ၾကားသိသမွ်

ကရင်ပြည်နယ်က တိုက်ပွဲတွေကို အဓိက ကွပ်ကဲနေတဲ့ စစ်ကောင်စီ ဒု ဗိုလ်ချုပ်ကြီး ဆိုတာ ဘယ်သူလဲ

အမြောက်တွေတင်ဆောင်လာတဲ့ စစ်ကားနှစ်စီးအပါအဝင် စစ်ကောင်စီကား ၁၆ စီးဟာ အိန္ဒု ကော့ကရိတ်အာရှလမ်းအတိုင်း ရောက်ရှိလာ

ပြီး ဒီမနက်အစောမှာ လွန်းညရွာကို ရောက်ရှိခဲ့ကြောင်း သတင်းတွေမှာ ဖော်ပြထားချက်အရ သိရပါတယ်။

လွန်းညရွာက ဘားအံမြို့အထွက်ရွာဖြစ်ပြီးတော့ ကားတွေက လေးကေကော်ကိုဦးတည်သွားနေတာဖြစ်တယ်လို့ ဆိုပါတယ်။

ခန့်မှန်းခြေ အင်အား ၇၀ ခန့်ရှိပြီးတော့ အိန္ဒု ကော့ကရိတ်အာရှလမ်းအတိုင်းတက်သွားနေ တယ်လို့ လူထုနွေဦးသတင်းမှာ ဖော်ပြထားချက်

အရ သိရပါတယ်။


ကော့ကရိတ်မှာ ပစ်ခတ်သံတွေအခုမနက် ၈ နာရီကျော်ကျော်လောက်မှာ စကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ကရင်ပြည်နယ်ကို အင်တာနက်လက်ဖြတ်တောက်မယ့်သတင်းတွေလည်းထွက်ပေါ်နေတယ်လို့လည်းသိရပါတယ်။

လေကေကော်ကနေစတင်ခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်တွေအကျအဆုံးများတဲ့သတင်းတွေဆက်တိုက်တက်လာနေပြီးတော့

အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှာ အမှတ် ၄ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုးကိုယ်တိုင် လာရောက်ကွပ်ကဲနေတာ

ဖြစ်တယ်လို့ သိရပါတယ်။


အရင် ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်က ပြည်ထဲရေး ဒုဝန်ကြီးဖြစ်ခဲ့ဖူးသူ ဒု ဗိုလ်ချုပ်ကြီး အောင်စိုးဟာ လက်ရှိအချိန်မှာ

တိုက်ပွဲပြင်းထန်နေတဲ့ ကရင်ပြည်နယ်က တိုက်ပွဲတွေကို ကွပ်ကဲနေတဲ့ ကစထမှူး ဖြစ်နေပါပြီ။

ဒုတိယ ဗိုလ်ချုပ်ကြီး အောင်စိုးမှာ စစ်တက္ကသိုလ် အပတ်စဉ် ၂၆ ဆင်း၊ တပ်မ ၃၃ တပ်မမှူး၊ အရှေ့ မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး

တာဝန်ယူခဲ့သူ တဦးဖြစ်ပြီး၊ သမ္မတဦးသိန်းစိန် အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)

အစိုးရ ၂ရပ်လုံး၏ လက်ထက်တွင် ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး အဖြစ် တာဝန်ယူခဲ့သူဖြစ် သည်။


အမှတ် (၄) စစ်ဆင်ရေးအထူးအဖွဲ့ အောက်မှာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့ ပါဝင်ပြီး ဒီဒေသတွေအားလုံးရဲ့ အချုပ်က

ဒုဗိုလ်ချုပ်ကြီး အောင်စိုးပါပဲ။ လက်ရှိ လေးကေ့ကော်၊ မဲထော်သလေး စတဲ့ ဒေသတွေမှာ တိုက်နေတဲ့ စစ်ကောင်စီတပ်တွေကို အဓိက ညွှန်

