ၾကားသိသမွ်

ရေဦးမြို့နယ်အတွင်းရှိ PDF စခန်းတစ်ခုကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်(ရုပ်သံ)

ရေဦးမြို့နယ်အတွင်းရှိ PDF စခန်းတစ်ခုကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်

ရေဦး – ဒီဇင်ဘာ ၂၀၊ ၂၀၂၁။

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်ရှိ PDF စခန်းတစ်ခုကို စစ်ကောင်စီတပ်များက ယနေ့မွန်းလွှဲ ၁ နာရီခန့်က ရဟတ်ယာဉ်ဖြင့်လာရောက် ပစ်ခတ်

တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နမခ) မှ ‌ရဟတ်ယာဉ်လေးစီးဖြင့် နာရီဝက်ခန့်ကြာ လာရောက်ပစ်ခတ်ခဲခြင်းဖြစ်သည်ဟု ခိုင်လုံ

သည့် သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“နေရာပေါက်သွားလို့ ဖြစ်မယ်။ နမခ ကနေလာပစ်တာ။ ခုထိတော့ တစ်စီးက ဝဲနေတုန်းဘဲ။ နှစ်စီးကတော့ ရေဦးမြို့နားက ပန်းကုန်းရွာနား

ကို ဆင်းတယ်။ တစ်စီးက ပြန်သွားတာ ဖြစ်မယ်။” ဟုသူကပြောသည်။

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် အထိအခိုက် အကျအရှုံး မည်မျှရှိသည်ကို The 74 Media ကဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေသည့် စစ်ကိုင်းတိုင်းအတွင်းရှိ လူဦးရေ ၁၁၂၂၉၀ ဦးခန့်‌ေနထိုင်သည့် ရေဦးမြို့နယ်တွင် ဒီဇင်ဘာ ၁၃

ရက်နေ့ကလည်း ရေဦးမြို့မ ရဲစခန်း ဗုံးခွဲတိုက်ခိုက်ခံခဲ့ရသည်။

Video credit : တန့်ဆည်စွန်ရဲ

Zawgyi

ေရဦးၿမိဳ႕နယ္အတြင္းရွိ PDF စခန္းတစ္ခုကို စစ္ေကာင္စီတပ္က ရဟတ္ယာဥ္ျဖင့္ တိုက္ခိုက္

ေရဦး – ဒီဇင္ဘာ ၂၀၊ ၂၀၂၁။

စစ္ကိုင္းတိုင္း ေရဦးၿမိဳ႕နယ္ရွိ PDF စခန္းတစ္ခုကို စစ္ေကာင္စီတပ္မ်ားက ယေန႔မြန္းလႊဲ ၁ နာရီခန႔္က ရဟတ္ယာဥ္ျဖင့္လာေရာက္ ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။

အေနာက္ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္(နမခ) မွ ‌ရဟတ္ယာဥ္ေလးစီးျဖင့္ နာရီဝက္ခန႔္ၾကာ လာေရာက္ပစ္ခတ္ခဲျခင္းျဖစ္သည္ဟု ခိုင္လုံသည့္ သတင္းရင္းျမစ္တစ္ဦးက The 74 Media ကိုေျပာသည္။

“ေနရာေပါက္သြားလို႔ ျဖစ္မယ္။ နမခ ကေနလာပစ္တာ။ ခုထိေတာ့ တစ္စီးက ဝဲေနတုန္းဘဲ။ ႏွစ္စီးကေတာ့ ေရဦးၿမိဳ႕နားက ပန္းကုန္းရြာနားကို ဆင္းတယ္။ တစ္စီးက ျပန္သြားတာ ျဖစ္မယ္။” ဟုသူကေျပာသည္။

စစ္ေကာင္စီတပ္၏ ပစ္ခတ္မႈေၾကာင့္ အထိအခိုက္ အက်အရႈံး မည္မၽွရွိသည္ကို The 74 Media ကဆက္လက္စုံစမ္းေနဆဲ ျဖစ္သည္။

တိုက္ပြဲမ်ားျပင္းထန္စြာျဖစ္ပြားေနသည့္ စစ္ကိုင္းတိုင္းအတြင္းရွိ လူဦးေရ ၁၁၂၂၉၀ ဦးခန႔္‌ေနထိုင္သည့္ ေရဦးၿမိဳ႕နယ္တြင္ ဒီဇင္ဘာ ၁၃ ရက္ေန႔ကလည္း ေရဦးၿမိဳ႕မ ရဲစခန္း ဗုံးခြဲတိုက္ခိုက္ခံခဲ့ရသည္။

Video credit : တန႔္ဆည္စြန္ရဲ