႔သြားတဲ့ လမ္းတေလ်ာက္ ကၽြန္ေတာ္တို႔ PDF မဟာမိတ္အဖြဲ႕ေတြနဲ႔ မိုင္းဆြဲတိုက္ခိုက္တာေတြ လု

ပ္ေဆာင္ခဲ့တာေပါ့။ လမ္းတေလ်ာက္ တိုက္တာဆိုေတာ့ စစ္ေခြးေတြ ေတာ္ေတာ္အထိနားၿပီး ၄ရက္ေလာက္ၾကာသြား

တာေပါ့။ စစ္ေခြး ကား ၃စီးလည္း မိုင္းထိ ပ်က္စီးတယ္။ ၆ဝေလာက္လည္း ေသတယ္” ဟု ေရႊႀတိဂံတပ္ရင္းမွ ဗိုလ္မင္းေခါင္က ေျပာဆိုသည္။

အဆိုပါ ၄ရက္တာ တိုက္ပြဲတြင္ မင္းကင္းၿမိဳ႕နယ္ ၾကာပင္ရြာက စစ္ေကာင္စီ တပ္ဖြဲ႕မ်ားမွ ဆယ္ရြာေခ်ာင္ေဒသ stationကုန္းသို႔ စ

စ္ေကာင္စီ တပ္ဖြဲ႕ဝင္ ၁၅ဝ ေက်ာ္ခန႔္ျဖင့့္ေထာက္ပို႔သြားေသာ စစ္ကား ၅စီးကို KPDF2 ဗိုလ္မီးခဲအဖြဲ႕၊ Eagle ေပ်ာက္ၾကားတပ္

ဖြဲ႕ ႏွင္ေရႊႀတိဂံတပ္ရင္းတို႔က လမ္းေၾကာင္း တေလ်ာက္ မိုင္းဆြဲတိုက္ခိုက္ခဲ့ျခင္းမ်ား လုပ္ေဆာင္ခဲ့ျခင္းေၾကာင့္

စစ္ကား ၃စီး မိုင္းထိ ပ်က္ဆီးကာ စစ္သား ၆ဝထက္မနည္း ေသဆုံးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။