ကြားပဲ့ကိုင်နေသူဖြစ်ပါတယ်။


ဒုဗိုလ်ချုပ်ကြီး အောင်စိုးဟာ ရခိုင်ပြည်နယ်မှာ ၂၀၁၆၊ ၂၀၁၇ အာဆာတိုက်ခိုက်မှု ဖြစ်စဉ်တွေတုန်းက မောင်တောထိ ကိုယ်တိုင်

သွားရောက် ကိုင်တွယ်ခဲ့ဖူးပါတယ်။

သူဟာ တပ်မတော်အတွင်းမှာ နာမည်ကောင်းရှိသူတစ်ဦးလည်း ဖြစ်ပါတယ်။ ပြည်ထဲရေး ဒုဝန်ကြီးရာထူးကနေ ဖယ်ရှားခံရပြီး ၂၀၁၈ ခုနှစ်

ဇွန်လမှာ စစ်ရေးချုပ် ဖြစ်လာခဲ့တာပါ။


အရပ်ဖက် အစိုးရနဲ့ ဆက်ဆံရေး ပြေလည်လို့ ပြည်ထဲရေး ဒုဝန်ကြီး ရာထူးကနေ ဖယ်ရှားခံရပြီး စစ်ရုံးဘက်ကို ပြောင်းရွှေ့ခံလိုက်ရတယ်လို့

လည်း သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။​

ဒါ့အပြင် သူ့ရဲ့ စီနီယာဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေကိုလည်း ပြည်ထဲရေးဝန်ကြီးရာထူးကနေ ၂၀၂၀ ဖေဖော်ဝါရီတုန်းက မင်း

အောင်လှိုင်က ဖယ်ရှားခဲ့ပါသေးတယ်။ Credit; LM

အေျမာက္ေတြတင္ေဆာင္လာတဲ့ စစ္ကားႏွစ္စီးအပါအဝင္ စစ္ေကာင္စီကား ၁၆ စီးဟာ အိႏၵဳ ေကာ့ကရိတ္အာရွလမ္းအတိုင္း ေရာက္ရွိလာၿပီး ဒီမနက္အေစာမွာ လြန္းညရြာကို ေရာက္ရွိခဲ့ေၾကာင္း သတင္းေတြမွာ ေဖာ္ျပထားခ်က္အရ သိရပါတယ္။

လြန္းညရြာက ဘားအံၿမိဳ႕အထြက္ရြာျဖစ္ၿပီးေတာ့ ကားေတြက ေလးေကေကာ္ကိုဦးတည္သြားေနတာျဖစ္တယ္လို႔ ဆိုပါတယ္။

ခန႔္မွန္းေၿခ အင္အား ၇၀ ခန႔္ရွိၿပီးေတာ့ အိႏၵဳ ေကာ့ကရိတ္အာရွလမ္းအတိုင္းတက္သြားေန တယ္လို႔ လူထုေႏြဦးသတင္းမွာ ေဖာ္ျပထားခ်က္အရ သိရပါတယ္။

ေကာ့ကရိတ္မွာ ပစ္ခတ္သံေတြအခုမနက္ ၈ နာရီေက်ာ္ေက်ာ္ေလာက္မွာ စၾကားေနရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။
ဒါ့အျပင္ ကရင္ျပည္နယ္ကို အင္တာနက္လက္ျဖတ္ေတာက္မယ့္သတင္းေတြလည္းထြက္ေပၚေနတယ္လို႔လည္းသိရပါတယ္။

ေလေကေကာ္ကေနစတင္ခဲ့တဲ့ တိုက္ပြဲေတြမွာ စစ္ေကာင္စီတပ္ေတြအက်အဆုံးမ်ားတဲ့သတင္းေတြဆက္တိုက္တက္လာေနၿပီးေတာ့ အေရွ႕ေတာင္တိုင္းစစ္ဌာနခ်ဳပ္မွာ အမွတ္ ၄ စစ္ဆင္ေရးအထူးအဖြဲ႕မႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေအာင္စိုးကိုယ္တိုင္ လာေရာက္ကြပ္ကဲေနတာျဖစ္တယ္လို႔ သိရပါတယ္။

အရင္ ေဒၚေအာင္ဆန္းစုၾကည္ အစိုးရလက္ထက္က ျပည္ထဲေရး ဒုဝန္ႀကီးျဖစ္ခဲ့ဖူးသူ ဒု ဗိုလ္ခ်ဳပ္ႀကီး ေအာင္စိုးဟာ လက္ရွိအခ်ိန္မွာ တိုက္ပြဲျပင္းထန္ေနတဲ့ ကရင္ျပည္နယ္က တိုက္ပြဲေတြကို ကြပ္ကဲေနတဲ့ ကစထမႉး ျဖစ္ေနပါၿပီ။

ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ေအာင္စိုးမွာ စစ္တကၠသိုလ္ အပတ္စဥ္ ၂၆ ဆင္း၊ တပ္မ ၃၃ တပ္မမႉး၊ အေရွ႕ ေျမာက္တိုင္း စစ္ဌာနခ်ဳပ္ တိုင္းမႉး တာဝန္ယူခဲ့သူ တဦးျဖစ္ၿပီး၊ သမၼတဦးသိန္းစိန္ အစိုးရႏွင့္ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္သည့္ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) အစိုးရ ၂ရပ္လုံး၏ လက္ထက္တြင္ ျပည္ထဲေရးဝန္ႀကီးဌာန ဒုဝန္ႀကီး အျဖစ္ တာဝန္ယူခဲ့သူျဖစ္ သည္။

အမွတ္ (၄) စစ္ဆင္ေရးအထူးအဖြဲ႕ ေအာက္မွာ ကရင္ျပည္နယ္၊ မြန္ျပည္နယ္နဲ႔ တနသၤာရီတိုင္းတို႔ ပါဝင္ၿပီး ဒီေဒသေတြအားလုံးရဲ့ အခ်ဳပ္က ဒုဗိုလ္ခ်ဳပ္ႀကီး ေအာင္စိုးပါပဲ။

လက္ရွိ ေလးေက့ေကာ္၊ မဲေထာ္သေလး စတဲ့ ေဒသေတြမွာ တိုက္ေနတဲ့ စစ္ေကာင္စီတပ္ေတြကို အဓိက ညႊန္ၾကားပဲ့ကိုင္ေနသူျဖစ္ပါတယ္။

ဒုဗိုလ္ခ်ဳပ္ႀကီး ေအာင္စိုးဟာ ရခိုင္ျပည္နယ္မွာ ၂၀၁၆၊ ၂၀၁၇ အာဆာတိုက္ခိုက္မႈ ျဖစ္စဥ္ေတြတုန္းက ေမာင္ေတာထိ ကိုယ္တိုင္သြားေရာက္ ကိုင္တြယ္ခဲ့ဖူးပါတယ္။

သူဟာ တပ္မေတာ္အတြင္းမွာ နာမည္ေကာင္းရွိသူတစ္ဦးလည္း ျဖစ္ပါတယ္။ ျပည္ထဲေရး ဒုဝန္ႀကီးရာထူးကေန ဖယ္ရွားခံရၿပီး ၂၀၁၈ ခုႏွစ္ ဇြန္လမွာ စစ္ေရးခ်ဳပ္ ျဖစ္လာခဲ့တာပါ။

အရပ္ဖက္ အစိုးရနဲ႔ ဆက္ဆံေရး ေျပလည္လို႔ ျပည္ထဲေရး ဒုဝန္ႀကီး ရာထူးကေန ဖယ္ရွားခံရၿပီး စစ္႐ုံးဘက္ကို ေျပာင္းေရႊ႕ခံလိုက္ရတယ္လို႔လည္း သတင္းေတြ ထြက္ေပၚခဲ့ဖူးပါတယ္။​

ဒါ့အျပင္ သူ႔ရဲ့ စီနီယာျဖစ္တဲ့ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြကိုလည္း ျပည္ထဲေရးဝန္ႀကီးရာထူးကေန ၂၀၂၀ ေဖေဖာ္ဝါရီတုန္းက မင္းေအာင္လွိုင္က ဖယ္ရွားခဲ့ပါေသးတယ္။ Credit; LM